ရွှေငါးပိဿာရသူသည်ချက်ချင်းပင်ကူးသန်း ရောင်းဝယ်မှုကိုပြုသဖြင့်အမြတ်ရွှေငါးပိဿာ ကိုရ၏။-
ဖိလေမုန် 1:6 - Common Language Bible ယုံကြည်သူများဖြစ်ကြသောသင်နှင့်ငါတို့ သည် အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းအား ဖြင့် ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ငါတို့ခံစားရသည့်ကောင်းချီးမင်္ဂလာအပေါင်း ကိုပိုမိုနက်နဲစွာသိရှိနားလည်နိုင်ကြရန် ငါဆုတောင်း၏။- Judson Bible ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊ သူတစ်ပါးတို့သည် ယေရှုခရစ်အဖို့အလိုငှာ ငါတို့၌ ကောင်းသောအရာ ရှိသမျှ တို့ကို ဝန်ခံမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ခရစ်တော်အတွက် ငါတို့၌ရှိသည့် ကောင်းသောအရာအားလုံးတို့ကို သိခြင်းအားဖြင့် သင်၏ယုံကြည်ခြင်းနှင့်ဆိုင်သောမိတ်သဟာယဖွဲ့ခြင်းသည် ထိရောက်မှုရှိသောအရာဖြစ်လာရန် ငါဆုတောင်း၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ထံမှ ကျွန်ုပ်တို့ရရှိသည့် ကောင်းသောအရာအားလုံးကို သင်သိရှိနားလည်ခြင်းအားဖြင့် ယုံကြည်သူများနှင့် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် လေးနက်လာရန် ကျွန်ုပ်ဆုတောင်း၏။ ဤသည်မှာ ခရစ်တော်၏ ဘုန်းတော်အတွက် ဖြစ်ပါစေသော။ |
ရွှေငါးပိဿာရသူသည်ချက်ချင်းပင်ကူးသန်း ရောင်းဝယ်မှုကိုပြုသဖြင့်အမြတ်ရွှေငါးပိဿာ ကိုရ၏။-
ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။
သူ၏စိတ်နှလုံးစစ်ကြောစီရင်ခြင်းကိုခံရ လျက်သူ၏လျှို့ဝှက်သောအကြံအစည်များ သည်ပေါ်လွင်သဖြင့် ``သင်တို့နှင့်အတူဧကန် အမှန်ဤအရပ်တွင်ဘုရားသခင်ရှိတော်မူ ပါသည်တကား'' ဟုထုတ်ဖော်ဝန်ခံကာဘုရား သခင်ကိုပျပ်ဝပ်ရှိခိုးလိမ့်မည်။
ထိုမြို့တွင်ငါ့ကိုဆန့်ကျင်ဖက်ပြုသူများပင်ရှိ သော်လည်း အမှုတော်ဆောင်ရန်အခွင့်ကောင်း အမှန်ပင်ရှိ၏။
ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ပြောရ လျှင် သင်တို့သည်မှန်ကန်သောအရာ၊ မွန်မြတ် သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင် သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေ ရှိသောအရာတည်းဟူသောကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို နှလုံးသွင်းကြလော့။-
သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။-
လူသစ်ကိုဝတ်ဆင်ကြလေပြီ။ ဖန်ဆင်းတော်မူ ရှင်ဘုရားသခင်သည် ထိုလူသစ်အားမိမိ၏ ပုံသဏ္ဌာန်တော်နှင့်အညီအမြဲအသစ်ပြုပြင် လျက်နေတော်မူ၏။ ဤသို့ပြုတော်မူခြင်းမှာ သင်တို့သည်ကိုယ်တော်ကိုပြည့်ဝစုံလင်စွာ သိကျွမ်းလာကြစေရန်ပင်ဖြစ်ပေသည်။-
စားဝတ်နေရေးအတွက်အမှန်တကယ်လိုအပ် သည်တို့ကိုရရှိနိုင်ရန် ငါတို့၏လူစုသည် ကောင်းသောအသက်မွေးမှုကိုပြုကြရန်သွန် သင်လော့။ မိမိတို့၏လုပ်အားကိုအချည်းနှီး မဖြစ်စေရကြ။
ဘုရားသခင်သည်တရားမျှတမှုမရှိ သောအရှင်မဟုတ်။ သင်တို့ဆောင်ရွက်ခဲ့ သည့်အမှုအရာများကိုလည်းကောင်း၊ ကိုယ် တော်အားချစ်ကြောင်းသက်သေပြရန်ယခင် အခါမှ ယခုအခါတိုင်အောင်ခရစ်ယာန် အချင်းချင်းအားကူညီမစကြသည်ကို လည်းကောင်းမေ့လျော့တော်မူမည်မဟုတ်။-
ငါ့ညီအစ်ကိုတို့၊ လူတစ်စုံတစ်ယောက်သည် ယုံကြည်ပါသည်ဟုဆိုသော်လည်း အကျင့် အားဖြင့်သက်သေမပြနိုင်ပါမူအဘယ် အကျိုးရှိမည်နည်း။ ထိုယုံကြည်ခြင်းက သူ့အားကယ်တင်နိုင်မည်လော။-
ယုံကြည်ခြင်းသည်လည်းထိုနည်းတူပင်ဖြစ် သည်။ အကျင့်အားဖြင့်မပြနိုင်သောယုံကြည် ခြင်းသည်အသေဖြစ်သည်။
မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။
ထိုနည်းတူစွာဇနီးတို့၊ သင်တို့ခင်ပွန်းများ ၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ ဤနည်းအား ဖြင့်သင်တို့တွင်ဘုရားသခင်၏နှုတ်ကပတ်တော် ကိုမယုံကြည်သူခင်ပွန်းများရှိပါမူ သင်တို့ ၏အကျင့်အကြံအပြုအမူကသူတို့အား ယုံကြည်လာစေလိမ့်မည်။ သင်တို့နှုတ်ဖြင့်ပြော ရန်ပင်မလိုပေ။-
သို့ရာတွင်သိမ်မွေ့ရိုသေစွာဖြေကြားကြလော့။ သင်တို့အားမတရားဝေဖန်၍စော်ကားပြောဆို သူတို့သည် ခရစ်တော်၏တပည့်များအနေဖြင့် သင်တို့ပြုမူပုံကောင်းမွန်သင့်မြတ်သည်ကိုမြင် ၍အရှက်ရကြစေရန် သင်တို့၏သြတ္တပ္ပစိတ် ကိုကြည်လင်စေကြလော့။-
ဤအရည်အချင်းများသည်သင်တို့တွင်များ စွာရှိလျှင် ငါတို့အရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌သင်တို့ထိရောက်လျက် အကျိုးဖြစ်ထွန်းလိမ့်မည်။-