ဒံယေလ 10:16 - Common Language Bible16 ထိုအခါလူသဏ္ဌာန်ရှိသူတစ်ဦးသည်လက် ကိုဆန့်၍ ငါ၏နှုတ်ကိုတို့လျှင်ငါသည်မိမိ ၏ရှေ့တွင်ရပ်နေသောသူအား``အရှင်၊ ဤဗျာ ဒိတ်ရူပါရုံသည်အကျွန်ုပ်အားလွန်စွာအား လျော့စေသည်ဖြစ်၍အကျွန်ုပ်သည်တုန်လှုပ် လျက်သာနေပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible16 လူ့ သား၏ ပုံ သ ဏ္ဌာန် ရှိ သူ တစ် ပါး သည် ငါ့ နှုတ် ကို တို့ မှ၊ ငါ နှုတ် ပွင့်၍ အ ရှင် ဘု ရား၊ ထို ရူ ပါ ရုံ အ တွက် ကျွန် တော် မျိုး အ ပေါ် တွင်၊ ဒု က္ခ ဝေ ဒ နာ သင့် ရောက် သ ဖြင့် အား ပြတ် ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုအခါ လူသား၏သဏ္ဌာန်ရှိသော သူတစ်ဦးသည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည် နှုတ်ကိုဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထိုအခါ လူသဏ္ဌာန်နှင့်တူသောသူက ငါ့နှုတ်ခမ်းကို တို့၏။ ငါလည်း နှုတ်ကိုဖွင့်၍ ငါ့ရှေ့၌ရပ်နေသောသူအား “အကျွန်ုပ်၏သခင်၊ ဤနိမိတ်အာရုံကြောင့် အကျွန်ုပ်သည် ပြင်းထန်သောဝေဒနာကိုခံစားရ၍ ခွန်အားလည်း ကုန်ခန်းပါပြီ။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သင့်အားငါတစ်ဖန်ပြောကြားစေ လိုသောအခါ၌သင်၏နှုတ်ကိုဖွင့်မည်။ ထို အခါသင်သည်သူတို့အားငါ့အရှင်ထာဝရ ဘုရား ဤသို့မိန့်တော်မူသည်ဟုဆင့်ဆိုရ မည်။ အချို့သောသူတို့သည်သင့်စကားကို နားထောင်၍ အချို့တို့သည်နားမထောင်ဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်ပုန်ကန်တတ်သောလူမျိုးဖြစ်သော ကြောင့်တည်း။''
ဂိဒေါင်ကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ် သည်အဘယ်သို့ဣသရေလအမျိုးသားတို့ ကိုကယ်ဆယ်နိုင်ပါမည်နည်း။ အကျွန်ုပ်၏သား ချင်းစုသည်မနာရှေအနွယ်တွင် အားအနည်း ဆုံးသောသူဖြစ်ပါ၏။ အကျွန်ုပ်သည်လည်း မိမိ၏မိသားစုတွင်အရေးမပါ၊ အရာ မရောက်ဆုံးသောသူဖြစ်ပါသည်'' ဟု ပြန် လည်လျှောက်ထား၏။
ဂိဒေါင်ကသူ့အား``အို အရှင်၊ အကယ်၍ထာဝရ ဘုရားသည်အကျွန်ုပ်တို့နှင့်အတူရှိတော်မူသည် မှန်ပါလျှင် အဘယ်ကြောင့်ဤဘေးဆိုးသင့်ရောက် ရပါသနည်း။ ထာဝရဘုရားသည်မိမိတို့အား အီဂျစ်ပြည်မှထုတ်ဆောင်လာပုံ အစရှိသည့် အံ့သြဖွယ်အမှုအရာများကိုပြုတော်မူ ကြောင်းဘိုးဘေးတို့ပြောဆိုခဲ့ကြပါ၏။ ထို အံ့သြဖွယ်ရာတို့သည်အဘယ်မှာနည်း။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့ကိုစွန့်၍မိဒျန်အမျိုး သားတို့၏လက်သို့အပ်တော်မူပါပြီတကား'' ဟုပြော၏။
သို့ရာတွင် မောရှေကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ်အားစေလွှတ်တော်မမူပါနှင့်။ အကျွန်ုပ် သည်မည်သည့်အခါကမျှနှုတ်သတ္တိမရှိခဲ့ ပါ။ ကိုယ်တော်ရှင်ကအကျွန်ုပ်အားမိန့်ကြား ပြီးသည်အခါ၌ပင်၊ နှုတ်သတ္တိမရှိသေးပါ။ အကျွန်ုပ်သည်နှုတ်စ၊ လျှာစလေးသူ၊ စကား ပြောနှေးသူဖြစ်ပါသည်'' ဟုလျှောက်လေ၏။
ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။-