ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။
ဗျာဒိတ် 19:4 - Common Language Bible ထိုအခါအကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သက် ရှိသတ္တဝါလေးပါးတို့က``အာမင်၊ ဘုရားသခင် ၏ဂုဏ်တော်ကိုချီးမွမ်းကြလော့'' ဟုဆိုကာပလ္လင် တော်ပေါ်တွင် စံနေတော်မူသောဘုရားသခင် အားပျပ်ဝပ်ရှိခိုးကြ၏။ Garrad Bible အ ကြီး အ ကဲ နှစ် ဆယ့် လေး ပါး တို့ နှင့် သ တ္တ ဝါ လေး ပါး တို့ က လည်း ရာ ဇ ပ လ္လင် တော် ထက် စံ တော် မူ သော ဘု ရား သ ခင် ကို ပျပ် ဝပ် ရှိ ခိုး၍ အာ မင်။ ဟာ လေ လု ယ ဟု လိုက် ဆို ကြ ၏။ Judson Bible အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပျပ်ဝပ်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးနှင့် သတ္တဝါလေးပါးတို့သည်လည်း ပျပ်ဝပ်လျက် ပလ္လင်ပေါ်တွင်ထိုင်တော်မူသောဘုရားသခင်ကိုရှိခိုးကာ “အာမင်။ ဟာလေလုယာ”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ အကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သတ္တဝါလေးပါးတို့သည် ဝပ်တွားခယလျက် ရာဇပလ္လင်တော်ပေါ်၌ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်ကြ၏။ ထို့နောက် “အာမင်။ ဟာလေလုယာ” ဟု ဆိုကြ၏။ |
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။
ထိုနောက်ငါပတ်ထားသည့်ခါးစည်း ကိုချွတ်၍ခါပြီးလျှင်``ကတိမတည်သူသင် တို့ရှိသမျှကိုဘုရားသခင်သည်ဤသို့ ခါတော်မူလိမ့်မည်။ သင်တို့၏အိမ်များနှင့်သင် တို့ပိုင်ပစ္စည်းဥစ္စာဟူသမျှကိုသိမ်းယူတော် မူမည်ဖြစ်၍သင်တို့အတွက်အဘယ်အရာ မျှကျန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၏။ ထိုအရပ်တွင်ရှိသောသူအပေါင်းတို့ က``အာမင်'' ဟုဝန်ခံပြီးလျှင်ထာဝရ ဘုရားကိုထောမနာပြုကြကုန်၏။ ထို နောက်ခေါင်းဆောင်တို့သည်မိမိတို့၏ ကတိအတိုင်းဆောင်ရွက်ကြလေသည်။
ဧဇရက``ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုဆို၏။ ပရိတ်သတ်တို့သည်လက်အုပ်ချီလျက်``အာမင်၊ အာမင်'' ဟုဝန်ခံပြီးလျှင်ဒူးထောက်ကာ ထာဝရဘုရားအားပျပ်ဝပ်ရှိခိုးကြ လေသည်။
အပြစ်ကူးသူတို့သည်ကမ္ဘာမြေပေါ်မှ သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြပါစေသော။ သူယုတ်မာတို့သည်ကွယ်ပျောက်ကြပါစေသော။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားအားထောမနာပြုလော့။ ထာဝရဘုရားအားထောမနာပြုလော့။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ လူအပေါင်းတို့သည်အာမင်ဟုဆိုကြစေ။ ထာဝရဘုရားအားထောမနာပြုကြ လော့။
ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။
ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
``သင်ပြောသည့်အတိုင်းပင်ဖြစ်ပါစေသော။ ထာဝရဘုရားသည် ဤအတိုင်းပင်ပြုတော် မူလိမ့်မည်ဟုလည်းငါမျှော်လင့်ပါ၏။ ကိုယ် တော်သည်သင်၏ဟောကြားချက်များကို အကောင်အထည်ပေါ်စေတော်မူလိမ့်မည် ဟူ၍လည်းကောင်း၊ ဗာဗုလုန်မြို့သို့သိမ်း ယူသွားသောဗိမာန်တော်ဘဏ္ဍာများနှင့် သုံ့ပန်းအဖြစ်ဖမ်းဆီးသွားသည့်သူ အပေါင်းတို့အား ပြန်လည်ခေါ်ဆောင်လာ တော်မူလိမ့်မည်ဟူ၍လည်းကောင်းငါ မျှော်လင့်ပါ၏။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။-
သက်ရှိသတ္တဝါလေးပါးအနက်တစ်ပါးသည် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော ဘုရားသခင်၏အမျက်တော်ပြည့်လျက်ရှိ သည့် ရွှေဖလားခုနစ်လုံးကိုကောင်းကင်တမန် ခုနစ်ပါးတို့အားပေးအပ်၏။-
ထိုနောက်ကောင်းကင်ပရိသတ်ကြီးမှ ထွက် ပေါ်လာသောအသံနှင့်တူသည့်အသံကိုငါ ကြားရ၏။ ထိုသူတို့က``ဘုရားသခင်၏ဂုဏ် တော်ကိုချီးမွမ်းကြလော့။ ငါတို့ဘုရားသခင် သည်ကယ်တင်တော်မူသောအရှင်၊ ဘုန်းအသ ရေတော်၊ တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပါ၏။-
တစ်ဖန်ထိုသူတို့၏``ဘုရားသခင်၏ဂုဏ်တော် ကိုချီးမွမ်းကြလော့'' ထိုမြို့မှမီးခိုးတို့သည် ထာဝစဉ်လွင့်တက်လျက်ရှိ၏'' ဟုကြွေးကြော် ကြပြန်၏။-
ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။-
သတ္တဝါလေးပါးတို့က``အာမင်'' ဟုတုံ့ပြန်ကြ ၏။ အကြီးအကဲတို့သည်လည်းပျပ်ဝပ်ရှိခိုး ကြ၏။