Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လိပ္ပိ 1:26 - Common Language Bible

26 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​တစ်​ဖန်​နေ​ခွင့် ရ​သော​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​သင်​တို့​သည်​ငါ့​အ​တွက် ကြောင့်​ပို​၍​ပင်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထိုအခါ ငါ​သည် သင်​တို့​ထံသို့ တစ်ဖန်​ရောက်လာ​သဖြင့် သင်​တို့​၏​ဂုဏ်ယူ​ဝင့်ကြွား​စရာ​အကြောင်း​သည် ငါ့​ကြောင့် ခရစ်တော်​ယေရှု​၌ တိုးပွား​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ဤ​သည်​မှာ သင်တို့​ထံသို့ ကျွန်ုပ်​ပြန်ရောက်လာ​သောအခါ ကျွန်ုပ်​ကြောင့် သင်တို့​သည် ယေရှု​ခရစ်တော်​အကြောင်း​ကို ပို၍ ဂုဏ်ယူ​ဝင့်ကြွား​နိုင်​ရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လိပ္ပိ 1:26
14 ပူးပေါင်းရင်းမြစ်များ  

ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။


သင်​တို့​သည်​လည်း​ယ​ခု​အ​ခါ​ဝမ်း​နည်း​လျက် ရှိ​ကြ​၏။ သို့​သော်​လည်း​သင်​တို့​နှင့်​တစ်​ဖန်​ငါ ပြန်​၍​တွေ့​ဦး​မည်​ဖြစ်​သ​ဖြင့် သင်​တို့​သည် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သင်​တို့​၏​ဝမ်း​မြောက် ခြင်း​ကို​အ​ဘယ်​သူ​မျှ​မ​နုတ်​မ​ယူ​နိုင်။''


ယ​ခု​အ​ချိန်​တိုင်​အောင်​သင်​တို့​သည်​ငါ​၏ နာ​မ​ကို​အ​မှီ​ပြု​၍​အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း​မ​လျှောက်​ကြ​ရ​သေး။ ဝမ်း​မြောက်​ခြင်း အ​ပြည့်​အ​ဝ​ရ​ရှိ​နိုင်​ရန်​တောင်း​လျှောက်​ကြ လော့။ သင်​တို့​တောင်း​လျှောက်​သည့်​အ​တိုင်း​ရ​ရှိ ကြ​လိမ့်​မည်။''


ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား နိုင်​သည့်​နည်း​တူ သင်​တို့​သည်​လည်း​ငါ​တို့ အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​စေ​ရန် သင် တို့​သည်​ယ​ခု​တစ်​စိတ်​တစ်​ဒေ​သ​အား​ဖြင့် သာ သိ​ရှိ​နား​လည်​ကြ​သည့်​အ​ကြောင်း​အ​ရာ များ​ကို​ပြည့်​ဝ​စုံ​လင်​စွာ​သိ​ရှိ​နား​လည် လာ​ကြ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​၏။


ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​တစ်​ဖန်​မိ​မိ​တို့ ကိုယ်​ကို​ဂုဏ်​ဖော်​လို​၍​မ​ဟုတ်။ ငါ​တို့​အ​ပေါ် တွင်​သင်​တို့​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ခွင့်​ရ​ရှိ​ကြ စေ​ရန်​သာ​ဖြစ်​၏။ သို့​မှ​သာ​လျှင်​လူ​၏​အ​ကျင့် စာ​ရိတ္တ​ကို​မ​ထောက်​ဘဲ ပြင်​ပ​အ​ဆင်း​သဏ္ဌာန် ကို​သာ​ထောက်​၍ ဂုဏ်​ယူ​ဝါ​ကြွား​တတ်​သူ​တို့ ၏​စ​ကား​ကို​သင်​တို့​ပြန်​လည်​ချေ​ပ​နိုင် ကြ​ပေ​မည်။-


ငါ​သည်​တိ​တု​အား​သင်​တို့​အ​ကြောင်း​ကို​ကြွား ဝါ​ခဲ့​၏။ ယင်း​သို့​ကြွား​ဝါ​သည့်​အ​တိုင်း​ဟုတ်​မှန် ကြောင်း​ကို​သင်​တို့​ပြ​သ​လိုက်​ပေ​ပြီ။ ငါ​တို့ သည်​သင်​တို့​အား​ဟုတ်​မှန်​ရာ​ကို​သာ​လျှင် အ​စဉ်​ပြော​ကြား​ခဲ့​၏။ တိ​တု​အား​ငါ​တို့ ကြွား​ဝါ​ပြော​ဆို​ခဲ့​သော​အ​ရာ​များ​သည် လည်း​ဟုတ်​မှန်​လျက်​နေ​ပေ​ပြီ။-


ငါ​သည်​သင်​တို့​အား​ယုံ​ကြည်​စိတ်​ချ​၏။ သင် တို့​အ​တွက်​များ​စွာ​ဂုဏ်​ယူ​ဝါ​ကြွား​၏။ အ​မျိုး မျိုး​သော​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​တို့​ခံ​ရ​သော် လည်း ငါ​သည်​အား​တက်​လျက်​အ​တိုင်း​ထက် အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​၏။


သို့​ရာ​တွင်​စိတ်​ညှိုး​ငယ်​သူ​ကို​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ငါ​တို့​ထံ​ရောက်​ရှိ​လာ​သော​တိ​တု အား​ဖြင့် ငါ​တို့​ကို​အား​ပေး​တော်​မူ​၏။ တိ​တု​ရောက်​ရှိ လာ​သည့်​အ​တွက်​ကြောင့်​သာ​မ​က၊ တိ​တု​အား​သင် တို့​က​အား​ပေး​ကြ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သည့်​အ​တွက်​ကြောင့်​လည်း ငါ​တို့​သည်​အား​တက်​ရ ကြ​ပေ​သည်။-


လူ​တိုင်း​ပင်​မိ​မိ​၏​အ​ပြု​အ​မူ​ကို​စစ်​ကြော အပ်​၏။ မိ​မိ​၏​အ​ပြု​အ​မူ​သည်​ကောင်း​မွန်​ပါ​က ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ပေ​သည်။-


ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​ရ​သော်​သ​ခင်​ဘု​ရား နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဝမ်း​မြောက် ကြ​လော့။ ယ​ခင်​က​ငါ​ရေး​သား​ဖော်​ပြ​ပြီး သော​အ​ကြောင်း​အ​ရာ​များ​ကို​ယ​ခု​ထပ်​မံ​၍ ဖော်​ပြ​ရ​သည်​မှာ​ဝန်​မ​လေး​ပါ။ သင်​တို့​ပို​၍ လုံ​ခြုံ​စေ​ရန်​ဖြစ်​၏။-


အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​အ​စစ်​အ​မှန်​ကို ခံ​ရ​သော​သူ​တို့​ကား​ထို​သူ​တို့​မ​ဟုတ်​ဘဲ​ငါ တို့​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် အား​ဖြင့်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ရ​၍​ရွှင်​လန်း​ဝမ်း​မြောက်​သူ​များ​ဖြစ် သော​ကြောင့်​တည်း။ ငါ​တို့​သည်​ပြင်​ပ​လက္ခ​ဏာ များ​ကို​မ​ကိုး​စား။-


ဤ​မျှအ​ချိန်​ကာ​လ​ကြာ​ညောင်း​ပြီး​မှ​သင်​တို့ သည် ငါ့​အား​မိ​မိ​တို့​၏​မေတ္တာ​စေ​တ​နာ​ကို​တစ် ဖန်​ပြန်​၍​ပြ​သ​ကြ​သည့်​အ​တွက် ငါ​သည် သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ တစ်​ဦး​အ​နေ​ဖြင့်​အ​လွန်​ပင်​ဝမ်း​မြောက်​ပါ​၏။ ယ​ခင်​အ​ခါ​က​သင်​တို့​သည်​ငါ​၏​အ​ပေါ် တွင်​မေတ္တာ​စေ​တ​နာ​မ​ထား​ဘဲ​နေ​ခဲ့​ကြ သည်​ဟု​ငါ​မ​ဆို​လို​ပါ။ ထို​မေတ္တာ​စေ​တ​နာ ကို​ပြ​သ​နိုင်​ခွင့်​မ​ရ​ခဲ့​ကြောင်း​ကို​သာ ဆို​လို​ပါ​၏။-


သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့် တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဝမ်း​မြောက်​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ