ထာဝရဘုရားကမောရှေအားမိန့်တော်မူသည့် အတိုင်း၊ ကျွမ်းကျင်စွာရက်လုပ်သောခါးပန်း ကို၊ အလားတူပစ္စည်းနှင့်ရက်လုပ်၍ သင်တိုင်း နှင့်တစ်သားတည်းဖြစ်စေကြ၏။-
ဗျာဒိတ် 1:13 - Common Language Bible ထိုမီးခွက်များအလယ်၌လူနှင့်တူသူတစ် ဦးကိုလည်းကောင်းတွေ့ရ၏။ ထိုသူသည်ခြေ ဖျားတိုင်အောင်ရောက်သည့်ဝတ်လုံရှည်ကိုခြုံ ၍ရွှေရင်စည်းကိုဝတ်ဆင်ထား၏။- Garrad Bible ထို အ လယ် တွင် လူ့ သား နှင့် တူ သော ပု ဂ္ဂိုလ် တစ် ပါး ကိုလည်း ကောင်း မြင် ရ၏။ ထို ပု ဂ္ဂိုလ် သည် ဝတ် လုံ ရုံ လျက် ရွှေ ရင် စီး ကို စည်း လျက်၊ Judson Bible ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသော သူတစ်ဦးကိုလည်းကောင်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုဆီမီးခုံများအလယ်၌ ခြေဖျားတိုင်အောင်ရောက်သောဝတ်ရုံကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထားသည့် လူ့သားနှင့်တူသောသူတစ်ဦးကို ငါမြင်ရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤရွှေဆီမီးတိုင်များအလယ်တွင် လူသားနှင့်တူသောသူတစ်ဦးကို တွေ့ရ၏။ ထိုသူသည် ခြေဖျားထိရှည်သောဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင်လည်း ရွှေရင်စည်းကို စည်းထား၏။ |
ထာဝရဘုရားကမောရှေအားမိန့်တော်မူသည့် အတိုင်း၊ ကျွမ်းကျင်စွာရက်လုပ်သောခါးပန်း ကို၊ အလားတူပစ္စည်းနှင့်ရက်လုပ်၍ သင်တိုင်း နှင့်တစ်သားတည်းဖြစ်စေကြ၏။-
ထိုအခါလူသဏ္ဌာန်ရှိသူတစ်ဦးသည်လက် ကိုဆန့်၍ ငါ၏နှုတ်ကိုတို့လျှင်ငါသည်မိမိ ၏ရှေ့တွင်ရပ်နေသောသူအား``အရှင်၊ ဤဗျာ ဒိတ်ရူပါရုံသည်အကျွန်ုပ်အားလွန်စွာအား လျော့စေသည်ဖြစ်၍အကျွန်ုပ်သည်တုန်လှုပ် လျက်သာနေပါ၏။-
ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-
ငါသည်ကြည့်ရှုနေစဉ်ရာဇပလ္လင်များကိုတည်ထားသည်ကိုလည်းကောင်း၊ တစ်ခုသောပလ္လင်ပေါ်တွင်ထာဝစဉ်အသက်ရှင်တော်မူသောအရှင် ထိုင်လျက်နေတော်မူသည်ကိုလည်းကောင်းမြင်ရ၏။ ထိုအရှင်၏အဝတ်တို့သည်မိုးပွင့်ကဲ့သို့ဖြူ၍ဆံတော်သည်လည်းသိုးမွေးစစ်နှင့်တူ၏။ ရဲရဲတောက်နေသောဘီးများတပ်ဆင်ထားသည့်ကိုယ်တော်၏ပလ္လင်တော်သည်မီးလျှံထလျက်နေ၏။-
အာရုန်အားအင်္ကျီ၊ ဝတ်ရုံနှင့်ခါးပန်းကို ခါးတွင်ဝတ်ဆင်ပေး၏။ ထိုနောက်သင်တိုင်း ကိုဝတ်ပေး၍လှပစွာရက်ထားသောခါး စည်းဖြင့်သင်တိုင်းကိုချည်နှောင်ပေး၏။-
ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-
တစ်ဖန်ကြည့်လိုက်သောအခါမိုးတိမ်ဖြူတစ်ခု ကို ငါမြင်ရ၏။ ထိုမိုးတိမ်ပေါ်တွင်လူနှင့်တူသော သူတစ်ဦးထိုင်၍နေ၏။ သူ၏ဦးခေါင်း၌ရွှေ သရဖူကိုဆောင်းထား၏။ လက်ထဲတွင်ထက် သောတံစဉ်ကိုကိုင်ထား၏။-
ထိုအခါကပ်ခုနစ်ပါးကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ်ပါးသည်ဗိမာန်တော် ထဲမှထွက်လာကြ၏။ သူတို့သည်ပြောင်လက် စင်ကြယ်သော ပိတ်ချောထည်ကိုဝတ်ဆင်၍ ရွှေရင်စည်းကိုပတ်ထားကြ၏။-
``ဧဖက်မြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ ဤသို့စာရေး၍သြဝါဒပေးလိုက်လော့။ ဤသြဝါဒသည်ကြယ်ခုနစ်လုံးကိုလက်ယာ လက်တွင်ကိုင်ကာ ရွှေမီးခွက်ခုနစ်ခုအကြား တွင်သွားလာနေသူ၏ထံမှဖြစ်၏။-