ဆာလံ 93:4 - Common Language Bible4 ထာဝရဘုရားသည်သမုဒ္ဒရာ မြည်ဟည်းသံထက်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးများထက်လည်းကောင်းသာ၍ တန်ခိုးကြီးပြီးလျှင် အချုပ်အခြာအာဏာတော်ဖြင့်ကောင်းကင်ဘုံတွင် စိုးစံတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ပင် လယ် ဟုန်း သံ နှင့် သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး များ အား ကြီး သည် ထက်၊ ထာ ဝ ရ ဘု ရား သည် မြင့် မြတ်၍ တန် ခိုး ကြီး တော် မူ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ရေများဟုန်းသံနှင့်တကွ သမုဒ္ဒရာလှိုင်းတံပိုးတို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သော အရပ်၌သာ၍ တန်ခိုးကြီးတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 မြင့်သောအရပ်၌ရှိတော်မူသောထာဝရဘုရားသည် များစွာသောရေတို့၏မြည်ဟည်းသံထက်တန်ခိုးကြီးတော်မူ၏။ ပင်လယ်လှိုင်းတံပိုးများထက် တန်ခိုးကြီးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-