မင်းကြီးသည်သေဆုံးသောအာမနုန်ကို အလွမ်းပြေသောအခါ အဗရှလုံအား လွမ်းဆွတ်တသလေ၏။
ဖိလိပ္ပိ 2:26 - Common Language Bible သူသည်သင်တို့အပေါင်းကိုလွမ်းဆွတ်လျက် နေ၏။ သူဖျားနာသည့်သတင်းကိုသင်တို့ကြား သိသွားသဖြင့်သူသည်စိတ်မချမ်းမသာ ဖြစ်လျက်နေ၏။- Judson Bible အကြောင်းမူကား၊ သူသည် နာကြောင်းကို သင်တို့ကြားသိသောကြောင့်၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ်၍ စိတ်မသာလျက်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သူသည် သင်တို့အားလုံးကိုလွမ်းဆွတ်နေပြီး သူနာမကျန်းဖြစ်ကြောင်း သင်တို့ကြားသိကြသည့်အတွက် စိတ်ပူပန်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ့ကို ပြန်လည်စေလွှတ်သင့်သည့်အကြောင်းက သူနာမကျန်းဖြစ်သည်ကို သင်တို့ကြားသိကြောင်း သူသိသောအခါ စိတ်မကောင်းဖြစ်နေပြီး သူသည် သင်တို့အားလုံးကို လွမ်းဆွတ်နေသောကြောင့် ဖြစ်၏ |
မင်းကြီးသည်သေဆုံးသောအာမနုန်ကို အလွမ်းပြေသောအခါ အဗရှလုံအား လွမ်းဆွတ်တသလေ၏။
လူတို့အားဒဏ်ခတ်သောကောင်းကင်တမန် ကိုဒါဝိဒ်မြင်သောအခါ``အပြစ်ရှိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဒုစရိုက်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသူတို့သည်အဘယ် ပြစ်မှုကိုပြုမိကြပါသနည်း။ ကိုယ်တော် ရှင်သည်အကျွန်ုပ်နှင့်အိမ်ထောင်စုကိုသာ အပြစ်ပေးတော်မူသင့်ပါ၏'' ဟုထာဝရ ဘုရားအားလျှောက်၏။
ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊
အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။ စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။
ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
ပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ကိုယ်တော်သည်စိတ်မချမ်း မသာဖြစ်တော်မူလျက်လွန်စွာသောကရောက် တော်မူသဖြင့်၊-
ထိုအခါပေါလုက ``သင်တို့သည်အဘယ်ကြောင့် ဤသို့ငိုယိုကာ ငါ၏စိတ်နှလုံးကိုကြေကွဲစေ ကြပါသနည်း။ ငါသည်သခင်ယေရှု၏နာမ တော်အတွက် ယေရုရှလင်မြို့တွင်အချည်နှောင် ခံရန်သာမကအသေခံရန်ပင်အသင့်ရှိပါ သည်'' ဟုပြန်ပြော၏။
သင်တို့သည်တည်ကြည်ကြံ့ခိုင်စေရန်သင် တို့အားဝိညာဉ်ဆုကျေးဇူးကိုဝေမျှလို သဖြင့် ငါသည်သင်တို့နှင့်အလွန်တွေ့လို ၏။-
ဝမ်းမြောက်သူတို့နှင့်အတူဝမ်းမြောက်ကြ လော့။ ငိုကြွေးသူတို့နှင့်အတူငိုကြွေးကြ လော့။-
ငါ၏စိတ်နှလုံးသည်ငါ၏အမျိုးသား၊ ငါ ၏သားချင်းတို့အတွက်ဝမ်းနည်းပူဆွေးလျက် အခါမလပ်ပြင်းပြသောဝေဒနာကိုခံ စားလျက်ရှိ၏။ သူတို့၏အကျိုးငှာငါ သည်ဘုရားသခင်၏ကျိန်စာသင့်တော်မူ ခြင်းကိုလည်းကောင်း၊ ခရစ်တော်နှင့်ကွဲကွာ မှုကိုလည်းကောင်းခံလိုသောဆန္ဒရှိ၏။-
အကယ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုက ဝေဒနာခံရလျှင်အခြားအစိတ်အပိုင်းများ သည်လည်းအတူခံရကြ၏။ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုကချီးမွမ်းခြင်းခံရလျှင် အခြားအစိတ်အပိုင်းများသည်လည်းအတူ ဝမ်းမြောက်ရကြ၏။
သင်တို့သည်ထူးကဲသောကျေးဇူးတော်ကို ခံစားရကြသဖြင့် သူတို့သည်သင်တို့ကို အလွန်ချစ်ခင်မြတ်နိုးလျက်သင်တို့အတွက် ဆုတောင်းပတ္ထနာပြုကြလိမ့်မည်။-
အချင်းချင်း၏ဝန်များကိုကူညီထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားတော်ကို ကျင့်ကြလော့။-
သို့ဖြစ်၍သင်တို့အတွက်ငါခံရသောဒုက္ခ ဆင်းရဲခြင်းကြောင့်သင်တို့စိတ်မပျက်ကြ နှင့်။ သင်တို့၏အကျိုးအတွက်ငါခံရခြင်း ဖြစ်ပေသည်။
သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
ငါသည်ခရစ်တော်ယေရှု၏မေတ္တာဖြင့်သင်တို့ အားလွန်စွာလွမ်းဆွတ်ကြောင်းဘုရားသခင် သည်ငါ့သက်သေဖြစ်တော်မူ၏။
ငါ၏လုပ်ဖော်ဆောင်ဘက်၊ ငါနှင့်အတူတိုက်ပွဲ ဝင်ခဲ့သူ၊ ငါ့အားပြုစုရန်သင်တို့ကစေလွှတ် လိုက်သူ၊ ငါတို့၏ညီဧပဖြောဒိတ်ကိုသင်တို့ ထံသို့စေလွှတ်ရန်လိုအပ်သည်ဟုငါယူဆ၏။-
သူသည်အမှန်ပင်သေလုနီးပါးဖျားနာခဲ့၏။ သို့ရာတွင်ဘုရားသခင်သည်သူ့ကိုသနား တော်မူလေပြီ။ သူ့ကိုသာလျှင်သနားတော် မူသည်မဟုတ်။ ငါ့အားလည်းထပ်ဆင့်ဝမ်း နည်းမှုနှင့်မကြုံတွေ့စေရန်သနားတော်မူ၏။-
ငါ့ညီအစ်ကိုတို့၊ သင်တို့အားငါအလွန်ချစ် ၍လွမ်းဆွတ်ပါသည်။ ငါသည်သင်တို့ကိုအကြောင်း ပြု၍လွန်စွာဝမ်းမြောက်၍ဂုဏ်ယူဝါကြွားပါ၏။ ချစ်သောညီအစ်ကိုတို့၊ ငါတို့ဆိုခဲ့သည့်အတိုင်း ကြံ့ခိုင်စွာရပ်တည်ကြလော့။
သင်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုး တို့ကြောင့် ယခုခဏမျှဝမ်းနည်းရကြ သော်လည်း အထက်ဖော်ပြပါအကြောင်း ကြောင့်ရွှင်လန်းဝမ်းမြောက်ကြလော့။-