ဗျာဒိတ် 11:6 - Common Language Bible
ထိုသူတို့မှာဗျာဒိတ်တော်ကိုဟောပြော သည့်အချိန်ကာလအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကိုပိတ်နိုင်သောတန်ခိုးရှိ၏။ ရေကိုသွေးအဖြစ်သို့ပြောင်းလဲစေနိုင် သောတန်ခိုးလည်းရှိ၏။ သူတို့သည်မိမိ တို့အလိုရှိသည့်အခါတိုင်းကမ္ဘာမြေကြီး ကိုဘေးဒဏ်အမျိုးမျိုးသင့်စေနိုင်၏။-
အခန်းကိုကြည့်ပါ။
ထို သူ တို့ သည် ဟော ပြော ရာ နေ့ ရက် ကာ လ အ တွင်း မိုး မ ရွာ စေ ရန် ကောင်း ကင် ကို ပိတ် ထား ခွင့် ရ သည့် ပြင် အ လို ရှိ တိုင်း ရေကို သွေး ဖြစ် စေ သော ဒဏ် မှ စ၍ မြေ ကြီး ကို ဘေး အ မျိုး မျိုး ဒဏ် ခတ် ခွင့် ရ ကြ ၏။
အခန်းကိုကြည့်ပါ။
ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌ မိုးမရွာစေခြင်းငှာ၊ မိုးကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့်၊ မိမိတို့အလိုရှိသမျှသော အခါ၌ ဘေးအမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။
အခန်းကိုကြည့်ပါ။
သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။
အခန်းကိုကြည့်ပါ။
ထိုသူတို့၌ ပရောဖက်ပြုဟောပြောသည့်အချိန်ကာလအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သော အခွင့်အာဏာရှိ၏။ ထိုသူတို့၌ ရေကို သွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သော အခွင့်အာဏာနှင့် မိမိတို့အလိုရှိသည့်အချိန်တိုင်း ကမ္ဘာလောကကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်အာဏာလည်းရှိ၏။
အခန်းကိုကြည့်ပါ။