ကိုယ်တော်ရှင်အားရှိမခိုး၊ဝတ်မပြုသည့် လူမျိုးတို့အားလည်းကောင်း၊ကိုယ်တော်ရှင်ထံ ဆုတောင်းပတ္ထနာမတောင်းမလျှောက် သူတို့အားလည်းကောင်းအမျက်ထွက်တော်မူပါ။
ဗျာဒိတ် 16:1 - Common Language Bible ထိုနောက်ဗိမာန်တော်ထဲမှကျယ်သောအသံ ထွက်ပေါ်လာ၏။ ထိုအသံက``ကမ္ဘာမြေပေါ် သို့ဘုရားသခင်၏အမျက်တော်ဖလား ခုနစ်လုံးကိုသွန်းလောင်းလော့'' ဟုကောင်းကင် တမန်ခုနစ်ပါးတို့အားပြောဆိုသည်ကို ငါကြားရ၏။ Garrad Bible စေ တ မန် တော် ခု နစ် ပါး တို့ အား သွား ၍ ဘု ရား သ ခင့် အ မျက် တော် ဖ လား ခု နစ် လုံး ကို မြေ ကြီး ပေါ် သို့ သွန်း လောင်း လော့ ဟု ဗိ မာန် တော် မှ ကျယ် သော အ သံ ကို ငါ ကြား ရ ပြီး နောက်၊ Judson Bible ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော်ဖလား ခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဗိမာန်တော်ထဲမှကျယ်လောင်သောအသံက “သွားကြလော့။ ဘုရားသခင်၏ပြင်းစွာသောဒေါသဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့”ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ဆိုသည်ကို ငါကြားရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဗိမာန်တော်ထဲမှ “သွားလော့။ ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသောဖလား ခုနစ်လုံးကို ကမ္ဘာမြေပေါ်သို့ သွန်းလောင်းလော့” ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ကျယ်လောင်စွာ ပြောသည့်အသံကို ကျွန်ုပ်ကြားရ၏။ |
ကိုယ်တော်ရှင်အားရှိမခိုး၊ဝတ်မပြုသည့် လူမျိုးတို့အားလည်းကောင်း၊ကိုယ်တော်ရှင်ထံ ဆုတောင်းပတ္ထနာမတောင်းမလျှောက် သူတို့အားလည်းကောင်းအမျက်ထွက်တော်မူပါ။
ကိုယ်တော်ရှင်၏နာမတော်ကိုအသိအမှတ် မပြုသူ၊ ကိုယ်တော်ရှင်အားပစ်ပယ်သူတို့အပေါ် အမျက်တော်ကိုသွန်းလောင်းတော်မူပါ။ သူတို့သည်ယာကုပ်အမျိုးအားသတ်ဖြတ်ကြ ပါပြီ။ ကျွန်တော်မျိုးတို့အားအကုန်အစင်သုတ်သင် ပယ်ရှင်း၍ ကျွန်တော်မျိုးတို့ပြည်ကိုလည်းယိုယွင်းပျက်စီး စေကြပါပြီ။
ဘုရားသခင်ကပိတ်ချောထည်ဝတ်ဆင် ထားသူအား``ထိုသတ္တဝါတို့၏အောက်၌ရှိ သောရထားဘီးများအကြားသို့သွား၍ ထိုသတ္တဝါတို့၏ကြားရှိမီးကျီးခဲတို့ ကိုလက်ခုပ်ဖြင့်ကျုံးကာမြို့ပေါ်သို့ကြဲ ချလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လည်းငါ၏ရှေ့မှောက်၌ပင် ထွက်သွား၏။-
သို့ဖြစ်၍ငါသည်အမျက်တော်ကိုသွန်းလောင်း ၍ သူတို့အပေါ်သို့အမျက်တော်ကိုမီးသ ဖွယ်သက်ရောက်စေမည်။ သူတို့ပြုခဲ့သည့်အမှု များအတွက်သူတို့၏ခေါင်းပေါ်သို့ကျရောက် စေမည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။
ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။
အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန် တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်လျက် နေသူအား``ကမ္ဘာမြေကြီးပေါ်၌စပါးများ ကောင်းစွာမှည့်ပြီဖြစ်၍ရိတ်သိမ်းရန်အချိန် ကျရောက်လေပြီ။ ထို့ကြောင့်ကိုယ်တော်၏ တံစဉ်ကိုယူ၍ရိတ်သိမ်းတော်မူပါ'' ဟု အသံကျယ်စွာပြောဆို၏။-
ထိုနောက်မီးကိုအစိုးရသောကောင်းကင်တမန် သည် ယဇ်ပလ္လင်တော်မှထွက်လာ၏။ သူသည်တံစဉ် ကိုကိုင်ထားသည့်ကောင်းကင်တမန်အား``သင်၏ တံစဉ်ကိုယူ၍ ကမ္ဘာမြေပေါ်ကစပျစ်သီးတို့ ကိုရိတ်သိမ်းလော့။ စပျစ်သီးများမှည့်လေပြီ'' ဟုအသံကျယ်စွာပြော၏။-
ထိုနောက်ငါသည်ကောင်းကင်တွင်အံ့သြဖွယ် ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကိုမြင် ရပြန်၏။ ထိုအတိတ်နိမိတ်ကားကပ်ခုနစ်ပါး ကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ် ပါးဖြစ်၏။ ထိုကပ်ရောဂါတို့သည်ဘုရား သခင်၏အမျက်တော်ကိုနောက်ဆုံးအကောင် အထည်ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျ ရောက်လာမည့်ကပ်များဖြစ်ပေသည်။
သတ္တမကောင်းကင်တမန်သည်မိမိဖလားမှ အမျက်တော်ကို လေထဲသို့သွန်းလောင်းလိုက် ၏။ ထိုအခါဗိမာန်တော်အတွင်းရှိပလ္လင်တော် မှ``အမှုပြီးဆုံးလေပြီ'' ဟုကျယ်စွာသော အသံထွက်ပေါ်၍လာ၏။-
ယုတ်မာသောထိုအာမလက်အမျိုးသားတို့ အား သုတ်သင်ပစ်ရန်အမိန့်ပေး၍သင့်ကိုစေ လွှတ်ခဲ့၏။ ကိုယ်တော်သည်သူတို့အားတစ် ယောက်မကျန်သတ်ဖြတ်ပြီးသည်တိုင်အောင် စစ်တိုက်ရန်မှာကြားတော်မူခဲ့၏။-
သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-