Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 1:14 - Common Language Bible

14 သူ​၏​ဆံ​ပင်​သည်​မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ သိုး​မွေး​ကဲ့​သို့​လည်း​ကောင်း​ဖြူ​၏။ သူ​၏​မျက် လုံး​များ​သည်​လည်း​မီး​လျှံ​ကဲ့​သို့​တောက်ပ လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဦး ခေါင်း တော် ရှိ ကေ သာ တော် သည် သိုး မွေး၊ မိုး ပွင့် နှင့် အ မျှ ဖြူ ဆွတ် လျက် စ က္ခု တော် သည် မီး လျှံ ကဲ့ သို့ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ခေါင်း​တော်​နှင့် ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွှေး​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြူ၏။ မျက်​စိ​တော်​သည်​လည်း မီး​လျှံ​ကဲ့​သို့ ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို​သူ​၏​ဦးခေါင်း​နှင့်​ဆံပင်​တို့​သည် ဖြူ​သော​သိုးမွေး​ကဲ့သို့​လည်းကောင်း၊ နှင်းပွင့်​ကဲ့သို့​လည်းကောင်း ဖြူ​၍ သူ​၏​မျက်စိ​တို့​သည် မီးလျှံ​ကဲ့သို့​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သူ​၏​ဦးခေါင်း​မှ ဆံပင်တို့​သည် သိုးမွေး​နှင့် နှင်းပွင့်များ​ကဲ့သို့​ဖြူ​၍ သူ​၏​မျက်လုံးများ​သည် မီးလျှံ​ကဲ့သို့​တောက်ပကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 1:14
5 ပူးပေါင်းရင်းမြစ်များ  

သူ​၏​ခန္ဓာ​ကိုယ်​သည်​ကျောက်​မျက်​ရ​တ​နာ ကဲ့​သို့​တောက်​ပ​၏။ သူ​၏​မျက်​နှာ​သည်​လျှပ် စစ်​နွယ်​ကဲ့​သို့​ပြောင်​လက်​လျက် သူ​၏​မျက်​စိ များ​သည်​မီး​ကဲ့​သို့​အ​လျှံ​ထ​လျက်​နေ​၏။ သူ​၏​လက်​ခြေ​တို့​သည် တိုက်​ချွတ်​ထား​သော ကြေး​ဝါ​ကဲ့​သို့​တောက်​ပ​၍ သူ​၏​အ​သံ သည်​လူ​ပ​ရိတ်​သတ်​ကြီး​၏​အော်​ဟစ်​သံ နှင့်​တူ​၏။


ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-


သူ​၏​အ​ဆင်း​သဏ္ဌာန်​သည်​လျှပ်​စစ်​လက်​သ​ကဲ့​သို့ ဖြစ်​၍​သူ​၏​အ​ဝတ်​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၏။-


သူ​၏​မျက်​လုံး​တော်​တို့​သည်​မီး​လျှံ​ကဲ့​သို့ တောက်​ပ​၏။ သူ​၏​ဦး​ခေါင်း​တော်​တွင်​သ​ရ​ဖူ များ​ကို​ဆောင်း​ထား​၏။ မိ​မိ​မှ​တစ်​ပါး အ​ခြား​မည်​သူ​မျှ​မ​သိ​သည့်​အ​မည်​နာ​မ တော်​ကို​သူ​၏​အ​ပေါ်​မှာ​ရေး​မှတ်​ထား​၏။-


သွာ​တိ​ရ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ``ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ထံ​မှ​ဖြစ်​၏။ ထို​အ​ရှင်​၏​မျက်​စိ​တော်​များ​သည် မီး​လျှံ​သ​ဖွယ်​တောက်​ပ​လျက်၊ ခြေ​တော်​များ သည်​တောက်​ပြောင်​သော​ကြေး​ဝါ​ကဲ့​သို့​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ