ဤအကြောင်းကြောင့်ငါသည်သင်၏မင်းဆက် ကိုပျက်သုဉ်းစေမည်။ ကြီးငယ်မရွေးသင်၏ သားမြေးထဲမှယောကျာ်းမှန်သမျှကိုသုတ် သင်ပစ်မည်။ သင်၏အိမ်ထောင်စုသားတို့ကို ငါပယ်ရှင်းမည်။ သူတို့အားနောက်ချေးသဖွယ် ရှင်းလင်းပစ်မည်။-
ဖိလိပ္ပိ 3:8 - Common Language Bible ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။- Garrad Bible မု ချ အား ဖြင့် ငါ့ အ ရှင် ခ ရစ် တော် ယေ ရှု နှင့် ကျွမ်း ဝင် ခွင့် အ ထူး အ မြတ် ကို ထောက်၍ အ ရာ ခပ် သိမ်း ကို အ ရှုံး ဖြစ် သည် ဟု ငါ မှတ် ယူ ၏။ ပ ညတ် တ ရား နှင့် ဆိုင် ရာ ကိုယ် ဖြောင့် မတ် ခြင်း မ ရှိ ဘဲ ခ ရစ် တော် ကို ယုံ ကြည် အား ကိုး ခြင်း ကြောင့် ဘု ရား သ ခင် သ နား တော် မူ သော ဖြောင့် မတ် ခြင်း ကို ရ၍ ခ ရစ် တော် ကို ပိုင် လျက် ကိုယ် တော်၌ တည် နေ ခွင့် ရ အံ့ သော ငှာ ငါ သည် ကိုယ် တော့် အ တွက် အ ရာ ခပ် သိမ်း အ ရှုံး ခံ၍ အ မှိုက် မျှ သာ မှတ် ယူ ၏။ Judson Bible ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုမျှမက ငါ၏သခင်ခရစ်တော်ယေရှုကို သိသောဉာဏ်၏ထူးမြတ်သောအကျိုးကျေးဇူးကြောင့် အရာခပ်သိမ်းကို အရှုံးဟူ၍ ငါမှတ်ယူ၏။ ထိုသခင်ကိုထောက်၍ အရာခပ်သိမ်းတို့ကို ငါအဆုံးရှုံးခံပြီး ၎င်းတို့ကို မစင်ကဲ့သို့ ငါမှတ်ယူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမျှမက ကျွန်ုပ်၏ သခင်ယေရှုခရစ်တော်ကို ရင်းနှီးကျွမ်းဝင်ရခြင်း၏ ကြီးမားသည့်တန်ဖိုးနှင့်ယှဉ်လျှင် အရာအားလုံးကို အရှုံးဟူ၍ မှတ်ယူ၏။ ခရစ်တော်အတွက်ကြောင့် အရာအားလုံးကို အရှုံးခံ၍ ၎င်းတို့ကို မစင်ကဲ့သို့ မှတ်ယူ၏။ ဤအရာမှာ ခရစ်တော်ကို ရရှိရန်နှင့် |
ဤအကြောင်းကြောင့်ငါသည်သင်၏မင်းဆက် ကိုပျက်သုဉ်းစေမည်။ ကြီးငယ်မရွေးသင်၏ သားမြေးထဲမှယောကျာ်းမှန်သမျှကိုသုတ် သင်ပစ်မည်။ သင်၏အိမ်ထောင်စုသားတို့ကို ငါပယ်ရှင်းမည်။ သူတို့အားနောက်ချေးသဖွယ် ရှင်းလင်းပစ်မည်။-
သူ၏အလောင်းကိုခွဲခြား၍မသိနိုင်အောင် ထိုအရပ်တွင်နောက်ချေးကဲ့သို့ကြဲလျက်နေ လိမ့်မည်ဟု ပရောဖက်ဧလိယအားဖြင့် ထာဝရ ဘုရားမိန့်တော်မူချက်နှင့်အညီဖြစ်သည်'' ဟုဆို၏။
မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
မျက်ရည်ကျလျက်မျိုးစေ့များကို ယူဆောင်သွားကြသူတို့သည် သီးနှံများကိုသယ်ဆောင်ကာဝမ်းမြောက်စွာ သီချင်းဆို၍ပြန်လာကြလိမ့်မည်။
ကျွန်တော်မျိုးမှာကိုယ်တော်ရှင်မှလွဲ၍ ကောင်းကင်ဘုံတွင်အဘယ်သူရှိပါသနည်း။ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်ရှိတော်မူလျှင် ကမ္ဘာမြေပေါ်၌အဘယ်အရာကိုလိုပါတော့ မည်နည်း။
သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
ငါသည်သင်တို့၏သားမြေးများအား အပြစ်ဒဏ်ခတ်မည်။ သင်တို့၏မျက်နှာကို သင်တို့ပူဇော်သည့်တိရစ္ဆာန်ချေးဖြင့်သုတ် လိမ်း၍ သင်တို့အားထိုယဇ်ကောင်များနှင့် အတူပစ်ထုတ်လိုက်မည်။-
သင်တို့ကိုနေထိုင်စေမည်ဟုကတိထား သောပြည်သို့ ကာလက်နှင့်ယောရှုမှတစ်ပါး မည်သူမျှမဝင်ရ။-
အကျွန်ုပ်အရှင်၏မယ်တော်သည်အဘယ်ကြောင့် အကျွန်ုပ်ထံသို့ကြွလာတော်မူပါသနည်း။ အဘယ် ကြောင့်ဤအခွင့်ထူးကိုအကျွန်ုပ်ခံစားရပါသနည်း။-
သို့ရာတွင်ငါသည်ဘုရားသခင်၏တန်ခိုး တော်အားဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်သည် ဖြစ်သောကြောင့် ဘုရားသခင်၏နိုင်ငံတော် သည်သင်တို့တွင်တည်လျက်ရှိလေပြီ။''
ငါသည်ခမည်းတော်၌တည်နေသည်ကိုလည်း ကောင်း၊ သင်တို့သည်ငါ၌တည်နေ၍ငါသည် လည်းသင်တို့၌တည်နေသည်ကိုလည်းကောင်း ထိုနေ့ရက်၌သင်တို့သိကြလိမ့်မည်။''
ယခုသင်တို့သည်ငါ့ကိုသိကြပြီဖြစ်၍ ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ ယခု မှစ၍ခမည်းတော်ကိုသင်တို့သိကျွမ်း၍ဖူး မြင်ရကြလေပြီ'' ဟုမိန့်တော်မူ၏။
သူတို့သည်လည်းခမည်းတော်ကိုမသိ၊ ငါ့ ကိုလည်းမသိကြသောကြောင့်ဤသို့သင် တို့အားပြုကြလိမ့်မည်။-
ထာဝရအသက်ဟူသည်တစ်ဆူတည်းသော ဘုရားဖြစ်တော်မူသည့်ကိုယ်တော်ကိုလည်း ကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသောယေရှု ခရစ်ကိုလည်းကောင်းသိကျွမ်းခြင်းပင်ဖြစ် ပါ၏။-
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
ကောင်းကင်တမန်များက ``အချင်းအမျိုး သမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း'' ဟုမေး၏။ မာရိက ``ကျွန်မ၏အရှင်ကိုသူတို့ယူဆောင် သွားလေပြီ။ ကိုယ်တော်အားအဘယ်အရပ်မှာ ထားကြသည်ကိုကျွန်မမသိပါ'' ဟုဆို၏။
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
ယခုမျက်မှောက်ကာလ၌ငါတို့ခံရကြသည့် ဒုက္ခဆင်းရဲကိုနောင်အခါ၌ ငါတို့အားပေါ် လွင်ထင်ရှားမည့်ဘုန်းအသရေတော်နှင့်နှိုင်း ယှဉ်၍မရဟုငါယုံကြည်၏။-
ကောင်းကင်အထက်အရာဖြစ်စေ၊ မြေအောက် အရာဖြစ်စေ၊ ဖန်ဆင်းထားသောမည်သည့်အရာ ပင်ဖြစ်စေ၊ ငါတို့အရှင်ခရစ်တော်ယေရှုအား ဖြင့်ဘုရားသခင်ဖော်ပြတော်မူသောမေတ္တာတော် နှင့် ငါတို့အားမကွဲမကွာစေနိုင်ဟုငါဧကန် အမှန်သိသောကြောင့်တည်း။
သင်တို့နှင့်အတူရှိစဉ်အခါကငါသည် ယေရှုခရစ်၏အကြောင်း၊ အထူးသဖြင့်လက် ဝါးကပ်တိုင်တွင်ကိုယ်တော်အသေခံတော်မူ သည့်အကြောင်းမှလွဲ၍ အခြားအရာမှန် သမျှကိုမေ့ပျောက်ပစ်ရန်စိတ်ပိုင်းဖြတ် ထား၏။-
ငါတို့အတွက်အကယ်ပင်မိန့်တော်မူခြင်း မဟုတ်လော။ အကယ်ပင်ငါတို့အတွက်ရေး သားထားခြင်းဖြစ်သည်။ လယ်ထွန်သောသူ နှင့်ရိတ်သိမ်းသောသူတို့သည် မိမိတို့၏ဝေ စုကိုမျှော်လင့်လျက်လုပ်ကိုင်ကြရာ၏။-
ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
ထို့ကြောင့်ငါတို့၏ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိ ကျွမ်းခြင်းအားဖြင့်လည်းကောင်း ငါတို့ရရှိ သမျှသည်တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် ခရစ်တော်၏ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သည့်သူများအဖြစ်သို့ရောက်ကြ ပေအံ့။-
ခရစ်တော်ယေရှု၏အစေခံများဖြစ်သည့် ပေါလုနှင့်တိမောသေတို့ထံမှ ဖိလိပ္ပိမြို့တွင် နေထိုင်ကြကုန်သောသင်းအုပ်များနှင့်သင်း ထောက်လူကြီးများမှစ၍ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ကြသောသခင် ဘုရား၏လူစုတော်ဝင်အပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။
ငါသည်ခရစ်တော်ကိုသိကျွမ်းခြင်း၊ ထမြောက် ရှင်ပြန်တော်မူခြင်း၏တန်ခိုးတော်ကိုခံစားခြင်း၊ ခရစ်တော်နှင့်အတူဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံတော်မူခြင်း၌ပါဝင်ခြင်းတို့ကိုသာ လိုချင်တောင့်တ၏။-
ငါသည်အောင်မြင်မှုကိုရရှိပြီ၊ အြုပစ်ဆိုဖွယ်မရှိသူ ဖြစ်ပြီဟုမဆိုလို။ သို့ရာတွင်ထိုဆုကိုငါ့အားပေး ရန်အတွက်ခရစ်တော်ယေရှုသည်ငါ့ကိုဆွဲဆောင် ရရှိတော်မူပြီဖြစ်ရာငါသည်ထိုဆုကိုရရှိနိုင်ရန် ကြိုးစားလျက်နေ၏။-
သို့ရာတွင်ထိုအရာများသည်ငါ့အတွက်အမြတ်ဟု မှတ်ယူနိုင်သော်လည်း ယခုအခါခရစ်တော်၏အတွက် ကြောင့်အရှုံးဟုမှတ်ယူ၏။-
ငါသည်မိမိအသက်ကိုပူဇော်ရမည့်အချိန် ကျရောက်လာပြီ။ ဤလောကမှထွက်ခွာရမည့် အချိန်နီးကပ်လာပြီ။-
ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။
ယုံကြည်သူတို့အဖို့ထိုကျောက်သည်တန်ဖိုး ရှိ၏။ မယုံကြည်သူတို့အဖို့မှာ၊ ``တိုက်တည်ဆောက်သူတို့ပယ်ထားသော ကျောက်သည် အရေးကြီးသောထောင့်ကျောက်ဖြစ်လာရ၏'' ဟုဖော်ပြ၏။
ဘုရားသခင်နှင့်ငါတို့အရှင်ဖြစ်တော်မူသော သခင်ယေရှုခရစ်ကိုသိကျွမ်းရခြင်းအားဖြင့် သင်တို့သည်ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ကိုအပြည့်အဝခံစားရကြပါစေသတည်း။
ငါတို့သည်ခရစ်တော်ကိုသိကျွမ်းခြင်းအား ဖြင့် ဘုရားဝတ်၌အမှန်ပင်မွေ့လျော်နိုင်စေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်ဖြင့် ငါ တို့လိုအပ်သောအရာရှိသမျှကိုချပေး တော်မူ၏။ ခရစ်တော်သည်မိမိ၏ဘုန်းအသ ရေတော်နှင့်ကောင်းမြတ်ခြင်းကို ငါတို့ခံယူ နိုင်ကြစေရန်ငါတို့အားခေါ်ယူရွေးကောက် တော်မူပေသည်။-
ဤအရည်အချင်းများသည်သင်တို့တွင်များ စွာရှိလျှင် ငါတို့အရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌သင်တို့ထိရောက်လျက် အကျိုးဖြစ်ထွန်းလိမ့်မည်။-
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။
ငါတို့သည်ခမည်းတော်နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော်ယေရှုခရစ်နှင့်လည်း ကောင်း၊ မိတ်သဟာယဖွဲ့ရကြသည်ဖြစ်ရာ သင်တို့သည်လည်း ငါတို့နှင့်အတူထိုမိတ် သဟာယတွင်ပါဝင်ခွင့်ကိုရရှိကြစေရန် ငါတို့တွေ့မြင်ကြားသိခဲ့ရသည့်အမှု အရာကိုသင်တို့အားဖော်ပြ၏။-
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။