ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။
ဗျာဒိတ် 2:9 - Common Language Bible သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။- Garrad Bible စိတ် ချမ်း သာ လျက် ပင် သင် ခံ ရ သော ဆင်း ရဲ ဒု က္ခ ကို လည်း ကောင်း၊ ယု ဒ လူ မျိုး မ ဟုတ် ဘဲ ဟုတ် သည် ဟု ကိုယ် ကို ခေါ် ကြ သော စာ တန်၏ အ သင်း သား တို့ ကဲ့ ရဲ့ ပြစ် တင် ခြင်း ကို လည်း ကောင်း ငါ သိ ၏။ Judson Bible သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်ဝပြည့်စုံခြင်း ရှိ၏။ ယုဒလူဖြစ်ယောင်ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းတို့ကို ငါသိ၏။ အမှန်မှာ သင်သည် ချမ်းသာ၏။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့ထံမှ သင်ခံရသောစော်ကားပြောဆိုခြင်းကိုလည်း ငါသိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။ |
ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။
``မိမိအတွက်ဘဏ္ဍာသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်တွင်ဆင်းရဲသော သူကား အဆိုပါသူဌေးနှင့်တူသတည်း'' ဟုမိန့်တော်မူ၏။
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
သခင်ယေရှုသည်တပည့်တော်တို့ကို ကြည့်တော်မူပြီးလျှင် ``ဆင်းရဲသူတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏နိုင်ငံ ဖြစ်၏။
သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''
သင်တို့၌မျှော်လင့်ချက်ရှိသောကြောင့်ဝမ်း မြောက်ရွှင်လန်းကြလော့။ ဆင်းရဲဒုက္ခခံရ သောအခါသည်းခံကြလော့။ မပြတ်မလပ် ဆုတောင်းပတ္ထနာပြုကြလော့။-
သို့ရာတွင်အချင်းမိတ်ဆွေ၊ သင်သည်မိမိကိုယ် ကိုယုဒအမျိုးသားဖြစ်သည်ဟုဆိုကာ ပညတ် တရားကိုအားကိုးလျက်ဘုရားသခင်အကြောင်း ကိုကြွားဝါ၏။-
ဆင်းရဲဒုက္ခများအတွက်လည်းငါတို့ဝါကြွား ဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည်ခံနိုင် ရည်ကိုလည်းကောင်း၊-
သို့ဖြစ်၍အဘယ်သူသည်ငါတို့အားခရစ် တော်၏မေတ္တာတော်နှင့်ကွဲကွာစေနိုင်မည်နည်း။ ဒုက္ခရောက်ခြင်း၊ ကျဉ်းကျပ်ခြင်း၊ အညှဉ်းပန်း ခံရခြင်း၊ ငတ်မွတ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်နှင့်တွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း တို့သည်ကိုယ်တော်၏မေတ္တာတော်နှင့်ငါတို့ကို ကွဲကွာစေနိုင်မည်လော။
ဘုရားသခင်၏ကတိတော်အတိုင်းအကောင် အထည်မပေါ်ဟုငါမဆိုလို။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏လူစုတော်တွင် ဣသရေလအမျိုးသားအားလုံးမပါဝင် သောကြောင့်ဖြစ်၏။-
ဝမ်းနည်းရသော်လည်းအစဉ်ဝမ်းမြောက်ကြ ၏။ သူဆင်းရဲများကဲ့သို့ဖြစ်သော်လည်းလူ အမြောက်အမြားကိုချမ်းသာကြွယ်ဝစေ ကြ၏။ ပစ္စည်းဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင် သူများကဲ့သို့ဖြစ်သော်လည်းအလုံးစုံတို့ ကိုပိုင်ကြ၏။
ထိုအသင်းတော်တို့သည်ဆင်းရဲဒုက္ခများကို အလူးအလဲခံခဲ့ရကြ၏။ သို့သော်လည်း လွန်စွာရွှင်လန်းဝမ်းမြောက်လျက်ပင်ရှိရကား သူတို့သည်အလွန်ဆင်းရဲကြသော်လည်း ပေးကမ်းစွန့်ကြဲမှုတွင်အတိုင်းထက်အလွန် ရက်ရောကြ၏။-
သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
သင်တို့နှင့်အတူရှိစဉ်အခါကညှဉ်းပန်း ခြင်းခံရမည်ကို ငါတို့သတိပေးခဲ့ပြီး ဖြစ်သည်။ ငါတို့သတိပေးခဲ့သည့်အတိုင်း ပင်ယခုဖြစ်ပျက်လာသည်ကိုသင်တို့သိ ကြ၏။-
သူတစ်ပါးတို့အားကျေးဇူးပြုတတ်ကြ စေရန်လည်းကောင်း၊ အကျင့်ကောင်းများနှင့် ကြွယ်ဝပြည့်စုံ၍ရက်ရောစွာဝေငှပေး ကမ်းတတ်ကြစေရန်လည်းကောင်းသူတို့ အားဆုံးမသွန်သင်လော့။-
ငါကားနိုင်ငံတော်သားများခံရသည့်ဆင်း ရဲဒုက္ခကို သင်တို့နှင့်အတူသည်းခံနေရသူ၊ သင်တို့၏အစ်ကိုယောဟန်ဖြစ်၏။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်သခင် ယေရှုဖော်ပြသက်သေခံသည့်သမ္မာတရား ကိုဟောပြောကြေညာသည့်အတွက်ပတ်မု ကျွန်းသို့အပို့ခံရ၏။-
အဘယ်အရပ်တွင်သင်နေထိုင်သည်ကိုငါသိ ၏။ သင်သည်စာတန်၏ပလ္လင်ရှိရာအရပ်တွင်နေ ထိုင်၏။ ငါ၏ဘက်မှာသစ္စာရှိစွာသက်သေခံသူ အန္တိပသည် စာတန်နေထိုင်ရာတွင်အသတ်ခံရ ချိန်၌ပင် သင်သည်ငါ၏သစ္စာကိုစောင့်၍ ငါ့ကို ယုံကြည်ကိုးစားမှုမစွန့်။-
သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။-
ထိုသူတို့မှလွဲ၍ အခြားသွာတိရမြို့အသင်း တော်ဝင်တို့သည်ဤဆိုးညစ်သည့်အယူဝါဒ ကိုမလိုက်နာကြ။ စာတန်၏နက်နဲသည့်လျှို့ဝှက် ချက်များဟုသူတစ်ပါးတို့ခေါ်ဝေါ်ကြသည့် အရာများကိုလည်းမခံမယူကြ။ သင်တို့ အပေါ်သို့အခြားဝန်ထုပ်ကိုငါမတင်။-
နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-
ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-