ထိုနောက်စတုတ္ထကောင်းကင်တမန်သည်မိမိ ၏ဖလားမှ အမျက်တော်ကိုနေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါနေသည်လူတို့အား အပူရှိန်ဖြင့် ကျွမ်းလောင်စေနိုင်ခွင့်ကိုရလေ၏။-
စ တု တ္ထ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို နေ ပေါ် သို့ သွန်း လောင်း သော် လူ တို့ ကို အ ရှိန် ဖြင့် တောက် လောင် သော အ ခွင့် ရ သည့် အ လျောက်၊
စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကိုရ၏။-
စတုတ္ထကောင်းကင်တမန်သည် သူ၏ဖလားကို နေပေါ်သို့သွန်းလောင်းသောအခါ နေသည် လူတို့အား မီးဖြင့်လောင်ရသောအခွင့်ကိုရ၏။
ထို့နောက် စတုတ္ထကောင်းကင်တမန်သည် သူ၏ ဖလားကို နေပေါ်သို့ သွန်းလောင်းလိုက်သောအခါ နေသည် လူတို့အား မီးလောင်ရသောအခွင့်ကို ရလေ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်နန်း စံတော်မူတော့မည်ဖြစ်၍ လသည်မိုက်လျက် နေလိမ့်မည်။ နေသည်လည်းနောက်တစ်ဖန်ထွန်း လင်းတော့မည်မဟုတ်။ ကိုယ်တော်သည်ယေရု ရှလင်မြို့၊ ဇိအုန်တောင်ပေါ်တွင်စိုးစံတော် မူလိမ့်မည်။ ပြည်သူတို့၏ဦးစီးခေါင်းဆောင် များသည်လည်း ကိုယ်တော်၏ဘုန်းအသရေ တော်ကိုဖူးမြင်ရကြလိမ့်မည်။
နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
နေထွက်သောအခါနေပူလောင်၍အမြစ်မစွဲ သည့်အတွက်ညှိုးနွမ်း၍သွားကြ၏။-
``နေလကြယ်နက္ခတ်များ၌ပုဗ္ဗနိမိတ်များပေါ်ထွန်း လာလိမ့်မည်။ ကမ္ဘာပေါ်တွင်လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုးမြည်ဟီးသံကြောင့်စိတ်ပျက် အားလျော့ကြောက်ရွံ့ကြလိမ့်မည်။-
ထာဝရဘုရား၏နေ့ထူးနေ့မြတ်ကြီးမကျ ရောက်မီ နေသည်မှောင်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေးကဲ့သို့နီလိမ့်မည်။
ထိုနောက်မီးကိုအစိုးရသောကောင်းကင်တမန် သည် ယဇ်ပလ္လင်တော်မှထွက်လာ၏။ သူသည်တံစဉ် ကိုကိုင်ထားသည့်ကောင်းကင်တမန်အား``သင်၏ တံစဉ်ကိုယူ၍ ကမ္ဘာမြေပေါ်ကစပျစ်သီးတို့ ကိုရိတ်သိမ်းလော့။ စပျစ်သီးများမှည့်လေပြီ'' ဟုအသံကျယ်စွာပြော၏။-
ထိုနောက်သိုးသူငယ်တော်သည်ဆဋ္ဌမချိပ် တံဆိပ်တော်ကိုဖွင့်လေလျှင် မြေငလျင်ပြင်း စွာလှုပ်လေ၏။ နေသည်ဂုံအိတ်ထည်မည်းကဲ့ သို့မည်းနက်လာ၏။ လတစ်ဝန်းလုံးသည် လည်းသွေးကဲ့သို့နီလာ၏။-
သူတို့သည်နောက်တစ်ဖန်အစာရေစာ မငတ်မွတ်ရကြ။ နေရောင်ခြည်သည်လည်း ကောင်း၊ ပြင်းထန်သောအပူရှိန်သည်လည်း ကောင်းသူတို့အပေါ်သို့မကျရောက်ရ။-
စတုတ္ထကောင်းကင်တမန်တံပိုးခရာမှုတ်လိုက် သောအခါနေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံ တစ်ပုံ၊ ကြယ်တာရာများ၏သုံးပုံတစ်ပုံတို့ သည်ကပ်သင့်ကြသဖြင့်၎င်းတို့၏အလင်းသည် သုံးပုံတစ်ပုံလျော့နည်းသွားလေ၏။ နေ့၏သုံး ပုံတစ်ပုံ၊ ည၏သုံးပုံတစ်ပုံသည်အလင်း မရကြ။
သူသည်တွင်းနက်ကြီးကိုဖွင့်လိုက်သောအခါ မီးခိုးသည်မီးဖိုကြီးမှထွက်သည့်အလား ထွက်လာလေသည်။ ထိုမီးခိုးကြောင့်နေနှင့် အာကာသကောင်းကင်သည်မှောင်မဲ၍သွား၏။-