Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 4:25 - Common Language Bible

25 ဧ​လိ​ယ​လက်​ထက်​၌​ဣသ​ရေ​လ​နိုင်​ငံ​တွင် သုံး နှစ်​နှင့်​ခြောက်​လ​ပတ်​လုံး​မိုး​ခေါင်​၍​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ဧ လိ ယ လက် ထက် ကောင်း ကင် ကို သုံး နှစ် နှင့် ခြောက် လ ပိတ် ထား၍ ပြည် လုံး နှံ့ အ စာ ခေါင်း ပါး ခြင်း ဘေး ရောက် လာ သော် ဣ သ ရေ လ လူ မျိုး တွင် မု ဆိုး မ အ များ ရှိ သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ငါ​အ​မှန်​ဆို​ပြန်​သည်​ကား၊ ပ​ရော​ဖက် ဧ​လိ​ယ​လက်​ထက်၌ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မိုး​ခေါင်၍၊ ပြည်​နိုင်​ငံ​တစ်​လျှောက်​လုံး အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း ရှိ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော မု​ဆိုး​မ​အ​များ ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ပရောဖက်​ဧလိယ​၏​လက်ထက်​၌ သုံး​နှစ်​နှင့်​ခြောက်​လ​ပတ်လုံး​မိုးခေါင်​၍ တစ်ပြည်လုံး​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​စဉ်​က အစ္စရေး​လူမျိုး​ထဲတွင် မုဆိုးမ​များစွာ​ရှိ​ခဲ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ပရောဖက်​ဧလိယ​၏​လက်ထက်​၌ သုံးနှစ်​နှင့်​ခြောက်လ​ပတ်လုံး မိုး​မရွာဘဲ တစ်ပြည်လုံး​အစာခေါင်းပါးခြင်း​ဘေး ကျရောက်သော​အချိန်​တွင် အစ္စရေး​နိုင်ငံ​၌ မုဆိုးမ​များစွာ​ရှိခဲ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

25 ငါ​အ​မှန်​ဆို​ပြန်​သည်​ကား၊ ပ​ရော​ဖက် ဧ​လိ​ယ​လက်​ထက်၌ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မိုး​ခေါင်၍၊ ပြည်​နိုင်​ငံ​တစ်​လျှောက်​လုံး အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း ရှိ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော မု​ဆိုး​မ​အ​များ ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 4:25
12 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။-


ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။


ငါ​ပိုင်​သည့်​ငွေ​ကို​ငါ​အ​လို​ရှိ​သည့်​အ​တိုင်း​မ​သုံး စွဲ​အပ်​ပါ​သ​လော။ ငါ​ရက်​ရော​သော​ကြောင့်​သင် မ​နာ​လို​ဝန်​တို​စိတ်​ရှိ​သ​လော' ဟု​ဆို​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။


ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​အ​ကြံ​အ​စည်​တော်​များ​သည်​သင်​တို့ အ​ကြံ​အ​စည်​များ​နှင့်​မ​တူ။ ငါ​၏​နည်း​နာ​များ​သည်​လည်း​သင်​တို့ နည်း​နာ​များ​နှင့်​ခြား​နား​၏။


ထို​အ​ခါ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​အား​ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``မိုး​မြေ​ကို​အ​စိုး​ရ​တော်​မူ သော​အ​ဖ၊ ကိုယ်​တော်​သည်​အ​သိ​ပ​ညာ​ရှင်​များ​မှ ထိမ်​ဝှက်​ထား​တော်​မူ​သော​အ​ကြောင်း​အ​ရာ​များ ကို ပ​ညာ​မဲ့​သူ​များ​အား​ဖွင့်​ပြ​တော်​မူ​သော ကြောင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ အ​ဖ ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ​ကိုယ်​တော် လို​လား​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပါ​၏။


ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ​ကိုယ်​တော်​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပျက်​ကြ ရ​၏။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​လို​တော် အ​ရ​ရှေး​မ​ဆွ​က ပြု​တော်​မူ​သည့်​စီ​ရင် ဆုံး​ဖြတ်​ချက်​ကို​အ​ခြေ​ခံ​၍ ငါ​တို့​အား ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ လျက် မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​တော်​မူ​ပေ​သည်။-


မိ​မိ​ရည်​ရွယ်​ချက်​အ​တိုင်း​ပြု​တော်​မူ​၏။ ခ​ရစ်​တော်​အား​ဖြင့်​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ​တို့​အား​သိ​စေ​တော်​မူ​ပြီ။-


မိတ်​ဆွေ၊ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​ဘု​ရား သ​ခင်​အား​ဤ​သို့​လျှောက်​ထား​နိုင်​သ​နည်း။ အ​ဖန်​ဆင်း​ခံ​က​ဖန်​ဆင်း​တော်​မူ​ရှင်​အား``အ​ရှင် သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​ဤ​သို့ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​နိုင်​မည် လော။-


ကိုယ်​တော်​က​မော​ရှေ​အား``ငါ​ကျေး​ဇူး​ပြု​လို သူ​ကို​ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သူ​ကို သ​နား​မည်'' ဟု​မိန့်​တော်​မူ​၏။-


ထို​သူ​တို့​မှာ​ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော သည့်​အ​ချိန်​ကာ​လ​အ​တွင်း မိုး​မ​ရွာ​စေ​ရန် မိုး​ကောင်း​ကင်​ကို​ပိတ်​နိုင်​သော​တန်​ခိုး​ရှိ​၏။ ရေ​ကို​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင် သော​တန်​ခိုး​လည်း​ရှိ​၏။ သူ​တို့​သည်​မိ​မိ တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​ကမ္ဘာ​မြေ​ကြီး ကို​ဘေး​ဒဏ်​အ​မျိုး​မျိုး​သင့်​စေ​နိုင်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ