ဇာခရိ 1:8 - Common Language Bible8 ငါသည်မြင်းနီကိုစီးလျက်နေသူထာဝရ ဘုရား၏ကောင်းကင်တမန်တစ်ပါးကိုမြင် ရ၏။ သူသည်ချိုင့်ဝှမ်းထဲတွင်ရှိသောကျောက် ပန်းပင်များအလယ်တွင်ရပ်တန့်လျက်နေ၏။ သူ၏နောက်၌မူမြင်းနီ၊ မြင်းပြောက်ကြား၊ မြင်းဖြူစသည့်အခြားမြင်းများရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ညဉ့် အ ခါ၌ ငါ ရှု ကြည့် ရာ၊ ချိုင့် ရှိ ကျောက် ပန်း မြိုင် တွင် ရပ် တန့် လျက် မြင်း နီ စီး သူ တစ် ဦး နှင့် တ ကွ၊ နောက် ပါ မြင်း နီ၊ မြင်း ရွှေ၊ မြင်း ဖြူ များ ကို မြင် ရ သော်၊ အခန်းကိုကြည့်ပါ။Judson Bible8 ညအခါမြင်ရသော ရူပါရုံဟူမူကား၊ မြင်းနီကို စီးသော လူတစ်ဦးသည် ထင်ရှား၍ ချိုင့်တွင်ရှိသော မုရတုတော၌ ရပ်၏။ သူ့နောက်မှာ နီသောမြင်း၊ ညိုသောမြင်း၊ ဖြူသောမြင်းတို့သည် ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ညအချိန်၌ ငါကြည့်လိုက်ရာ လူတစ်ဦးသည် အနီရောင်မြင်းကိုစီးလာပြီး မုရတုပင်တို့အလယ်တောနက်ထဲတွင် ရပ်နေ၍ သူ့နောက်တွင် မြင်းနီ၊ မြင်းညို၊ မြင်းဖြူတို့လည်း ရပ်နေသည်ကို ငါမြင်ရ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သူတို့က``ပညတ်ကျမ်းတွင်ဖော်ပြ ပါရှိသည့် ညွှန်ကြားချက်များအတိုင်းတောင် များသို့သွား၍သံလွင်ခက်၊ ထင်းရှူးခက်၊ မုရ တုခက်၊ စွန်ပလွံခက်နှင့်အခြားသစ်ခက် များကိုခုတ်ယူ၍တဲထိုးကြရမည်'' ဟု ယေရုရှလင်မြို့နှင့်တကွအခြားမြို့ရွာ ရှိသမျှတို့ကိုညွှန်ကြားချက်ပေးပို့ကြ လေသည်။
ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင် အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန် ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-