ဆာလံ 96:1 - Common Language Bible1 သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible1 အ ချင်း မြေ တစ် ပြင် လုံး၊ ထာ ဝ ရ ဘု ရား ထံ သီ ချင်း သစ် ကို ဆို လျက်၊ ထာ ဝ ရ ဘု ရား အား သီ ချင်း ဆို ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible1 ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထာဝရဘုရားထံသို့ သီချင်းအသစ်ကိုသီကျူးကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ သီကျူးကြလော့။ အခန်းကိုကြည့်ပါ။ |
ထိုသူတစ်သိန်းလေးသောင်းလေးထောင်တို့ သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သက်ရှိ သတ္တဝါလေးပါးနှင့်အကြီးအကဲများ၏ ရှေ့၌လည်းကောင်းရပ်လျက်သီချင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းတို့အထဲ မှရွေးနုတ်ကယ်တင်ခြင်းခံရသူ၊ လူတစ် သိန်းလေးသောင်းလေးထောင်မှတစ်ပါး အခြားအဘယ်သူမျှထိုသီချင်း ကိုမသီဆိုတတ်။-
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။