ကိုယ်တော်ရှင်သည်သူ့အားမွန်မြတ်သော ကောင်းချီးမင်္ဂလာများကိုချပေးတော်မူပြီ။ သူ့အားရွှေသရဖူကိုဆောင်းစေတော်မူပြီ။
ဗျာဒိတ် 14:14 - Common Language Bible တစ်ဖန်ကြည့်လိုက်သောအခါမိုးတိမ်ဖြူတစ်ခု ကို ငါမြင်ရ၏။ ထိုမိုးတိမ်ပေါ်တွင်လူနှင့်တူသော သူတစ်ဦးထိုင်၍နေ၏။ သူ၏ဦးခေါင်း၌ရွှေ သရဖူကိုဆောင်းထား၏။ လက်ထဲတွင်ထက် သောတံစဉ်ကိုကိုင်ထား၏။- Garrad Bible တစ် ဖန် ငါ မျှော် ကြည့် ရာ တိမ် တိုက် ဖြူ ကို လည်း ကောင်း၊ တိမ် တိုက် ထက် လူ့ သား နှင့် တူ သော ပု ဂ္ဂိုလ် တစ် ပါး သည် ရွှေ သ ရ ဖူ ကို ဆောင်း လျက်၊ ထက် သော တံ စဉ် ကို ကိုင် လျက် ထိုင် နေ သည် ကို လည်း ကောင်း မြင် ရ ၏။ Judson Bible တစ်ဖန် ငါကြည့်လျှင်၊ ဖြူသောမိုးတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက်၊ ထက်သော တံစဉ်ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါကြည့်လိုက်ရာ ဖြူသောမိုးတိမ်ရှိ၍ ထိုမိုးတိမ်ပေါ်တွင် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက် လက်၌ ထက်သောတံစဉ်ကိုကိုင်ထားသည့် လူ့သားနှင့်တူသောသူတစ်ဦးထိုင်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် ကျွန်ုပ်ကြည့်လိုက်ရာ လူသားနှင့် တူသည့်သူတစ်ဦးသည် မိုးတိမ်ဖြူပေါ်တွင် ထိုင်နေသည်ကို မြင်ရ၏။ သူသည် ခေါင်းပေါ်တွင် ရွှေသရဖူကို ဆောင်းထားပြီး လက်ထဲ၌ ထက်သောတံစဉ်တစ်ခုကို ကိုင်ထား၏။ |
ကိုယ်တော်ရှင်သည်သူ့အားမွန်မြတ်သော ကောင်းချီးမင်္ဂလာများကိုချပေးတော်မူပြီ။ သူ့အားရွှေသရဖူကိုဆောင်းစေတော်မူပြီ။
မိုးတိမ်များနှင့်မှောင်မိုက်တို့သည်ကိုယ်တော်ကို ဝိုင်းရံလျက်ရှိ၏။ ကိုယ်တော်၏အုပ်စိုးခြင်းသည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံ၏။
ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
ထိုလိပ်ခုံးမိုးအပေါ်၌နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့်တူသောအရာတစ်ခုရှိ၏။ ထိုရာဇပလ္လင်ပေါ်တွင်လူပုံသဏ္ဌာန်ရှိသူတစ်ဦးထိုင်နေ၏။-
ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-
ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
ကောက်သီးများမှည့်သောအခါကောက်ရိတ်ချိန်ကျ ပြီဖြစ်၍ ထိုသူသည်ချက်ချင်းပင်ကောက်ရိတ်စ ပြု၏'' ဟုမိန့်တော်မူ၏။
ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။-
သို့သော်ငါတို့တွေ့မြင်ကြရသူကား ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်လူအပေါင်း တို့အတွက် အသက်တော်ကိုစွန့်တော်မူနိုင်ရန် ကာလအနည်းငယ်မျှ ကောင်းကင်တမန်များ ထက်နှိမ့်ချမှုကိုခံရသည့်သခင်ယေရှုပင် ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိအသေခံ တော်မူခဲ့သည့်အတွက်ဘုန်းအသရေ၊ ဂုဏ် အသရေနှင့်ပြည့်ဝလျက်ရှိတော်မူသည် ကို ယခုအခါငါတို့တွေ့မြင်ကြရ၏။-
ထိုမီးခွက်များအလယ်၌လူနှင့်တူသူတစ် ဦးကိုလည်းကောင်းတွေ့ရ၏။ ထိုသူသည်ခြေ ဖျားတိုင်အောင်ရောက်သည့်ဝတ်လုံရှည်ကိုခြုံ ၍ရွှေရင်စည်းကိုဝတ်ဆင်ထား၏။-
ကြည့်ရှုလော့။ ကိုယ်တော်သည်မိုးတိမ်စီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်အားလှံဖြင့် ထိုးဖောက်ခဲ့သူများပါမကျန် လူအပေါင်း တို့သည်ကိုယ်တော်ကိုဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးရှိသမျှတို့သည်ဝမ်း နည်းကြေကွဲကြလိမ့်မည်။ ထိုအတိုင်း ဖြစ်ပါစေသော။
ထိုနောက်ကောင်းကင်မှခွန်အားကြီးမားသော ကောင်းကင်တမန်တစ်ပါးဆင်းသက်လာသည် ကိုငါမြင်ရ၏။ သူသည်မိုးတိမ်ကိုဝတ်ဆင် ၍သူ၏ဦးခေါင်းပတ်လည်တွင်သက်တန့်ရှိ၏။ သူ၏မျက်နှာသည်နေနှင့်တူ၏။ သူ၏ခြေ ထောက်တို့သည်မီးဖြင့်ပြီးသောတိုင်များ နှင့်တူ၏။-
``ပစ္စုပ္ပန်၊အတိတ်ကာလတို့၌ရှိတော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ ကိုယ်တော်သည်မိမိ၏မဟာတန်ခိုးတော် ကို သုံးတော်မူလျက် လောကကိုအုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
သူ၏မျက်လုံးတော်တို့သည်မီးလျှံကဲ့သို့ တောက်ပ၏။ သူ၏ဦးခေါင်းတော်တွင်သရဖူ များကိုဆောင်းထား၏။ မိမိမှတစ်ပါး အခြားမည်သူမျှမသိသည့်အမည်နာမ တော်ကိုသူ၏အပေါ်မှာရေးမှတ်ထား၏။-
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-
ငါကြည့်လိုက်သောအခါမြင်းဖြူတစ်ကောင် ကိုတွေ့ရ၏။ မြင်းစီးသူရဲသည်လေးကိုကိုင် ထား၏။ သရဖူကိုခံယူရရှိထား၏။ သူ သည်အောင်ပွဲခံပြီးသောသူအနေဖြင့်ဆက် လက်အောင်ပွဲခံရန်ထွက်ခွာသွား၏။