Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ယော 1:12 - Common Language Bible

12 သင်​တို့​အား​ပြော​စ​ရာ​များ​စွာ​ရှိ​သော်​လည်း ငါ​သည်​စာ​အား​ဖြင့်​မ​ရေး​ဘဲ ငါ​တို့​၏​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ပြည့်​ဝ​စုံ​လင်​စေ​ရန် ငါ​သည် သင်​တို့​ထံ​သို့​အ​လည်​အ​ပတ်​လာ​၍ သင်​တို့ နှင့်​ကိုယ်​တိုင်​တွေ့​ဆုံ​ပြော​ဆို​ရန်​မျှော်​လင့်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သင် တို့ ထံ ရေး လိုက် ရန် အ ကြောင်း အ ရာ များ စွာ ရှိ သော် လည်း စ က္ကူ တွင် မင် နှင့် မ ရေး လို။ သင် တို့ အ ပြည့် အ စုံ ဝမ်း မြောက် ကြ စေ ရန် ကိုယ် တိုင် ရောက် လာ ပြီး လျှင် နှုတ် ခွန်း ဆိုင် လျက် ပြော ဆို မည် ဟု အောက် မေ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သင်​တို့​အား ငါ​ရေး​စ​ရာ​အ​ကြောင်း အ​များ​ရှိ​သော်​လည်း၊ စ​က္ကူ​ပေါ်၌ မင်​နှင့်​ရေး​ခြင်း​ငှာ အ​လို​မ​ရှိ၊ သင်​တို့​ဆီ​သို့ ငါ​လာ၍၊ အ​ချင်း​ချင်း အား​ရ​ဝမ်း​မြောက်​ခြင်း စုံ​လင်​မည်​အ​ကြောင်း၊ သင်​တို့​နှင့် နှုတ်​ဆက်၍ စ​ကား​ပြော​မည်​ဟု မျှော်​လ​င့်​လျက်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သင်​တို့​ထံ ငါ​ရေး​စရာ​များစွာ​ရှိ​သော်လည်း စက္ကူ​နှင့်​မင်​ဖြင့်​ငါ​မ​ရေး​လို​ပေ။ ငါ​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​မည့်​အကြောင်း သင်​တို့​ထံသို့​လာ​၍ မျက်နှာချင်းဆိုင်​စကား​ပြောဆို​ရန် ငါ​မျှော်လင့်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ကျွန်ုပ်​သည် သင်တို့​ထံ ရေးစရာ​များစွာ ရှိ​သော်လည်း စက္ကူ​ပေါ်၌ မင်​နှင့် မရေးလို။ ထို​အစား ကျွန်ုပ်တို့​အပြည့်အဝ​ဝမ်းမြောက်​နိုင်ရန် သင်တို့​ထံသို့ လာ​၍ မျက်နှာချင်းဆိုင် စကားပြော​ရန် ကျွန်ုပ်​မျှော်လင့်ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ယော 1:12
15 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ငါ​သည်​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍ ရှင်း​လင်း​ပြတ်​သား​စွာ​စ​ကား​ပြော​ဆို​၏။ စ​ကား​ဝှက်​ဖြင့်​ပြော​ဆို​လေ့​မ​ရှိ။ သူ​သည် ငါ​၏​ပုံ​သဏ္ဌာန်​တော်​ကို​ပင်​ဖူး​တွေ့​ခဲ့​ရ​၏။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​မော​ရှေ​ကို အ​ဘယ်​ကြောင့်​အ​ပြစ်​တင်​ပြော​ဆို​ဝံ့ သ​နည်း'' ဟု​မိန့်​တော်​မူ​၏။


``သင်​တို့​သည်​ငါ​၏​ဝမ်း​မြောက်​ခြင်း​ကို​ခံ​စား ရ​လျက် အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​နိုင်​ကြ​စေ ရန်​ဤ​စ​ကား​ကို​ငါ​ပြော​၏။-


``သင်​တို့​အား​ငါ​ပြော​စ​ရာ​များ​ရှိ​သေး သော်​လည်း​ယ​ခု​သင်​တို့​ခံ​ယူ​နိုင်​ကြ​မည် မ​ဟုတ်။-


ယ​ခု​အ​ချိန်​တိုင်​အောင်​သင်​တို့​သည်​ငါ​၏ နာ​မ​ကို​အ​မှီ​ပြု​၍​အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း​မ​လျှောက်​ကြ​ရ​သေး။ ဝမ်း​မြောက်​ခြင်း အ​ပြည့်​အ​ဝ​ရ​ရှိ​နိုင်​ရန်​တောင်း​လျှောက်​ကြ လော့။ သင်​တို့​တောင်း​လျှောက်​သည့်​အ​တိုင်း​ရ​ရှိ ကြ​လိမ့်​မည်။''


ယ​ခု​မှာ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​ထံ​သို့ လာ​ပါ​မည်။ ထို​သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဝမ်း မြောက်​ခြင်း​ကို​စိတ်​နှ​လုံး​ထဲ​တွင်​အ​ပြည့် အ​ဝ​ခံ​စား​ကြ​ရ​စေ​ရန် ဤ​လော​က​တွင် ရှိ​နေ​စဉ်​အ​ကျွန်ုပ်​သည်​ဤ​စ​ကား​များ​ကို မြွက်​ဆို​ပါ​၏။-


မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သိမ်း​ပိုက်​ရ သူ​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သား​ဖြစ်​၏။ သ​တို့ သား​၏​မိတ်​ဆွေ​သည်​ကား​အ​ဆင်​သင့်​စောင့် ဆိုင်း​ကာ သ​တို့​သား​၏​အ​သံ​ကို​နား​ထောင် လျက်​နေ​၏။ သူ​သည်​သ​တို့​သား​၏​အ​သံ​ကို ကြား​သော် လွန်​စွာ​အား​ရ​ဝမ်း​မြောက်​သ​ကဲ့ သို့ ငါ​သည်​လည်း​အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​ရ လေ​ပြီ။-


ယ​ခု​သင်​တို့​ထံ​သို့​လာ​ရောက်​နိုင်​မည်​ဟု​မျှော်​လင့် ပါ​၏။ ငါ​သည်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​သင်​တို့ ထံ​သို့​ဝင်​ရောက်​လည်​ပတ်​ရန်​အ​ကြံ​ရှိ​ပါ​၏။ သင် တို့​ထံ​တွင်​ခေတ္တ​မျှ​တည်း​ခို​လည်​ပတ်​ပြီး​နောက် စ​ပိန်​ပြည်​သို့​ဆက်​လက်​ခ​ရီး​ပြု​နိုင်​ရန်​ငါ့​အား ကူ​ညီ​မ​စ​ကြ​စေ​လို​ပါ​သည်။-


သင်​အ​ဘယ်​သို့​မျက်​ရည်​ကျ​သည်​ကို​သ​တိ ရ​လျက် ငါ​သည်​သင့်​အား​အ​လွန်​တွေ့​မြင်​လို ၏။ သင့်​ကို​တွေ့​မြင်​ရ​ခြင်း​သည်​ငါ့​အား​ဝမ်း မြောက်​စေ​လိမ့်​မည်။-


ထို့​အ​ပြင်​ငါ​တည်း​ခို​ရန်​အ​ခန်း​တစ်​ခု​ကို အ​သင့်​ပြင်​ထား​ပါ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည်​သင်​တို့​အ​ပေါင်း​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ငါ့ အား​သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​စေ​တော် မူ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​သော​ကြောင့်​ဖြစ်​၏။


ဘု​ရား​သ​ခင်​သည်​မ​ကြာ​မီ​ငါ့​အား​သင် တို့​ထံ​သို့​ပြန်​လည်​ပို့​ဆောင်​ပေး​တော်​မူ​စေ ရန်​ဆု​တောင်း​ကြ​ပါ​လော့​ဟု​သင်​တို့​အား အ​ထူး​မေတ္တာ​ရပ်​ခံ​ပါ​၏။


ငါ​တို့​၏​ညီ​တိ​မော​သေ​သည် အ​ကျဉ်း​ထောင်​မှ လွတ်​၍​လာ​ပြီ​ဖြစ်​ကြောင်း​သင်​တို့​အား​သိ​စေ လို​၏။ အ​ကယ်​၍​သူ​သည်​ငါ့​ထံ​သို့​အ​ချိန်​မီ ရောက်​ရှိ​လာ​ပါ​က သင်​တို့​နှင့်​တွေ့​ဆုံ​ရန်​ငါ လာ​သော​အ​ခါ​သူ့​ကို​ခေါ်​ခဲ့​ပါ​မည်။


ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​အ​ပြည့် အ​ဝ​ခံ​စား​နိုင်​ကြ​စေ​ရန် ဤ​အ​ကြောင်း အ​ရာ​များ​ကို​စာ​ရေး​လိုက်​သည်။


သို့​ဖြစ်​၍​ငါ​လာ​သော​အ​ခါ​မှ​သူ​ပြု​သ​မျှ သော​အ​မှု​တို့​ကို​ထုတ်​ဖော်​ပြော​ဆို​မည်။ သူ သည်​ငါ​တို့​အား​မ​လို​မုန်း​ထား​စွပ်​စွဲ​ပြော ဆို​၏။ ဤ​မျှ​နှင့်​မ​ကျေ​နပ်​သေး​ဘဲ​သူ​ကိုယ် တိုင်​ပင်​လျှင် ညီ​အစ်​ကို​များ​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သူ​များ​အား​လည်း​တား​မြစ် လျက်​အ​သင်း​တော်​မှ​နှင်​ထုတ်​ရန်​ကြိုး စား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ