ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
ဖိလိပ္ပိ 2:11 - Common Language Bible ယေရှုခရစ်သည်အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေ တော်ကို ထွန်းတောက်စေကြလိမ့်မည်။ Judson Bible ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။ မြန်မာ့စံမီသမ္မာကျမ်း နှုတ်ရှိသမျှတို့သည်လည်း ယေရှုခရစ်တော်သည်အရှင်သခင်ဖြစ်ကြောင်းဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အကြောင်းတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်” ဟု နှုတ်ဖြင့် ဝန်ခံလျက် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားကြစေရန် ဖြစ်၏။ |
ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
သို့ဖြစ်၍ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏ ရှေ့တွင်ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်အားထောမနာပြုသော သီချင်းကိုဆိုပါမည်။
ထိုမင်းနန်းစံချိန်၌ယုဒပြည်သားတို့သည် ဘေးမဲ့လုံခြုံမှုရှိလျက်၊ ဣသရေလပြည် သားတို့သည်ငြိမ်းချမ်းသာယာစွာနေထိုင် ရကြလိမ့်မည်။ သူတို့သည်ထိုမင်း၏ဘွဲ့ နာမကို``ငါတို့အားကယ်တင်တော်မူသော ထာဝရဘုရား'' ဟူ၍ခေါ်ဆိုသမုတ်ကြ လိမ့်မည်။
``သို့ဖြစ်၍ငါ့ကိုအရှင်သခင်အဖြစ်လူတို့ ရှေ့တွင်ထုတ်ဖော်ဝန်ခံသူကိုငါ၏တပည့်အဖြစ် ဖြင့် ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ထုတ်ဖော်ဝန်ခံမည်။-
ဒါဝိဒ်မင်း၏မြို့တွင်သခင်ခရစ်တော်တည်း ဟူသောကယ်တင်ရှင်သည်သင်တို့အဖို့ယနေ့ ဖွားမြင်တော်မူပြီ။-
သို့ဖြစ်စေကာမူယုဒအာဏာပိုင်အမြောက် အမြားပင်ကိုယ်တော်ကိုယုံကြည်လာကြ၏။ သို့ရာတွင်ဖာရိရှဲများကြောင့်တရားဇရပ် မှထုတ်ပယ်ခံရမည်ကိုကြောက်၍မိမိတို့ ယုံကြည်ကြောင်းကိုပွင့်လင်းစွာဝန်မခံကြ။-
သင်တို့သည်ငါ့ကိုဆရာတော်ဟူ၍လည်း ကောင်း၊ အရှင်ဘုရားဟူ၍လည်းကောင်းခေါ် တတ်ကြ၏။ ဤအတိုင်းလည်းဟုတ်မှန်သဖြင့် သင်တို့ခေါ်သည်မှာလျောက်ပတ်ပေ၏။-
ငါသည်သင်တို့၏ဆရာတော်ဖြစ်၏။ အရှင် ဘုရားလည်းဖြစ်၏။ သို့ဖြစ်ပါလျက်သင်တို့ ၏ခြေကိုငါဆေးပေးခဲ့၏။ သို့ဖြစ်၍သင်တို့ သည်လည်းအချင်းချင်းတို့၏ခြေကိုဆေး ရမည်။-
သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-
သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
ဤသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်လျက် ``အို အဖ၊ အချိန် ကျပါပြီ။ သားတော်သည်ကိုယ်တော်၏ဘုန်း အသရေတော်ကိုထွန်းတောက်စေနိုင်ရန် သား တော်၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူပါ။-
သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
ဤသို့ဖြေကြားကြခြင်းမှာယုဒအာဏာ ပိုင်တို့ကိုကြောက်သောကြောင့်ဖြစ်၏။ ကိုယ်တော် အားမေရှိယအဖြစ်ဖြင့်အသိအမှတ်ပြု သူမှန်သမျှအား တရားဇရပ်မှထုတ်ပယ်ရန် ယုဒအာဏာပိုင်တို့သဘောတူဆုံးဖြတ် ထားပြီးဖြစ်သတည်း။-
ဣသရေလအမျိုးသားတို့ထံသို့ပေးပို့သော ဘုရား၊ လူခပ်သိမ်းတို့၏အရှင်သခင်ဖြစ်တော် မူသောသခင်ယေရှုခရစ်အားဖြင့် ကြေညာ တော်မူသည့်ရန်ငြိမ်းခြင်းဆိုင်ရာသတင်း ကောင်းကိုသင်တို့သိကြ၏။-
သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။
ကျမ်းစာတော်တွင်၊ ``ဘုရားရှင်မိန့်တော်မူသည်ကား`ငါသည် အသက်ရှင်သောဘုရားဖြစ်တော်မူသည်အတိုင်း ငါ၏ရှေ့၌လူတိုင်းပျပ်ဝပ်ရလိမ့်မည်။ ငါသည်ဘုရားဖြစ်တော်မူကြောင်းလူတိုင်း ဝန်ခံရလိမ့်မည်' '' ဟူ၍ဆိုသည်။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်သည်သေ သူ၊ ရှင်သူတို့၏အရှင်သခင်ဖြစ်အံ့သောငှာ အသေခံ၍ရှင်ပြန်ထမြောက်တော်မူသော ကြောင့်ဖြစ်၏။-
အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။
ပထမလူအာဒံသည်မြေမှုန့်မှဖန်ဆင်းထားသူ ဖြစ်၏။ ဒုတိယလူမူကားကောင်းကင်ဘုံမှလာ သူတည်း။-
ငါတို့အဖို့မှာအဖခမည်းတော်ဘုရား တစ်ပါးတည်းသာလျှင်ရှိတော်မူ၏။ ကိုယ် တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူ၏။ ကိုယ်တော်၏အဖို့ငါတို့အသက် ရှင်ကြ၏။ ငါတို့မှာအရှင်သခင်တစ်ပါး တည်းသာလျှင်ရှိ၏။ ထိုအရှင်သခင်ကား ယေရှုခရစ်ပေတည်း။ ထိုအရှင်အားဖြင့် ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းခြင်း ကိုခံကြရ၏။ ထိုအရှင်အားဖြင့်ငါတို့ သည်အသက်ရှင်ကြ၏။
ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။
သခင်ယေရှုသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းဝန်ခံသောသူသည် ဘုရားသခင် နှင့်တစ်လုံးတစ်ဝတည်းရှိ၏။ ဘုရားသခင် သည်လည်းသူနှင့်တစ်လုံးတစ်ဝတည်းရှိ တော်မူ၏။-
ဘုရားသခင်၏ဝိညာဉ်တော်ဟုတ်မဟုတ် သင် တို့သိရှိနိုင်မည့်နည်းကားဤသို့တည်း။ သခင် ယေရှုသည်လူ့ဇာတိကိုခံယူကာကြွလာ တော်မူသည်ဟုဝန်ခံသူသည် ဘုရားသခင် ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ကိုခံယူရရှိသူဖြစ်၏။-
လူ့ဇာတိကိုခံယူ၍သခင်ယေရှုကြွလာ တော်မူသည်ကိုလက်မခံဘဲ လှည့်ဖြားသော သူအများပင်ကမ္ဘာလောကထဲသို့ရောက်ရှိနေ လေပြီ။ ထိုသို့သောသူသည်လှည့်ဖြားသောသူ၊ ခရစ်တော်၏ရန်သူဖြစ်၏။-
အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။