သန့်ရှင်းရာဌာနတော်မှထာဝရဘုရား က``ငါသည် အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်းခြားမည်။ သုကုတ်ချိုင့်ဝှမ်းကိုငါ၏လူစုတော်အား ခွဲဝေပေးမည်။
ဖိလိပ္ပိ 1:25 - Common Language Bible ဤသို့ယုံကြည်စိတ်ချသဖြင့်ငါသည်သင်တို့ နှင့်အတူနေမည်။ သင်တို့အားတိုးတက်ကြီး ပွားစေရန်နှင့်ယုံကြည်ခြင်း၌ဝမ်းမြောက် စေရန်ငါသည်သင်တို့နှင့်အတူနေမည်။- Garrad Bible ငါ သည် သင် တို့ နှင့် အ တူ နေ ပြန် ခွင့် ရ သည့် အ လျောက် ငါ့ အ တွက် ကြောင့် ခ ရစ် တော် ယေ ရှု အား ဖြင့် ကြွယ် ဝ စွာ ဂုဏ် တင် ရ ကြ စေ ခြင်း ငှာ လည်း ကောင်း၊ ယုံ ကြည် ခြင်း တ ရား၌ သင် တို့ တိုး ပွား၍ ရွှင် လန်း ရ ခြင်း ငှာ လည်း ကောင်း၊ ငါ ရှင် သေး လျက် သင် တို့ နှင့် အ တူ တည် နေ မည် ဟု စိတ် ချ စွာ သိ လေ ၏။ Judson Bible ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတစ်ဖန် ရောက်လာသောအားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊ သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်မည်အကြောင်း၊ ငါသည် ကိုယ်ခန္ဓာ၌နေ၍ သင်တို့ရှိသမျှနှင့် ပေါင်းဖော်ရမည်ဟု ငါသိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ ယုံကြည်စိတ်ချလျက် သင်တို့၏ယုံကြည်ခြင်းကြီးထွားမှုနှင့် ဝမ်းမြောက်မှုအတွက် ငါသည် ကိုယ်ခန္ဓာ၌တည်၍ သင်တို့အားလုံးနှင့်အတူ ဆက်၍ရှိနေမည်ဖြစ်ကြောင်း ငါသိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာကို ယုံကြည်စိတ်ချလျက် သင်တို့၏ ယုံကြည်ခြင်းကြီးထွားရန်နှင့် ယုံကြည်ခြင်းကြောင့် ဝမ်းမြောက်ရန်အတွက် ကျွန်ုပ်သည် အသက်ဆက်ရှင်ပြီး သင်တို့အားလုံးနှင့်အတူ ဆက်၍ ရှိနေမည်ကို ကျွန်ုပ်သိ၏။ |
သန့်ရှင်းရာဌာနတော်မှထာဝရဘုရား က``ငါသည် အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်းခြားမည်။ သုကုတ်ချိုင့်ဝှမ်းကိုငါ၏လူစုတော်အား ခွဲဝေပေးမည်။
သို့ဖြစ်၍သင်၏ယုံကြည်ခြင်းခိုင်မြဲစေရန် ငါဆုတောင်းလေပြီ။ သင်သည်သတိတရား ပြန်လည်ရရှိသောအခါသင်၏ညီအစ်ကို များအားခွန်အားဖြည့်တင်းပေးရမည်'' ဟု မိန့်တော်မူ၏။
သူသည်ထိုမြို့သို့ရောက်၍လူတို့အား ဘုရား သခင်အဘယ်သို့ကောင်းချီးပေးတော်မူသည် ကိုမြင်သောအခါ ရွှင်လန်းဝမ်းမြောက်သဖြင့် သခင်ဘုရားအားစိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစား၍ သစ္စာစောင့်ကြရန်တိုက် တွန်းနှိုးဆော်လေသည်။-
``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
``ငါသည်ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကို သင်တို့ထံသို့လှည့်လည်ဟောပြောကြေညာ ခဲ့၏။ သို့ရာတွင်သင်တို့အနက်အဘယ်သူမျှ ငါ့မျက်နှာကိုနောက်တစ်ဖန်မြင်ရကြလိမ့် မည်မဟုတ်ကြောင်းကိုငါသိ၏။-
သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် သင်တို့၏မျှော်လင့်ခြင်းပါရမီကြွယ်ဝစေ ခြင်းငှာ မျှော်လင့်ခြင်း၏အရှင်ဘုရားသခင် သည် သင်တို့၏ယုံကြည်မှုကြောင့်သင်တို့အား ဝမ်းမြောက်ခြင်းအမျိုးမျိုးနှင့်ငြိမ်သက်ခြင်း ကိုပေးသနားတော်မူပါစေသော။
လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။-
သင်တို့ထံလာသောအခါခရစ်တော်၏ကောင်းချီး မင်္ဂလာအပြည့်အစုံနှင့်ငါရောက်လာမည်ကိုငါ သိ၏။
ထိုအရှင်သည်ငါတို့အားယုံကြည်ခြင်းကြောင့် ဤကဲ့သို့ဘုရားသခင်၏ကျေးဇူးတော်ကိုခံ စားစေတော်မူ၏။ ထိုကျေးဇူးတော်ကိုယခုငါ တို့ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ငါတို့သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုခံစား ရန်မျှော်လင့်ခြင်းအတွက်ဝါကြွားဝမ်းမြောက် ကြ၏။-
သင်တို့သည်မည်သည့်အရာကိုယုံကြည်ရ မည်ကိုသင်တို့အားအမိန့်ပေးရန်ငါတို့ ကြိုးစားနေခြင်းမဟုတ်။ သင်တို့၏ယုံကြည် ခြင်းသည်ခိုင်မာလျက်ရှိကြောင်းငါတို့သိ ကြ၏။ ငါတို့သည်သင်တို့၏ရွှင်လန်းဝမ်း မြောက်မှုအတွက်သင်တို့နှင့်အတူလုပ် ဆောင်နေခြင်းသာဖြစ်၏။
သို့သော်သင်တို့၏အကျိုးကိုထောက်၍ငါသည် အသက်ရှင်လျက်နေရန်ပို၍အရေးကြီး၏။-
သခင်ဘုရားကိုယုံကြည်ကိုးစားလျက်ငါကိုယ် တိုင်ပင်မကြာမီသင်တို့ထံသို့လာနိုင်လိမ့်မည်။
ထို့အပြင်ငါတည်းခိုရန်အခန်းတစ်ခုကို အသင့်ပြင်ထားပါလော့။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည်သင်တို့အပေါင်း၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ငါ့ အားသင်တို့ထံသို့ပြန်လည်ရောက်ရှိစေတော် မူလိမ့်မည်ဟုငါမျှော်လင့်သောကြောင့်ဖြစ်၏။
သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-