နိဂုံးချုပ်ရမည်ဆိုလျှင် ငါ့အားအဘယ်သူမျှ နောက်ထပ်မနှောင့်ယှက်ကြနှင့်။ အဘယ်ကြောင့်ဆို သော်ငါ၏ကိုယ်ပေါ်တွင်ရှိသောဒဏ်ရာဒဏ်ချက် များက ငါသည်သခင်ယေရှု၏ကျွန်ဖြစ်ကြောင်း သက်သေပြလျက်ရှိသောကြောင့်ဖြစ်၏။
ဗျာဒိတ် 13:17 - Common Language Bible ထိုအမှတ်တံဆိပ်တည်းဟူသောသားရဲ၏ နာမည် သို့မဟုတ်ကိုယ်စားပြုသည့်ကိန်း ဂဏန်းကို ရိုက်နှိပ်ထားသူမှတစ်ပါးအဘယ် သူမျှကုန်ရောင်းကုန်ဝယ်ခွင့်မရ။ Garrad Bible သား ရဲ၏ အ မည် ဂ ဏာန်း တည်း ဟူ သော ထို သ ညာ ကင်း သူ မည် သူ မျှ ရောင်း ဝယ် ခွင့် မ ရ။ Judson Bible ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တစ်ခုခုကို မခံသောသူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှာလည်းကောင်း စီရင်၏။- မြန်မာ့စံမီသမ္မာကျမ်း သားရဲ၏အမည်၊ သို့မဟုတ် သူ့အမည်၏ကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ်မရှိလျှင် မည်သူမျှ အရောင်းအဝယ်မပြုနိုင်ရန်စီရင်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသားရဲ၏ အမည်၊ သို့မဟုတ် သူ၏ အမည်ကို ကိုယ်စားပြုသောကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ် မရှိလျှင် မည်သူမျှ အရောင်းအဝယ် ပြုခွင့်မရ။ |
နိဂုံးချုပ်ရမည်ဆိုလျှင် ငါ့အားအဘယ်သူမျှ နောက်ထပ်မနှောင့်ယှက်ကြနှင့်။ အဘယ်ကြောင့်ဆို သော်ငါ၏ကိုယ်ပေါ်တွင်ရှိသောဒဏ်ရာဒဏ်ချက် များက ငါသည်သခင်ယေရှု၏ကျွန်ဖြစ်ကြောင်း သက်သေပြလျက်ရှိသောကြောင့်ဖြစ်၏။
ထိုသားရဲသည်ကြီးမြတ်သူနှင့်သိမ်ငယ်သူ၊ ချမ်းသာသူနှင့်ဆင်းရဲသူ၊ ကျွန်နှင့်ကျွန်မ ဟုတ်သူရှိရှိသမျှသောလူတို့အားလက် ယာလက်တွင်ဖြစ်စေ၊ နဖူးတွင်ဖြစ်စေမိမိ ၏အမှတ်တံဆိပ်ရိုက်နှိပ်ထားစေ၏။-
ဤကိစ္စနှင့်ပတ်သက်၍ဉာဏ်ပညာရှိရန်လို ပေသည်။ ဉာဏ်ပညာရှိသူသည်သားရဲ၏ ကိန်းဂဏန်းအနက်ကိုတွက်ချက်ကြည့်နိုင် ၏။ ထိုကိန်းဂဏန်းသည်လူတစ်ယောက်၏ နာမည်ကိုကိုယ်စားပြု၏။ ထိုကိန်းဂဏန်း မှာခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ် သတည်း။
ထိုမီးလျှံမှမီးခိုးသည် ထာဝစဉ်အထက် သို့တက်လျက်နေ၏။ သားရဲနှင့်သူ၏ရုပ်တုကို ရှိခိုး၍ သားရဲ၏နာမည်တံဆိပ်နှိပ်ခြင်းခံရ သူအပေါင်းတို့သည် နေ့ရောညဥ့်ပါသက်သာ ရာရလိမ့်မည်မဟုတ်'' ဟုအသံကျယ်စွာ ကြွေးကြော်လေ၏။
ထိုနောက်တတိယကောင်းကင်တမန် ပေါ်လာ လျက် ``သားရဲနှင့်သူ၏ရုပ်တုကိုရှိခိုး၍ မိမိ ၏နဖူးသို့မဟုတ်လက်တွင် ထိုသားရဲ၏ အမှတ်တံဆိပ်ကိုရိုက်နှိပ်ထားသောသူသည်၊-
ထိုနောက်ငါသည်မီးနှင့်ရောသည့်ဖန်ရေကန် နှင့်တူသောအရာတစ်ခုကိုမြင်ရ၏။ သားရဲ နှင့်သူ၏ရုပ်တုအားလည်းကောင်း၊ ကိန်းဂဏန်း ၏နာမည်ကိုပိုင်ဆိုင်သူအားလည်းကောင်း၊ အနိုင်ရသူများကိုလည်းငါမြင်ရ၏။ သူတို့ သည်ဘုရားသခင်ပေးတော်မူသောစောင်းများ ကိုကိုင်လျက်ဖန်ရေကန်အနီးတွင်ရပ်လျက် နေကြ၏။-
သူ၏နဖူးပေါ်တွင်``ပြည့်တန်ဆာအပေါင်းနှင့် လောက၌စက်ဆုပ်ဖွယ်ရာများ၏မိခင်၊ ဗာဗု လုန်မြို့ကြီး'' ဟူ၍လျှို့ဝှက်သည့်အနက်ရှိ သောကမ္ပည်းကိုရေးထိုးထား၏။-
ထိုနောက်ငါသည်ပလ္လင်များကိုမြင်ရ၏။ ယင်း ပလ္လင်များပေါ်တွင်ထိုင်နေသူများမှာတရား စီရင်ရန် အာဏာအပ်နှင်းခြင်းခံရသူများ ဖြစ်၏။ ထို့ပြင်သခင်ယေရှုဖော်ပြတော်မူ သောသမ္မာတရားကိုလည်းကောင်း၊ ဘုရား သခင်၏နှုတ်ကပတ်တော်ကိုလည်းကောင်း ဟောပြောကြေညာခဲ့သည့်အတွက်ကွပ်မျက် ခြင်းခံရကြသူတို့၏ဝိညာဉ်များကိုလည်း ငါမြင်ရ၏။ သူတို့သည်သားရဲနှင့်သားရဲ ၏ရုပ်တုကိုရှိမခိုးခဲ့ကြ။ မိမိတို့၏နဖူး နှင့်လက်များတွင်လည်းသားရဲ၏အမှတ် တံဆိပ်ကိုမခံယူခဲ့ကြ။ သူတို့သည်အသက် ပြန်၍ရှင်လာကြပြီးလျှင်ခရစ်တော်နှင့် အတူဘုရင်များအဖြစ်ဖြင့်အနှစ်တစ် ထောင်စိုးစံကြရ၏။-
သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကိုဖူး မြင်ရကြလိမ့်မည်။ နာမတော်ကိုသူတို့၏ နဖူးတွင်ရေးထားလျက်ရှိလိမ့်မည်။-
အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။
``ငါတို့ဘုရားသခင်၏အစေခံတို့နဖူး တွင်တံဆိပ်တော်ကိုငါတို့မခတ်နှိပ်ရသေး မီသင်တို့သည်ကုန်းမြေ၊ ပင်လယ်၊ သစ်ပင်တို့ အားမည်သို့မျှဘေးဥပဒ်မသက်ရောက်စေ ကြနှင့်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။-