ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။ သို့ရာတွင်ထာဝရဘုရား၏စကားကို နားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
နေဟမိ 9:21 - Common Language Bible အနှစ်လေးဆယ်ပတ်လုံးသဲကန္တာရတွင် ကိုယ်တော်သည်သူတို့လိုသမျှသော အစားအစာကိုပေးတော်မူပါ၏။ သူတို့အဝတ်သည်အဘယ်အခါ၌မျှ မဟောင်းမနွမ်းရပါ။ သူတို့၏ခြေသည်မပွန်းမရောင်ရပါ။ Garrad Bible သဲ က န္တာ ရ တွင်၊ နှစ် ပေါင်း လေး ဆယ် ပတ် လုံး၊ မ တောင့် မ တ ရ အောင် စား နပ် ရိ က္ခာ ကို ထောက် မ တော် မူ၍၊ အ ဝတ် နွမ်း ရိ ခြင်း၊ ခြေ ပေါက် ကွဲ ခြင်း များ မ ရှိ ရ ချေ။ Judson Bible အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်းမဆင်းရဲစေခြင်းငှာ ကျွေးမွေးတော်မူ၏။ သူတို့အဝတ် မဟောင်းမနွမ်းရ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ။ မြန်မာ့စံမီသမ္မာကျမ်း တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံး ကျွေးမွေးတော်မူသဖြင့် သူတို့၌ မည်သည့် လိုအပ်ချက်မျှမရှိ။ သူတို့၏အဝတ်များသည် မဟောင်းနွမ်း၊ သူတို့၏ခြေတို့သည်လည်း ရောင်ရမ်းခြင်းမရှိ။ |
ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။ သို့ရာတွင်ထာဝရဘုရား၏စကားကို နားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
ဣသရေလအမျိုးသားတို့သည်သူတို့ နေထိုင်မည့်ပြည်သို့ရောက်သည့်တိုင်အောင် မန္နမုန့်ကိုနှစ်ပေါင်းလေးဆယ်စားသုံးရ ကြ၏။ သူတို့သည်ခါနာန်ပြည်နယ်စပ် သို့ရောက်သည်အထိမန္နမုန့်ကိုစားရ ကြ၏။-
``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်နေစဉ်ကယဇ်ပူဇော်သကာတို့ ကို ငါ့အားမပူဇော်ဘဲနေခဲ့ကြသည်မ ဟုတ်လော။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
ထာဝရဘုရားသည်သင်တို့အားနှစ်ပေါင်း လေးဆယ်ပတ်လုံး တောကန္တာရခရီးဖြင့်ပို့ ဆောင်တော်မူခဲ့စဉ်အတွင်း သင်တို့၏အဝတ် အင်္ကျီများမဟောင်းမနွမ်း၊ သင်တို့၏ဖိနပ် များလည်းမစုတ်မပြတ်ခဲ့ရ။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-
ထိုနှစ်ပေါင်းလေးဆယ်ပတ်လုံးသင်တို့၏ အဝတ်အင်္ကျီများမဟောင်းနွမ်းခဲ့ရ။ သင်တို့ ၏ခြေထောက်များလည်းမရောင်ခဲ့ရ။-