နေဟမိ 2:1 - Common Language Bible1 လေးလမျှကုန်လွန်ပြီးနောက်၊ တစ်နေ့သော အခါ၌ဧကရာဇ်မင်းအာတဇေရဇ်သည် ပွဲတော်တည်လျက်နေစဉ် ငါသည်သူ၏ထံ သို့သွား၍စပျစ်ရည်ကိုဆက်လေ၏။ မင်း ကြီးသည်ယခင်အဘယ်အခါ၌မျှငါ ၏မျက်နှာညှိုးငယ်သည်ကိုမတွေ့မမြင် ဘူးသဖြင့်၊- အခန်းကိုကြည့်ပါ။Garrad Bible1 အာ တ ဇေ ရဇ် မင်း နန်း စံ နှစ် ဆယ်၊ နိ သန် လ တွင်၊ ရှေ့ တော် သို့ စ ပျစ် ရည် သွင်း စဉ်၊ ငါ ယူ၍ ဆက် လေ ၏။ ယ မန် ရှေ့ တော် တွင် ငါ့ မျက် နှာ တစ် ခါ မျှ ညှိုး ဖူး သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible1 အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လတွင် ရှေ့တော်၌ တင်သောစပျစ်ရည်ကို ငါကိုင်၍ ဆက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မြောက်၊ နိသန်လတွင် ရှေ့တော်၌ ရှိသော စပျစ်ဝိုင်ကို ငါသည် ယူ၍ ရှင်ဘုရင်ထံ ဆက်သ၏။ ထိုစဉ် ငါသည် ယခင်က မဖြစ်စဖူး မျက်နှာညှိုးငယ်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ဧဇရသည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည် များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့် အလုပ်သမားများပါဝင်သည့်ဣသရေလ အမျိုးသားများနှင့်အတူ အာတဇေရဇ် မင်းနန်းစံခုနစ်နှစ်မြောက်၌ ဗာဗုလုန်မြို့ မှယေရုရှလင်မြို့သို့လိုက်လာခဲ့၏။-
အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-