အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်ပါ၏။ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ယနေ့ အကျွန်ုပ်လျှောက်ထားပန်ကြားချက်ကိုနား ညောင်းတော်မူပါ။-
ဖိလိပ္ပိ 4:6 - Common Language Bible အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။- Garrad Bible စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။ Judson Bible အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် သင်တို့တောင်းခံလိုသောအရာများကို ဘုရားသခင်အား သိစေကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။ |
အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်ပါ၏။ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ယနေ့ အကျွန်ုပ်လျှောက်ထားပန်ကြားချက်ကိုနား ညောင်းတော်မူပါ။-
ထိုအခါဟေဇကိမင်းနှင့်အာမုတ်၏သား ပရောဖက်ဟေရှာယသည် ဘုရားသခင်ထံ တော်သို့ကယ်မတော်မူရန်ဟစ်လျက်ပတ္ထနာ ပြုကြလေသည်။-
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ်တော်ကိုချီးမွမ်းပါမည်။
ငါ၏ညည်းတွားမြည်တမ်းသံများသည်နံနက်ချိန်၊ မွန်းတည့်ချိန်၊ညဥ့်အချိန်တို့၌ အထံတော်သို့ရောက်သဖြင့်ကိုယ်တော်သည် ကြားတော်မူလိမ့်မည်။
သင်၏ဝန်ကိုထာဝရဘုရားအားလွှဲအပ်လော့။ ကိုယ်တော်သည်သင့်ကိုကွယ်ကာစောင့်ရှောက် တော်မူလိမ့်မည်။ သူတော်ကောင်းတို့ကိုအဘယ်အခါ၌ အရေးရှုံးနိမ့်စေတော်မူလိမ့်မည်မဟုတ်။
အချင်းလူတို့ဘုရားသခင်အားအစဉ် အမြဲ ကိုးစားကြလော့။ သင်တို့၏ဒုက္ခအပေါင်းကိုကိုယ်တော်အား ဖော်ပြကြလော့။ ကိုယ်တော်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။
စပျစ်နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများ နှင့် မြေခွေးကလေးများကို ငါတို့ကို ဘမ်းကြလော့။ ငါတို့ စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ၏။
ငါသည်မြေဝယ်စာချုပ်ကိုနေရိ၏သား ဗာရုတ်အားပေးအပ်လိုက်ပြီးနောက်၊ ထာဝရဘုရားထံဆုတောင်း၏။-
``ငါ့ကိုဟစ်ခေါ်လော့။ ငါထူးမည်။ စိုးစဉ်းမျှ သင်မသိနားမလည်သည့်ထူးဆန်းအံ့သြ ဖွယ်ကောင်းသောအမှုအရာများကိုသင့် အားငါဖော်ပြမည်။-
ရှာဒရက်၊ မေရှက်နှင့်အဗေဒနေဂေါတို့ က``အရှင်မင်းကြီး၊ အကျွန်ုပ်တို့သည်မိမိ တို့အတွက်ထုချေလျှောက်လဲကြမည် မဟုတ်ပါ။-
မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
ထိုသူတို့လက်သို့အအပ်ခံရသောအခါမည်သို့ ပြောဆိုရမည်၊ မည်သည့်စကားကိုပြောရမည်ကို ကြိုတင်၍မစိုးရိမ်ကြနှင့်။-
ဆူးတောတွင်ကျသည့်မျိုးစေ့များသည်တရား တော်ကိုကြား၍အသီးအပွင့်မဖြစ်ထွန်းစေ နိုင်သောသူတို့ကိုဆိုလို၏။ သူတို့၏စိုးရိမ်ကြောင့် ကြမှုများနှင့်စည်းစိမ်ချမ်းသာခံစားလိုမှု များကတရားတော်မျိုးစေ့ကိုလွှမ်းမိုးသဖြင့် မည်သို့မျှမသီးမပွင့်နိုင်ချေ။-
ထို့ကြောင့်နက်ဖြန်နေ့အဖို့မစိုးရိမ်ကြနှင့်။ နက်ဖြန် နေ့နှင့်သက်ဆိုင်သည့်စိုးရိမ်စရာများကိုထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည်ယနေ့အတွက်တော်လောက် ပေ၏။
သင်တို့မူကားထိုသူတို့ကဲ့သို့မပြုကြနှင့်။ သင်တို့၏အဖသည်သင်တို့မတောင်းမလျှောက် မီကပင် သင်တို့လိုသောအရာတို့ကိုသိနှင့် ပြီးဖြစ်တော်မူ၏။-
သခင်ဘုရားက ``မာသ၊ မာသ၊ သင်သည်များ စွာသောအမှုကိစ္စတို့အတွက်စိုးရိမ်ပူပန် လျက်နေ၏။-
ထိုနောက်သခင်ယေရှုကတပည့်တော်တို့ အား``သို့ဖြစ်၍သင်တို့သည်အဘယ်သို့စား ရမည်နည်းဟု အသက်ရှင်ရေးအတွက်မစိုး ရိမ်ကြနှင့်။ အဘယ်အရာကိုဝတ်ရမည်နည်း ဟု ကိုယ်ခန္ဓာအတွက်မစိုးရိမ်ကြနှင့်။-
``အဘယ်အရာကိုစားရအံ့နည်း၊ အဘယ် အရာကိုသောက်ရအံ့နည်းဟူ၍စိုးရိမ်ပူပန် မှုမရှိကြနှင့်။-
ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။-
ရွေးကောက်တော်မူသောသူတို့သည်နေ့ညမပြတ် ဟစ်အော်တောင်းလျှောက်နေကြလျှင် ဘုရားသခင် သည်တရားသဖြင့်ဖြစ်စေရန်စီရင်တော်မမူ ဘဲနေမည်လော။ ကိုယ်တော်သည်ထိုသူတို့အား ကူညီမစရန်နှောင့်နှေးတော်မူမည်လော။-
ရွေးကောက်တော်မူခြင်းခံရချိန်တွင်သင်သည် ကျွန်ဖြစ်ပါလျှင်ကိစ္စမရှိ။ သို့သော်ကျွန်အဖြစ် မှလွတ်မြောက်ခွင့်ရမည်ဆိုပါကထိုအခွင့် ကိုယူလော့။-
ငါသည်သင်တို့အားပူပန်သောကနှင့်ကင်းဝေး စေလို၏။ အိမ်ထောင်မဲ့အမျိုးသားသည်သခင် ဘုရားနှစ်သက်တော်မူသောအမှုကိုပြုလုပ် လိုသောကြောင့် သခင်ဘုရား၏အမှုတော် ကိုအလေးအနက်ထားတတ်၏။-
ငါတို့အရှင်ယေရှုခရစ်၏နာမတော်ကိုအမှီ ပြု၍ ခပ်သိမ်းသောအရာတို့အတွက်အဖဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်မပြတ်ချီး မွမ်းကြလော့။
သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
သင်တို့ကိုလမ်းပြရန်ခရစ်တော်ထံမှရရှိ သည့်ငြိမ်သက်ခြင်းနှင့်အညီ သင်တို့ဆုံးဖြတ် ချက်များချမှတ်ကြလော့။ ထိုငြိမ်သက်ခြင်း ကိုသင်တို့ခံစားနိုင်ကြစေရန်ဘုရားသခင် သည်သင်တို့ကိုတစ်ခုတည်းသောကိုယ်ခန္ဓာ အဖြစ်ခေါ်ယူရွေးကောက်တော်မူခဲ့၏။ သို့ ဖြစ်၍ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
သို့ဖြစ်၍သင်တို့သည်ပြောဆိုပြုမူရာတွင် သခင် ယေရှု၏နာမတော်ကိုထောက်၍ပြောဆိုပြုမူကြ လော့။ ထိုအရှင်ကိုအမှီပြု၍အဖဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
စွဲမြဲစွာဆုတောင်းပတ္ထနာပြုကြလော့။ ဆုတောင်း ပတ္ထနာပြုရာတွင်နိုးနိုးကြားကြားရှိလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
သို့ဖြစ်၍ပထမဦးစွာလူအပေါင်းတို့ အတွက် ဘုရားသခင်အားလျှောက်ထား အသနားခံခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ တောင်းခံခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်း ခြင်းတို့ကိုပြုကြရန်ငါတိုက်တွန်း၏။-
တစ်ကိုယ်ရေတစ်ကာယဖြစ်သောမုဆိုးမသည် မိမိအားပြုစုမည့်သူမရှိသဖြင့်ဘုရား သခင်ကိုအားကိုးမျှော်လင့်လျက် နေ့ည မပြတ်ဆုတောင်းပတ္ထနာပြု၍ကိုယ်တော်၏ အကူအညီကိုတောင်းခံတတ်၏။-
အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။-
ကိုယ်တော်သည်သင်တို့ကိုအလေးဂရုပြု တော်မူသောကြောင့် သင်တို့၏ပူပင်သောက ရှိသမျှတို့ကိုကိုယ်တော်အားပုံ၍အပ်နှံ ကြလော့။
ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။-
ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။-
ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။-