`ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
ဖိလေမုန် 1:22 - Common Language Bible ထို့အပြင်ငါတည်းခိုရန်အခန်းတစ်ခုကို အသင့်ပြင်ထားပါလော့။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည်သင်တို့အပေါင်း၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ငါ့ အားသင်တို့ထံသို့ပြန်လည်ရောက်ရှိစေတော် မူလိမ့်မည်ဟုငါမျှော်လင့်သောကြောင့်ဖြစ်၏။ Garrad Bible ၎င်း ပြင် သင် ပ ဌ နာ ပြု ချက် များ ကြောင့် ငါ့ ကို သင့် ထံ ပို့ တော် မူ လိမ့် မည် ဟု ငါ မြော် လင့် သည့် အ လျောက် ငါ့ တည်း ခို ရာ ပြင် ဆင် လော့။ Judson Bible ထိုမှတစ်ပါး၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပတ္ထနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မျှော်လင့်ခြင်းရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ချိန်တည်းမှာပင် ငါ့အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားပါလော့။ အကြောင်းမူကား သင်တို့၏ဆုတောင်းခြင်းအားဖြင့် သင်တို့ထံသို့ရောက်ရှိရသောအခွင့်ကို ပေးတော်မူလိမ့်မည်ဟု ငါမျှော်လင့်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ကျွန်ုပ်အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားလော့။ အဘယ်ကြောင့်ဆိုသော် သင်၏ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို သင်တို့ထံ ပြန်လည်ရောက်ရှိစေတော်မူမည်ဟု ကျွန်ုပ်မျှော်လင့်သောကြောင့်ဖြစ်၏။ |
`ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
ယခုသင်တို့ထံသို့လာရောက်နိုင်မည်ဟုမျှော်လင့် ပါ၏။ ငါသည်စပိန်ပြည်သို့ခရီးသွားစဉ်သင်တို့ ထံသို့ဝင်ရောက်လည်ပတ်ရန်အကြံရှိပါ၏။ သင် တို့ထံတွင်ခေတ္တမျှတည်းခိုလည်ပတ်ပြီးနောက် စပိန်ပြည်သို့ဆက်လက်ခရီးပြုနိုင်ရန်ငါ့အား ကူညီမစကြစေလိုပါသည်။-
အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။-
သခင်ဘုရားကိုယုံကြည်ကိုးစားလျက်ငါကိုယ် တိုင်ပင်မကြာမီသင်တို့ထံသို့လာနိုင်လိမ့်မည်။
ဘုရားသခင်သည်မကြာမီငါ့အားသင် တို့ထံသို့ပြန်လည်ပို့ဆောင်ပေးတော်မူစေ ရန်ဆုတောင်းကြပါလော့ဟုသင်တို့အား အထူးမေတ္တာရပ်ခံပါ၏။
ငါတို့၏ညီတိမောသေသည် အကျဉ်းထောင်မှ လွတ်၍လာပြီဖြစ်ကြောင်းသင်တို့အားသိစေ လို၏။ အကယ်၍သူသည်ငါ့ထံသို့အချိန်မီ ရောက်ရှိလာပါက သင်တို့နှင့်တွေ့ဆုံရန်ငါ လာသောအခါသူ့ကိုခေါ်ခဲ့ပါမည်။
သို့ဖြစ်၍သင်တို့အချင်းချင်းမိမိတို့၏ အပြစ်များကိုဖော်ပြဝန်ခံ၍ အချင်းချင်း အတွက်ဆုတောင်းသဖြင့်သင်တို့၏ရောဂါ များပျောက်ကင်းလိမ့်မည်။ သူတော်ကောင်း၏ ဆုတောင်းပတ္ထနာသည်အလွန်တန်ခိုးပါ၏။-
သင်တို့အားပြောစရာများစွာရှိသော်လည်း ငါသည်စာအားဖြင့်မရေးဘဲ ငါတို့၏ရွှင်လန်း ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် ငါသည် သင်တို့ထံသို့အလည်အပတ်လာ၍ သင်တို့ နှင့်ကိုယ်တိုင်တွေ့ဆုံပြောဆိုရန်မျှော်လင့်၏။
ငါသည်သင့်ထံသို့မကြာမီရောက်၍သင်နှင့် မျက်နှာစုံညီတွေ့ဆုံပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်၏။