အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်သီချင်းသစ်ကိုဆို၍ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုချီးမွမ်းပါမည်။ စောင်းကိုတီး၍သီချင်းဆိုကာဂုဏ်တော်ကို ချီးမွမ်းပါမည်။
ဗျာဒိတ် 14:3 - Common Language Bible ထိုသူတစ်သိန်းလေးသောင်းလေးထောင်တို့ သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သက်ရှိ သတ္တဝါလေးပါးနှင့်အကြီးအကဲများ၏ ရှေ့၌လည်းကောင်းရပ်လျက်သီချင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းတို့အထဲ မှရွေးနုတ်ကယ်တင်ခြင်းခံရသူ၊ လူတစ် သိန်းလေးသောင်းလေးထောင်မှတစ်ပါး အခြားအဘယ်သူမျှထိုသီချင်း ကိုမသီဆိုတတ်။- Garrad Bible ပ လ္လင် တော် ရှေ့ သ တ္တ ဝါ လေး ပါး နှင့် အ ကြီး အ ကဲ တို့ ရှေ့ တွင် ဧ ချင်း သစ် ဖွဲ့ ဆို ကြ သည် ကို ကြား ရ၏။ ထို ဧ ချင်း ကို မြေ ကြီး မှ ဝယ် တော် မူ ပြီး ဖြစ် သူ၊ ထို တစ် သိန်း လေး သောင်း လေး ထောင် တို့ မှ တစ် ပါး မည် သူ မျှ သင်၍ မ ရ နိုင်။ Judson Bible ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ ရှေ့၌လည်းကောင်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနုတ်သောသူ တစ်သိန်းလေးသောင်းလေးထောင် မှတစ်ပါး၊ အဘယ်သူမျှ ထိုသီချင်းကို သင်၍မရနိုင်။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ရှေ့၌လည်းကောင်း သီချင်းသစ်ကိုသီဆိုကြ၏။ ကမ္ဘာမြေကြီးပေါ်မှ ရွေးနုတ်ဝယ်ယူခြင်းခံရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှတစ်ပါး မည်သူကမျှ ထိုသီချင်းကိုမသင်ယူနိုင်ပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတစ်သိန်းလေးသောင်းလေးထောင်သောသူတို့သည် ဘုရားသခင်၏ ရာဇပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် အကြီးအကဲတို့ရှေ့၌ သီချင်းသစ်ကို သီဆိုကြ၏။ ကမ္ဘာမြေကြီးပေါ်မှ ရွေးနုတ်ကယ်တင်ခံရသူ တစ်သိန်းလေးသောင်းလေးထောင်မှလွဲ၍ ထိုသီချင်းကို မည်သူမျှ မသီဆိုနိုင်။ |
အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်သီချင်းသစ်ကိုဆို၍ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုချီးမွမ်းပါမည်။ စောင်းကိုတီး၍သီချင်းဆိုကာဂုဏ်တော်ကို ချီးမွမ်းပါမည်။
ထာဝရဘုရားအားထောမနာပြုကြ လော့။ ထာဝရဘုရားသခင်၏ရှေ့တော်၌ သီချင်းသစ်ကိုဆိုကြလော့။ ကိုယ်တော်အားသစ္စာစောင့်သူတို့စုဝေး ရာတွင် ကိုယ်တော်အားထောမနာပြုကြလော့။
ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
ရှေ့တော်၌သီချင်းသစ်ကိုဆိုကြလော့။ သာယာစွာစောင်းကိုတီးကြလော့။ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
ငါတို့၏ဘုရားအားထောမနာပြုရာ သီချင်းသစ်ကိုဆိုရန်ကိုယ်တော်သည်ငါ့အား သင်ကြားပေးတော်မူ၏။ ယင်းသို့ပြုတော်မူသည်ကိုမြင်ကြရသူ တို့သည် ကြောက်ရွံ့ရိုသေကြကုန်လျက် ထာဝရဘုရားအားကိုးစားကြလိမ့်မည်။
သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့။
ထာဝရဘုရားအားသီချင်းသစ်ကိုဆို၍ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည်အံ့သြဖွယ်ရာအမှုတော်တို့ကို ပြုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏တန်ခိုးတော်ဖြင့် လည်းကောင်း၊ ခွန်အားစွမ်းရည်တော်ဖြင့်လည်းကောင်း အောင်ပွဲကိုရတော်မူပြီ။
သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင် နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။
လက်ဝါးကပ်တိုင်တော်တွင်ခရစ်တော်အသေခံ တော်မူခြင်းတည်းဟူသောတရားသည်ဆုံးရှုံး မည့်သူများအတွက်အနက်အဋ္ဌိပ္ပါယ်မရှိသည့် အရာဖြစ်၏။ ကယ်တင်ခြင်းခံကြရသောငါ တို့အတွက်မူကားဘုရားသခင်၏တန်ခိုး တော်ဖြစ်၏။-
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
ထိုနောက်ကြည့်လိုက်သောအခါဇိအုန်တောင် ပေါ်တွင် သိုးသူငယ်တော်ရပ်နေသည်ကိုငါ မြင်ရ၏။ သူ၏နာမနှင့်ခမည်းတော်၏နာမ တော်ကိုနဖူးတွင် ရေးမှတ်ထားသူလူပေါင်း တစ်သိန်းလေးသောင်းလေးထောင်တို့သည် သိုး သူငယ်တော်နှင့်အတူရှိကြ၏။-
သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။
ထိုနောက်တံဆိပ်ခတ်နှိပ်ထားသူတို့၏အရေ အတွက်ကိုငါကြားသိရ၏။ ယင်းအရေ အတွက်မှာတစ်သိန်းလေးသောင်းလေးထောင် ရှိ၍ ဣသရေလတစ်ဆယ့်နှစ်နွယ်ဖြစ်ကြသော၊-