ဆီမီးခုံအတွက်မီးခွက်ခုနစ်လုံးကိုပြုလုပ် လော့။ ထိုမီးခွက်များမှရှေ့သို့အလင်းရောင် ထွက်လာစေရန်စီမံလော့။-
ဗျာဒိတ် 1:20 - Common Language Bible ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ့ ညာ လက် တွင် သင် မြင် သော ကြယ် ခု နစ် လုံး မှ စ၍ ရွှေ မီး ခုံ ခု နစ် ခုံ၏ အ နက် ကား မီး ခုံ ခု နစ် ခုံ သည် အ သင်း တော် ခု နစ် ပါး၊ ကြယ် ခု နစ် လုံး သည် ထို အ သင်း တော် ခု နစ် ပါး ဆိုင် ရာ စေ တ မန် တော် များ တည်း။ Judson Bible ငါ့လက်ယာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သောတမန်ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ၏လက်ယာလက်၌ သင်မြင်တွေ့ရသော ကြယ်ခုနစ်လုံးနှင့် ရွှေဆီမီးတိုင် ခုနစ်တိုင်တို့၏ လျှို့ဝှက်နက်နဲသောအရာမှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏ ကောင်းကင်တမန်များဖြစ်ပြီး ရွှေဆီမီးတိုင်ခုနစ်တိုင်သည် အသင်းတော်ခုနစ်ပါးဖြစ်၏။ |
ဆီမီးခုံအတွက်မီးခွက်ခုနစ်လုံးကိုပြုလုပ် လော့။ ထိုမီးခွက်များမှရှေ့သို့အလင်းရောင် ထွက်လာစေရန်စီမံလော့။-
သူသည်ဆီမီးတိုင်အတွက်ဆီမီးခွက် ခုနစ်လုံး၊ မီးညှပ်နှင့်မီးညှပ်ခံခွက်များ ကိုရွှေဖြင့်ပြုလုပ်၏။-
``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။-
ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။
ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။
သူသည်လက်ယာလက်ဖြင့်ကြယ်ခုနစ်လုံး ကိုကိုင်၍ထား၏။ သူ၏ခံတွင်းမှထက်သော သန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည် လည်းမွန်းတည့်နေကဲ့သို့တောက်ပ၏။-
ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊-
သူ၏နဖူးပေါ်တွင်``ပြည့်တန်ဆာအပေါင်းနှင့် လောက၌စက်ဆုပ်ဖွယ်ရာများ၏မိခင်၊ ဗာဗု လုန်မြို့ကြီး'' ဟူ၍လျှို့ဝှက်သည့်အနက်ရှိ သောကမ္ပည်းကိုရေးထိုးထား၏။-
ကောင်းကင်တမန်ကအဘယ်ကြောင့်အံ့သြ သနည်း။ ထိုအမျိုးသမီး၏လျှို့ဝှက်သည့် အနက်အဋ္ဌိပ္ပါယ်ကိုလည်းကောင်း၊ သူထိုင်နေ သောဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိသည့်သားရဲ၏လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ် ကိုလည်းကောင်းငါပြောပြမည်။-
``ဧဖက်မြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ ဤသို့စာရေး၍သြဝါဒပေးလိုက်လော့။ ဤသြဝါဒသည်ကြယ်ခုနစ်လုံးကိုလက်ယာ လက်တွင်ကိုင်ကာ ရွှေမီးခွက်ခုနစ်ခုအကြား တွင်သွားလာနေသူ၏ထံမှဖြစ်၏။-
``ပေရဂံမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ထက်မြက်သောသန်လျက် ဆောင်ထားသူ၏ထံမှဖြစ်၏။-
သွာတိရမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်ဘုရားသခင်၏သားတော် ထံမှဖြစ်၏။ ထိုအရှင်၏မျက်စိတော်များသည် မီးလျှံသဖွယ်တောက်ပလျက်၊ ခြေတော်များ သည်တောက်ပြောင်သောကြေးဝါကဲ့သို့ဖြစ်၏။-
သို့ဖြစ်၍သင်သည်အဘယ်မျှလောက်ကျဆင်း လာသည်ကိုဆင်ခြင်လော့။ နောင်တရ၍အစ ကပြုကျင့်ခဲ့သည့်အတိုင်းပြုကျင့်လော့။ သို့ မပြုပါမူသင်ရှိရာသို့ငါလာခဲ့မည်။ သင် နောင်တမရလျှင်သင်၏မီးခွက်ကိုနေရာမှ ငါဖယ်ရှားပစ်မည်။-
စမုရနမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်အစနှင့်အဆုံးဖြစ်သူ၊ သေပြီးမှအသက်ပြန်၍ရှင်လာသူ၏ထံမှ ဖြစ်သည်။-
``သာဒိမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်၏ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူထံ မှဖြစ်၏။ သင်ပြုသောအမှုကိုငါသိ၏။ သင်သည်သက်ရှင်လှုပ်ရှားလျက်နေသည် ဟုကျော်ကြားသော်လည်းသေလျက်နေ၏။-
``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-