နာဟုံ 2:3 - Common Language Bible ရန်သူစစ်သူရဲတို့သည်ဒိုင်းလွှားနီများ ကိုကိုင်ဆောင်ကာ ဆင်တူဝတ်စုံနီများကိုဝတ်ဆင်ထားကြ၏။ သူတို့သည်တိုက်ခိုက်ရန်အသင့်ပြင်ဆင်လျက် ရှိကြ၏။ သူတို့၏စစ်မြင်းရထားများသည်မီးလျှံ သဖွယ် တောက်ပလျက်၊ သူတို့၏မြင်းများသည်ခုန်ပေါက်၍နေကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား ပြန် ရောက် စေ တော် မူ၏။ ရန် ဘက် သူ ရဲ တို့၏ ဒိုင်း လွှား နီ လျက် စွမ်း ရည် ကောင်း သူ တို့ မြင်း တို မြင်း ရှည် နီ လှ ၏။ စစ် ရ ထား များ သည် ခင်း ကျင်း သော နေ့ ရက်၌ သံ မ ဏိ အ ရောင် တောက် လျက် လှံ လက် နက် များ လည်း မြှောက် ဝင့် လျက် ရှိ ၏။ Judson Bible သူရဲတို့သည် နီသော ဒိုင်းလွှားကိုဆောင်၍၊ နီသောအဝတ်ကို ဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထားတို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူ့စစ်သူရဲတို့၏ဒိုင်းလွှားများကို အနီရောင်ချယ်ထားကြ၏။ စစ်သည်တို့သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကြ၏။ စစ်ခင်းကျင်းသောနေ့၌ စစ်ရထားတို့သည် သတ္တုရောင်တောက်ပြောင်လျက်၊ လက်နက်များကိုလည်း ဝှေ့ယမ်းလျက်ရှိ၏။ |
ထိုအပင်ကိုတောဝက်များသည်ကျော်နင်း ကြ၍ တောတိရစ္ဆာန်များသည်ကိုက်စားကြပါ၏။
လေဗနုန်တောမှထင်းရှူးပင်များနှင့်အာရစ် ပင်(သစ်ကတိုး) တို့ကသင်ကျဆုံးပြီဖြစ် ၍ငါတို့အားခုတ်လှဲမည့်သူမရှိတော့ဟု ဆို၍ဗာဗုလုန်ဘုရင်ကျဆုံးမှုအတွက် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။
သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။-
အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-
နှင်တန်ရိုက်သံ၊ရထားဘီးလှိမ့်သံ၊မြင်းခွာသံ၊ စစ်မြင်းရထားဆောင့်သံကိုနားထောင်လော့။
ငါသည်မြင်းနီကိုစီးလျက်နေသူထာဝရ ဘုရား၏ကောင်းကင်တမန်တစ်ပါးကိုမြင် ရ၏။ သူသည်ချိုင့်ဝှမ်းထဲတွင်ရှိသောကျောက် ပန်းပင်များအလယ်တွင်ရပ်တန့်လျက်နေ၏။ သူ၏နောက်၌မူမြင်းနီ၊ မြင်းပြောက်ကြား၊ မြင်းဖြူစသည့်အခြားမြင်းများရှိ၏။-
အို ထင်းရှူးပင်တို့ငိုကြွေးမြည်တမ်းကြလော့။ သစ်ကတိုးပင်များသည်ပြိုလဲကြလေပြီ။ ကြက်သရေဆောင်သည့်ထိုအပင်တို့သည် ပျက်ပြုန်း၍သွားလေပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့ငိုကြွေး မြည်တမ်းကြလော့။ ထူထပ်သည့်သစ်တောကိုခုတ်လှဲလိုက်ကြ လေပြီ။
ပထမစစ်မြင်းရထားတွင်မြင်းနီများ၊ ဒုတိယစစ်မြင်းရထားတွင်မြင်းနက်များ၊-
မိုးကောင်းကင်တွင်အခြားအတိတ်နိမိတ် တစ်ရပ်ပေါ်လာပြန်၏။ ဦးခေါင်းခုနစ်လုံး၊ ဦး ချိုဆယ်ချောင်းရှိသောနဂါးနီကြီးတစ်ကောင် သည်မိမိ၏ဦးခေါင်းများပေါ်တွင်သရဖူ ခုနစ်လုံးကိုဆောင်း၍ထား၏။-
ထိုနောက်မြင်းနီတစ်ကောင်ထွက်လာ၏။ လူတို့ သည်အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြစေရန်မြင်းစီးသူရဲအား ဤ လောကတွင်စစ်မက်ဖြစ်ပွားစေနိုင်သည့်တန်ခိုး ကိုပေးအပ်ထား၏။ ဋ္ဌားကြီးတစ်လက်ကိုသူ့ အားပေးထား၏။