အချင်းချင်းအားအလေးဂရုပြုကြလော့။ မောက်မာမှုမရှိကြနှင့်။ သေးငယ်သောတာဝန် တို့ကိုလက်ခံကြလော့။ မိမိတို့ကိုယ်ကိုပညာ ရှိဟူ၍မထင်ကြနှင့်။
ဖိလိပ္ပိ 3:16 - Common Language Bible မည်သို့ပင်ဖြစ်စေ၊ ငါတို့သည်မိမိတို့ယနေ့တိုင် အောင်လိုက်လျှောက်ခဲ့သည့်ထုံးစံအတိုင်းပြုကျင့် ကြကုန်စို့။ Garrad Bible သို့ ရာ တွင် ငါ တို့ သည် သိ မှီ ပြီး အ တိုင်း လျှောက် လိုက် ကြ ကုန် အံ့။ Judson Bible သို့မဟုတ်သော်လည်း၊ ယခုမီသမျှအတိုင်း တစ်နည်းတည်းကျင့်၍ တစ်သဘောတည်း ရှိရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း မည်သို့ပင်ဖြစ်စေ ငါတို့သည် မိမိတို့ရောက်ရှိသည့်အနေအထားနှင့်အညီ လိုက်လျှောက်ကြကုန်စို့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် မိမိတို့ ရောက်ရှိနေသည့်အခြေအနေနှင့်အညီ သင့်လျော်စွာ နေထိုင်ကြပါစို့။ |
အချင်းချင်းအားအလေးဂရုပြုကြလော့။ မောက်မာမှုမရှိကြနှင့်။ သေးငယ်သောတာဝန် တို့ကိုလက်ခံကြလော့။ မိမိတို့ကိုယ်ကိုပညာ ရှိဟူ၍မထင်ကြနှင့်။
သင်တို့အပေါင်းသည်ခရစ်တော်ယေရှု၏စံန မူနာကိုလိုက်၍တစ်စိတ်တစ်ဝမ်းတည်းရှိကြ စေရန် သည်းခံမှုနှင့်နှစ်သိမ့်မှု၏အရှင်ဘုရား သခင်သည်သင်တို့အားကူမတော်မူပါစေ သော။-
ယခင်ကသင်တို့ပြုကျင့်ကြပုံမှာ အလွန် လျောက်ပတ်ပေသည်။ သမ္မာတရားတော်ကို မလိုက်မနာစေရန်ယခုသင်တို့အား အဘယ် သူဆီးတားသနည်း။ ထိုသူသည်သင်တို့အား အဘယ်သို့သွေးဆောင်သနည်း။-
ဤသဘောတရားကိုလိုက်နာသူအပေါင်းတို့ အပေါ်သို့လည်းကောင်း၊ ဘုရားသခင်၏လူစု တော်အပေါင်းတို့အပေါ်သို့လည်းကောင်း ငြိမ် သက်ခြင်းနှင့်ကရုဏာတော်သက်ရောက်ပါ စေသော။
ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-
သို့ဖြစ်၍သင်တို့သည်တစ်စိတ်တစ်ဝမ်းတည်းရှိ ခြင်း၊ အချင်းချင်းချစ်ခြင်း၊ စိတ်သဘောတညီ တညွတ်တည်းရှိခြင်းအားဖြင့်ငါ့အားအကြွင်း မဲ့ဝမ်းမြောက်စေကြလော့။-
ဧဝေါဒိနှင့်သုန္တုတ်တို့၊ သခင်ဘုရား၏တပည့် တော်မများပီသစွာစိတ်သဘောညီညွတ်မှု ရှိကြရန်ငါတောင်းပန်ပါ၏။-
သင်တို့သည်ခရစ်တော်ယေရှုအားအရှင် သခင်အဖြစ်လက်ခံခဲ့ကြသဖြင့် ကိုယ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်အသက် ရှင်ကြလော့။-
စွဲမြဲစွာဆုတောင်းပတ္ထနာပြုကြလော့။ ဆုတောင်း ပတ္ထနာပြုရာတွင်နိုးနိုးကြားကြားရှိလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
ထို့ကြောင့်သင်သည်ကြားနာခံယူခဲ့သည့် တရားကိုအောက်မေ့သတိရလျက်လိုက် လျှောက်ကျင့်သုံးလော့။ နောင်တရလော့။ သင် သည်မနိုးမထပါမူသူခိုးလာသကဲ့သို့ သင့်ထံသို့ငါလာမည်။ ငါလာမည့်အချိန် ကိုသင်သိရလိမ့်မည်မဟုတ်။-