ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
ဗျာဒိတ် 1:1 - Common Language Bible ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။- Garrad Bible မ ကြာ မီ ဖြစ် ပျက် ရ မည့် အ ခြင်း အ ရာ များ ကို ကျွန် တော် ရင်း တို့ အား ထင် ရှား စေ ရန် ဘု ရား သ ခင် သ နား တော် မူ၍ ကိုယ် တော်၏ ကျွန် ယော ဟန့် ထံ စေ တ မန် တော် အား ဖြင့်၊ ယေ ရှု ခ ရစ် ဆင့် ဆို ဖော် ပြ တော် မူ သော ဗျာ ဒိတ် တော် အ တိုင်း၊ Judson Bible ကာလမကြာမမြင့်မီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤစာစောင်သည် ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်မှာ ဘုရားသခင်က မိမိ၏ အစေခံများအား မကြာမီဖြစ်ပျက်ရမည့်အရာကို ဖော်ပြရန် ယေရှုခရစ်တော်ထံ ပေးအပ်တော်မူသောဗျာဒိတ်တော်ဖြစ်၏။ ထို့ကြောင့် ခရစ်တော်သည် ထိုဗျာဒိတ်တော်ကို မိမိ၏အစေခံယောဟန်အား ဖွင့်ပြရန် ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏။ |
ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
ထိုအချိန်၌``အချင်းဂါဗြေလ၊ ထိုသူအား ရူပါရုံ၏အနက်ကိုဖော်ပြလော့'' ဟူ၍ဥလဲ မြစ်ဘက်မှလူ့အသံနှင့်ဟစ်၍ပြောဆိုသည် ကိုငါကြားရ၏။-
ယင်းသို့ငါဆုတောင်းပတ္ထနာပြုလျက်နေ စဉ် ယခင်ဗျာဒိတ်ရူပါရုံတွင်ငါတွေ့မြင် ခဲ့သူ၊ ဂါဗြေလသည်ငါရှိရာသို့ပျံဝဲ ဆင်းသက်လာ၏။ ထိုအချိန်ကားညဥ့်ဦး ယံယဇ်ပူဇော်ရာအချိန်ဖြစ်၏။-
သင်သည်ဘုရားသခင်အားစတင်အသ နားခံသောအခါ ကိုယ်တော်သည်သင့်ပတ္ထနာ ကိုနားထောင်တော်မူ၏။ ကိုယ်တော်သည်သင့် အားချစ်မြတ်နိုးတော်မူသည်ဖြစ်၍ ကိုယ် တော်၏ဖြေကြားချက်ကိုသင့်အားဖော် ပြရန် ငါ့ကိုစေလွှတ်တော်မူသည်။ ဗျာဒိတ် ရူပါရုံအကြောင်းကိုငါရှင်းလင်းဖော်ပြ နေစဉ်ဂရုပြု၍နားထောင်လော့။
အကယ်စင်စစ်အရှင်ထာဝရဘုရားသည် မိမိ၏အကြံတော်ကို မိမိ၏ကျွန်ပရောဖက် တို့အားမဖော်ပြဘဲမည်သည့်အမှုကိုမျှ ပြုတော်မမူ။
အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်ပိုင်အခွင့် အာဏာအရဟောပြောခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏အမိန့် တော်အရဟောပြောခြင်းဖြစ်၏။-
ယခုမှစ၍သင်တို့အားအစေခံဟူ၍ငါ မခေါ်။ အဘယ်ကြောင့်ဆိုသော်အစေခံသည် သခင်ပြုသည့်အမှုကိုမသိသောကြောင့် ဖြစ်၏။ ခမည်းတော်ထံမှငါကြားရသမျှ တို့ကိုသင်တို့အားငါပြောကြားပြီးဖြစ် သဖြင့် သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။-
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
ထိုအရှင်သည်မိမိမြင်ခဲ့ကြားခဲ့ရသော အရာများအကြောင်းကိုဟောပြောတော်မူ သော်လည်း ကိုယ်တော်၏ဟောပြောချက်ကို အဘယ်သူမျှလက်မခံကြ။-
သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။
ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
ထိုသတင်းကောင်းကိုငါသည်မည်သည့်လူ တစ်စုံတစ်ယောက်ထံကမျှရသည်မဟုတ်။ မည်သူမျှလည်းငါ့ကိုသင်ကြား၍မပေး။ ထို သတင်းကောင်းကိုယေရှုခရစ်ကိုယ်တော်တိုင် ငါ့အားဗျာဒိတ်တော်အားဖြင့်ပေးအပ်တော် မူ၏။
ဘုရားသခင်သည်မိမိ၏နက်နဲသောအကြံ အစည်တော်ကိုငါ့အားဖွင့်ပြတော်မူ၏။ (ဤ အကြောင်းအရာနှင့်ပတ်သက်၍သင်တို့အား အကျဉ်းအားဖြင့်ငါဖော်ပြခဲ့ပြီးပေပြီ။-
ဘုရားသခင်၏အစေခံနှင့်သခင်ယေရှု ခရစ်၏တမန်တော်ဖြစ်သူ ငါပေါလုသည် စာရေးလိုက်ပါသည်။ ဘုရားသခင်သည်မိမိရွေးကောက်တော်မူ သောလူစုတော်၏ ယုံကြည်ခြင်းကိုပြုစု ပေးစေရန်လည်းကောင်း၊ ငါတို့၏ဘာသာ တော်ကသွန်သင်သည့်သမ္မာတရားတော် အကြောင်းကို ထိုသူတို့သဘောပေါက်နား လည်ကြစေရန်လည်းကောင်းငါ့ကိုရွေး ချယ်စေလွှတ်တော်မူ၏။-
သင်တွေ့မြင်ရသည့်အမှုအရာများမှာ ယခု မျက်မှောက်နှင့်နောင်အခါ၌ဖြစ်ပျက်မည့်အမှု အရာများဖြစ်၏။ ထိုအရာများအကြောင်းကို ရေးထားလော့။-
ငါကားနိုင်ငံတော်သားများခံရသည့်ဆင်း ရဲဒုက္ခကို သင်တို့နှင့်အတူသည်းခံနေရသူ၊ သင်တို့၏အစ်ကိုယောဟန်ဖြစ်၏။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်သခင် ယေရှုဖော်ပြသက်သေခံသည့်သမ္မာတရား ကိုဟောပြောကြေညာသည့်အတွက်ပတ်မု ကျွန်းသို့အပို့ခံရ၏။-
ထိုနောက်ဖလားခုနစ်လုံးကိုကိုင်ထားသော ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါး သည်ငါ့ထံသို့လာ၍``လာလော့။ မြစ်များအနီး တွင်တည်ရှိသည့်မြို့ကြီးတည်းဟူသော ပြည့်တန် ဆာမကြီးခံရသည့်အပြစ်ဒဏ်ကိုသင့်အား ငါပြမည်။-
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။
ထိုနောက်ကောင်းကင်တမန်က``သိုးသူငယ်တော် ၏ထိမ်းမြားမင်္ဂလာပွဲသို့ဖိတ်ခေါ်ခြင်းခံရသူ တို့သည်မင်္ဂလာရှိကြ၏ဟုရေးမှတ်ထားလော့'' ဟူ၍လည်းကောင်း``ဤစကားသည်ဘုရားသခင် ၏နှုတ်တော်ထွက်စကားပင်ဖြစ်၏'' ဟူ၍လည်း ကောင်းငါ့အားမြွက်ဆို၏။
ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သောမြို့ကြီးဖြစ်သည့်ယေရု ရှလင်မြို့သစ်သည် သတို့သားအတွက်အဝတ် တန်ဆာဆင်ယင်ထားသည့်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်သက်ဆင်းလာသည်ကိုငါမြင် ရ၏။-
ထိုနောက်နောက်ဆုံးဘေးဒဏ်ခုနစ်ပါးဖြင့် ပြည့်သောခွက်ဖလားခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက်တစ်ပါး သည်ငါ့ထံသို့လာ၍``လာပါ။ သိုးသူငယ်၏ ဇနီးတည်းဟူသောမင်္ဂလာဆောင်သတို့သမီး ကိုသင့်အားငါပြမည်။'' ဟုဆို၏။-
ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။-
``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။
ထိုနောက်ကောင်းကင်တမန်ကငါ့အား``ဤစကား သည်သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက်တို့အားဝိညာဉ်တော်နှင့်ပြည့်ဝစေ တော်မူသောထာဝရအရှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အမှုအရာများကို မိမိ၏အစေခံတို့အားဖော်ပြရန်ကောင်းကင် တမန်ကိုစေလွှတ်တော်မူပြီ'' ဟုပြော၏။
ဤအမှုအရာများကိုတွေ့မြင်ကြားသိရသူ ကား ငါယောဟန်ပင်ဖြစ်၏။ ထိုအရာများကို တွေ့မြင်ကြားသိရပြီးသောအခါ ငါသည် ကောင်းကင်တမန်အားရှိခိုးရန်သူ၏ခြေရင်း တွင်ပျပ်ဝပ်လိုက်၏။-
ကောင်းကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုပရောဖက်များနှင့် ဤကျမ်းစောင် ၏စကားကိုလိုက်နာစောင့်ထိန်းသူတို့၏လုပ်ဖော် ဆောင်ဘက်အစေခံတစ်ဦးသာလျှင်ဖြစ်၏။ ဘုရား သခင်ကိုသာလျှင်ရှိခိုးလော့'' ဟုဆို၏။-
ထိုနောက်ရူပါရုံတွင်ကောင်းကင်ဘုံတံခါးပွင့် လျက်ရှိသည်ကိုငါမြင်ရ၏။ ပထမအကြိမ် ကငါကြားရသောတံပိုးခရာသံနှင့်တူသည့် အသံက``ဤအရပ်သို့တက်လာလော့။ နောင်ဖြစ် ရမည့်အမှုအရာတို့ကိုငါပြမည်'' ဟုငါ့ အားဆို၏။-
ထိုသိုးသူငယ်သည်လာ၍ပလ္လင်ပေါ်တွင်ထိုင် လျက် နေသောအရှင်၏လက်ယာလက်တော်မှ စာလိပ်ကိုယူ၏။-