ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍ တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။
ဗျာဒိတ် 19:11 - Common Language Bible ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။- Garrad Bible တစ် ဖန် ကောင်း ကင် ဘုံ ပွင့် ရာ ငါ မျှော် ကြည့် သော် မြင်း ဖြူ တစ် စီး ကို မြင် ရ၏။ စီး နင်း သူ သည် ဟုတ် မှန် စွာ သ စ္စာ စောင့် သော အ ရှင် ဟု သ မုတ်၍ ဖြောင့် မတ် စွာ စီ ရင် ဆုံး ဖြတ် လျက် စစ် တိုက် တော် မူ ၏။ Judson Bible ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိ သတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကောင်းကင်ဘုံသည် ပွင့်လျက်ရှိသည်ကို ကျွန်ုပ်မြင်၏။ ထိုနေရာ၌ မြင်းဖြူတစ်ကောင်ရှိ၏။ ထိုမြင်းဖြူကို စီးတော်မူသောသူသည် သစ္စာရှိသူနှင့် ဖြောင့်မှန်သူဟု အမည်ရ၏။ သူသည် ဖြောင့်မှန်စွာ တရားစီရင်၍ ဖြောင့်မှန်စွာ စစ်တိုက်တော်မူ၏။ |
ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍ တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။
ထာဝရဘုရားသည်စစ်သူရဲဖြစ်တော်မူ၏။ နာမတော်မူကားထာဝရဘုရားဖြစ် တော်မူ၏။
တစ်နေ့သောအခါ၊ သီလသမာဋ္ဌိရှိသည့် ဘုရင်တစ်ပါးနှင့် တရားသဖြင့်အုပ်စိုးသည့် အမျိုးသားခေါင်းဆောင်များပေါ်ထွန်းလာ လိမ့်မည်။-
လာရောက်၍သင်တို့၏အမှုကိုရုံးတော်သို့ တင်ကြလော့။ တရားခံတို့သည်အချင်းချင်းတစ်ဦးနှင့် တစ်ဦး တိုင်ပင်နှီးနှောရကြ၏။ ဖြစ်ပျက်မည့်အမှုအရာကိုအဘယ်သူသည် ကြိုတင်ဖော်ပြပါသနည်း။ ရှေးမဆွကပင်လျှင်ကြိုတင်ဟောကြားခဲ့ ပါသနည်း။ ငါထာဝရဘုရားသည်မိမိ၏လူမျိုးတော်ကို ကယ်တင်သည့်ဘုရား မဟုတ်ပါလော။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှ မရှိ။
ထိုနေ့ရက်ကာလ၌ဒါဝိဒ်၏သားမြေး အစစ်အမှန်တစ်ဦးကိုပေါ်ထွန်းစေမည်။ သူသည်လည်းတိုင်းနိုင်ငံတစ်ခုလုံးတွင် မျှတဖြောင့်မှန်သည့်အမှုတို့ကိုပြုလိမ့် မည်။-
သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-
ငါသည်မြင်းနီကိုစီးလျက်နေသူထာဝရ ဘုရား၏ကောင်းကင်တမန်တစ်ပါးကိုမြင် ရ၏။ သူသည်ချိုင့်ဝှမ်းထဲတွင်ရှိသောကျောက် ပန်းပင်များအလယ်တွင်ရပ်တန့်လျက်နေ၏။ သူ၏နောက်၌မူမြင်းနီ၊ မြင်းပြောက်ကြား၊ မြင်းဖြူစသည့်အခြားမြင်းများရှိ၏။-
အမှန်အကန်သင်တို့အားငါဆိုသည်ကား ကောင်းကင်ပွင့်လျက် လူသားအပေါ်တွင်ဘုရား သခင်၏ကောင်းကင်တမန်များဆင်းလျက် တက်လျက်နေကြသည်ကိုသင်တို့မြင်ရ ကြလတ္တံ့' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-
ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။
ထိုနောက်သားရဲနှင့်တကွကမ္ဘာပေါ်ရှိရှင်ဘုရင် များနှင့်သူတို့၏စစ်သည်ဗိုလ်ပါတို့သည်မြင်းဖြူ ကိုစီးတော်မူသောအရှင်နှင့်သူ၏စစ်သည်တော် များကိုတိုက်ခိုက်ရန်စုရုံးကြသည်ကိုငါမြင် ရ၏။-
ကြွင်းကျန်သောသူတို့သည်ကားမြင်းဖြူကို စီးတော်မူသောအရှင်၏ခံတွင်းမှထွက်လာ သောသန်လျက်ဖြင့်ကွပ်မျက်ခြင်းကိုခံရ ကြ၏။ ငှက်အပေါင်းတို့သည်သူတို့၏အသား ကိုဝစွာစားကြ၏။
``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-
ထိုနောက်ရူပါရုံတွင်ကောင်းကင်ဘုံတံခါးပွင့် လျက်ရှိသည်ကိုငါမြင်ရ၏။ ပထမအကြိမ် ကငါကြားရသောတံပိုးခရာသံနှင့်တူသည့် အသံက``ဤအရပ်သို့တက်လာလော့။ နောင်ဖြစ် ရမည့်အမှုအရာတို့ကိုငါပြမည်'' ဟုငါ့ အားဆို၏။-
ငါကြည့်လိုက်သောအခါမြင်းဖြူတစ်ကောင် ကိုတွေ့ရ၏။ မြင်းစီးသူရဲသည်လေးကိုကိုင် ထား၏။ သရဖူကိုခံယူရရှိထား၏။ သူ သည်အောင်ပွဲခံပြီးသောသူအနေဖြင့်ဆက် လက်အောင်ပွဲခံရန်ထွက်ခွာသွား၏။