ထာဝရဘုရားသည်သမုဒ္ဒရာ မြည်ဟည်းသံထက်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးများထက်လည်းကောင်းသာ၍ တန်ခိုးကြီးပြီးလျှင် အချုပ်အခြာအာဏာတော်ဖြင့်ကောင်းကင်ဘုံတွင် စိုးစံတော်မူ၏။
ဗျာဒိတ် 1:15 - Common Language Bible သူ၏ခြေတို့သည်မီးဖြင့်ချွတ်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၏။ သူ၏အသံ မှာရေတံခွန်ကြီး၏အသံနှင့်တူ၏။- Garrad Bible ခြေ တော် သည် မီး ဖြင့် ချွတ် တိုက် ပြီး ကြေး ကဲ့ သို့ လည်း ကောင်း၊ အ သံ တော် သည် သ မု ဒ္ဒ ရာ ဟုန်း သံ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် လျက်၊ Judson Bible ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သူ၏ခြေတို့သည် မီးပြင်းဖိုတွင်ချွတ်၍သန့်စင်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၍ သူ၏အသံသည် များစွာသောရေဟုန်၏အသံကဲ့သို့ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၏ခြေတို့သည် မီးပြင်းဖို၌ ချွတ်၍ သန့်စင်ထားသော ကြေးဝါကဲ့သို့ တောက်ပနေပြီး သူ၏အသံသည် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့ဖြစ်၏။ |
ထာဝရဘုရားသည်သမုဒ္ဒရာ မြည်ဟည်းသံထက်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးများထက်လည်းကောင်းသာ၍ တန်ခိုးကြီးပြီးလျှင် အချုပ်အခြာအာဏာတော်ဖြင့်ကောင်းကင်ဘုံတွင် စိုးစံတော်မူ၏။
ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
သူတို့ပျံသန်းကြသောအခါအတောင်ခတ်သည့်အသံကိုငါကြားရ၏။ ထိုအသံသည်ပင်လယ်မြည်ဟည်းသကဲ့သို့လည်းကောင်း၊ ကြီးမားသောစစ်သည်ဗိုလ်ခြေတို့၏အသံကဲ့သို့ကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံတော်ကဲ့သို့ဖြစ်၏။ သူတို့ရပ်နားကြသောအခါမိမိတို့၏အတောင်များကိုချထားကြ၏။-
သူတို့၏ခြေတို့သည်ဖြောင့်တန်းလျက်နေသော်လည်း ယင်းတို့တွင်နွားခွာနှင့်တူသောခွာများရှိ၏။ ထိုသတ္တဝါတို့သည်တိုက်ချွတ်ထားသောကြေးဝါကဲ့သို့တောက်ပြောင်လျက်နေ၏။-
ကိုယ်တော်သည်ငါ့အားထိုမြို့အနီးသို့ခေါ်ဆောင်သွားတော်မူသောအခါ ငါသည်ကြေးဝါကဲ့သို့တောက်ပြောင်လျက်နေသောလူတစ်ယောက်ကိုမြင်ရ၏။ သူသည်ပေကြိုးနှင့်တိုင်းတာရန် ကူလုံးတို့ကိုကိုင်ကာမြို့တံခါးဝတွင်ရပ်လျက်နေ၏။
ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-
သူ၏ခန္ဓာကိုယ်သည်ကျောက်မျက်ရတနာ ကဲ့သို့တောက်ပ၏။ သူ၏မျက်နှာသည်လျှပ် စစ်နွယ်ကဲ့သို့ပြောင်လက်လျက် သူ၏မျက်စိ များသည်မီးကဲ့သို့အလျှံထလျက်နေ၏။ သူ၏လက်ခြေတို့သည် တိုက်ချွတ်ထားသော ကြေးဝါကဲ့သို့တောက်ပ၍ သူ၏အသံ သည်လူပရိတ်သတ်ကြီး၏အော်ဟစ်သံ နှင့်တူ၏။
ထိုနောက်ကောင်းကင်မှခွန်အားကြီးမားသော ကောင်းကင်တမန်တစ်ပါးဆင်းသက်လာသည် ကိုငါမြင်ရ၏။ သူသည်မိုးတိမ်ကိုဝတ်ဆင် ၍သူ၏ဦးခေါင်းပတ်လည်တွင်သက်တန့်ရှိ၏။ သူ၏မျက်နှာသည်နေနှင့်တူ၏။ သူ၏ခြေ ထောက်တို့သည်မီးဖြင့်ပြီးသောတိုင်များ နှင့်တူ၏။-
ကောင်းကင်မှသမုဒ္ဒရာဟုန်းသံနှင့်မိုးချုန်း သံကြီးကဲ့သို့သောအသံကို ငါကြားရ၏။ ထိုအသံသည်စောင်းသမားများတီးသည့် စောင်းသံနှင့်တူ၏။-
ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။-
သွာတိရမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်ဘုရားသခင်၏သားတော် ထံမှဖြစ်၏။ ထိုအရှင်၏မျက်စိတော်များသည် မီးလျှံသဖွယ်တောက်ပလျက်၊ ခြေတော်များ သည်တောက်ပြောင်သောကြေးဝါကဲ့သို့ဖြစ်၏။-