ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
ဗျာဒိတ် 11:11 - Common Language Bible ထိုနောက်သုံးရက်ခွဲကြာသောအခါဘုရား သခင်၏ထံတော်မှအသက်ဝိညာဉ်သည် ထိုသူ တို့အထဲသို့ဝင်သဖြင့်သူတို့သည်ထ၍ မတ်တတ်ရပ်ကြ၏။ ဤအချင်းအရာကို တွေ့မြင်သူကမ္ဘာသူကမ္ဘာသားတို့သည် လည်းထိတ်လန့်ကြကုန်၏။- Garrad Bible ဆို ခဲ့ သော သုံး ရက် ခွဲ လွန် ပြီး နောက် ဘု ရား သ ခင့် အ ထံ တော် မှ ဇီ ဝ အ သက် ပြန် ရ သော ထို ပု ဂ္ဂိုလ် တို့ ခြေ စုံ ရပ် ကြ ရာ ကြည့် မြင် သ မျှ သော သူ တို့ ၌ များ စွာ ကြောက် ရွံ့ ခြင်း ဖြစ် လိမ့် မည်၊၊ Judson Bible ထိုနောက် သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့်၊ သူတို့သည် မတ်တတ်ထ၍ မြင်သမျှသောသူတို့သည် အလွန် ကြောက်ရွံ့ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သုံးရက်ခွဲလွန်ပြီးသောအခါ ဘုရားသခင်ထံတော်မှဇီဝအသက်သည် ထိုသူတို့အထဲသို့ဝင်၍ သူတို့သည် မိမိတို့ခြေဖြင့်မတ်တပ်ရပ်ကြ၏။ ထိုသူတို့ကိုမြင်သောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သုံးရက်ခွဲကြာပြီးနောက် ဘုရားသခင်ထံမှ အသက်ဝိညာဉ်သည် ထိုသူတို့ထဲသို့ ဝင်ရောက်၍ သူတို့သည် ထရပ်ကြ၏။ ထိုနှစ်ပါးကို မြင်သောလူတို့သည် ထိတ်လန့်ကြ၏။ |
ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သို့ရာတွင်ဣသရေလပြည်သားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့လည်းကောင်း၊ သူတို့၏ဘုရင် ဒါဝိဒ်မင်း၏အဆက်အနွယ်ထံသို့လည်း ကောင်းပြန်လာမည့်အချိန်ကျရောက်လိမ့် မည်။ ထိုအခါသူတို့သည်ထာဝရဘုရား အားကြောက်ရွံ့ရိုသေကြလိမ့်မည်။ ကိုယ် တော်သည်လည်းသူတို့အားကောင်းချီး မင်္ဂလာကိုချပေးတော်မူလိမ့်မည်။
အသင်းတော်တစ်သင်းလုံးနှင့်ထိုအဖြစ် အပျက်အကြောင်းကို ကြားကြသူအပေါင်း သည်လွန်စွာကြောက်လန့်ကြကုန်၏။
ထိုစကားကိုကြားသည်နှင့်တစ်ပြိုင်နက် အာနနိသည်လဲကျသေဆုံးလေသည်။ ဤ အဖြစ်အပျက်အကြောင်းကိုကြားကြသူ အပေါင်းသည် လွန်စွာကြောက်လန့်ကြ၏။-
သခင်ယေရှုကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော် သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောအရှင်သည်သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သောသင်တို့၏ကိုယ်ခန္ဓာကိုလည်း ရှင်စေတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
``ထာဝရဘုရားသည်သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကျွန်မသိပါသည်။ ဤပြည်သားအပေါင်းတို့သည်သင်တို့ကို ကြောက်လန့်လျက်ရှိကြပါသည်။-
ထိုခဏ၌မြေငလျင်ပြင်းစွာလှုပ်သဖြင့် မြို့ကြီး၏ဆယ်ပုံတစ်ပုံပျက်စီး၍လူပေါင်း ခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူ တို့သည်ထိတ်လန့်လျက်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ ကုန်၏။
တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကို ပြောကြသောလူမျိုးအနွယ် အပေါင်းတို့သည် သူတို့၏အလောင်းများကို သင်္ဂြိုဟ်ရန်ခွင့်မပြုဘဲ သုံးရက်ခွဲတိုင်အောင် ကြည့်နေကြလိမ့်မည်။-