ယောသပ်က``သင်တို့သည်ယနေ့အဘယ်ကြောင့် မျက်နှာညှိုးငယ်နေကြပါသနည်း'' ဟုသူတို့ အားမေးလေ၏။
နေဟမိ 2:2 - Common Language Bible ငါ့အား``သင်သည်အဘယ်ကြောင့်ဤမျှ မျက်နှာညှိုးငယ်ပါသနည်း။ သင့်မှာဖျား နာမှုလည်းမရှိသဖြင့် သင်သည်စိတ် မချမ်းမသာဖြစ်၍မျက်နှာညှိုးငယ် ခြင်းဖြစ်ရမည်'' ဟုဆို၏။ ဤသို့မင်းကြီးဆိုသောအခါငါသည် ထိတ်လန့်ပြီးလျှင်၊- Garrad Bible ဘု ရင် မင်း က၊ ကျန်း ခန့် လျက် အ ဘယ့် ကြောင့် မျက် နှာ ညှိုး ရ သ တည်း။ မု ချ စိတ် ပူ လိမ့် တ ကား ဟု မိန့် တော် မူ လျှင်၊ ငါ သည် အ လွန် ကြောက် လျက်၊ Judson Bible အထက်က တစ်ခါမျှ ရှေ့တော်၌ ညှိုးငယ်သောမျက်နှာကို မပြဖူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်းနည်းဟန် ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်က “သင်ကျန်းမာပါလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်နေရသနည်း။ ဝမ်းနည်းစရာအကြောင်း ရှိနေသည်မဟုတ်လော”ဟု ငါ့အား မေးတော်မူလျှင် ငါသည် အလွန်ကြောက်ရွံ့လျက် |
ယောသပ်က``သင်တို့သည်ယနေ့အဘယ်ကြောင့် မျက်နှာညှိုးငယ်နေကြပါသနည်း'' ဟုသူတို့ အားမေးလေ၏။
မြော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံး ကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။