ကိုယ်တော်သည်ငါတို့နေထိုင်ရာပြည်ကို ရွေးချယ်ပေးတော်မူ၏။ ထိုပြည်ကားကိုယ်တော်ချစ်မြတ်နိုးတော်မူ သော လူစုတော်ပိုင်ဆိုင်၍ဂုဏ်ယူဝါကြွားစရာဖြစ် ပေသည်။
နာဟုံ 2:2 - Common Language Bible (ထာဝရဘုရားသည် ဣသရေလပြည်သား ရန်သူများလုယက်တိုက်ခိုက်မှုမပြုမီ အခါက အခြေအနေသို့ပြန်လည်ရောက် ရှိစေတော်မူတော့အံ့။) Garrad Bible ဆွတ် ခူး သူ တို့ ကြောင့် လွတ် လပ် ခြင်း၊ စ ပျစ် နွယ် ပျက် စီး ခြင်း ခံ ရ သော ယာ ကုပ် အ မျိုး ကြက် သ ရေ နှင့် ဣ သ ရေ လ အ မျိုး ၏ ကြက် သ ရေ ကို Judson Bible အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သောသူတို့သည် ယာကုပ်အမျိုးကို သုတ်သင်၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း လုယက်ဖျက်ဆီးသောသူတို့သည် အကိုင်းအခက်များပါမကျန် လုယက်ဖျက်ဆီးခဲ့သော်လည်း စင်စစ် ထာဝရဘုရားသည် အစ္စရေးလူမျိုး၏ဘုန်းတန်ခိုးကဲ့သို့ ယာကုပ်အမျိုး၌ ဘုန်းတန်ခိုးပြန်ပေးတော်မူမည်။ |
ကိုယ်တော်သည်ငါတို့နေထိုင်ရာပြည်ကို ရွေးချယ်ပေးတော်မူ၏။ ထိုပြည်ကားကိုယ်တော်ချစ်မြတ်နိုးတော်မူ သော လူစုတော်ပိုင်ဆိုင်၍ဂုဏ်ယူဝါကြွားစရာဖြစ် ပေသည်။
``သင်သည်လူသူဆိတ်ငြိမ်လျက်စွန့်ပစ်မုန်းတီး ခြင်းကို ခံရသောမြို့ဖြစ်တော့မည်မဟုတ်။ ငါသည်သင့်ကိုခမ်းနားကြီးကျယ်လှပစေ၍ ကာလအစဉ်အဆက် ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသည့်မြို့ဖြစ်စေမည်။
ငါသည်ဖျက်ဆီးရန်လုပ်ငန်းကိုငါ၏နာမ တော်ကိုဆောင်သောမြို့တော်မှအစပြုမည်။ ထိုမြို့သားတို့သည်အပြစ်ဒဏ်ခံရကြ တော့မည်မဟုတ်ဟုထင်မှတ်ကြသလော။ ငါသည်ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့ ထံသို့စစ်မက်အန္တရာယ်ကိုစေလွှတ်မည် ဖြစ်၍ သူတို့သည်အမှန်ပင်အပြစ်ဒဏ်ခံ ရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
လူတို့သည်စပျစ်သီးများကိုလာ၍ဆွတ် ခူးကြသောအခါ စပျစ်ကိုင်းများတွင်အ သီးအနည်းငယ်ချန်ထားတတ်ကြ၏။ ညဥ့် အခါ၌ဋ္ဌားပြများလာရောက်လျှင်လည်း မိမိတို့နှစ်သက်ရာပစ္စည်းများကိုသာ လျှင်ယူသွားတတ်ကြ၏။-
ထိုနောက်ငါအရှင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့အား သူတို့ ရောက်ရှိနေရာလူမျိုးတကာတို့အထဲမှ ထုတ်ယူစုသိမ်းပြီးလျှင် သူတို့ကိုယ်ပိုင်တိုင်း ပြည်သို့ခေါ်ဆောင်လာမည်ဖြစ်ကြောင်းထို သူတို့အားပြောပြလော့။-
သူတို့သည်နောက်တစ်ဖန်စက်ဆုပ်ဖွယ်ရာ ရုပ်တုများအားဖြင့်မိမိတို့ကိုမညစ် ညမ်းစေရ။ အပြစ်ကူးလွန်မှုအားဖြင့် စာရိတ္တမပျက်စီးရ။ ငါသည်သူတို့အား အပြစ်ဒုစရိုက်နှင့်ဖောက်ပြန်မှုအမျိုး မျိုးမှကယ်တင်၍စင်ကြယ်စေမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်၍ငါသည် လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။-
ဣသရေလပြည်သားတို့သည်အသီးများ စွာသီးသောစပျစ်နွယ်ပင်နှင့်တူ၏။ သူတို့ သည်စီးပွားတိုးတက်လာသည်နှင့်အမျှ ယဇ်ပလ္လင်များစွာကိုတည်ဆောက်ကြ၏။ အသီးအနှံပေါများလာသည်နှင့်အမျှ သူတို့ကိုးကွယ်ရာကျောက်တိုင်များကို ပို၍လှပစွာတန်ဆာဆင်ကြ၏။-
နိနေဝေမြို့သည်ပျက်စီး၍သွားလေပြီ။ လူသူမရှိ။ ဆိတ်ညံရာဖြစ်လျက်နေ၏။ လူတို့သည်အလွန်ကြောက်လန့်သဖြင့်နှလုံး ခုန်ရပ်လုနီး၊ ဒူးများတုန်လျက်အားအင်ကုန်ခန်း၍သွားကြ၏။ သူတို့၏မျက်နှာတွင်လည်းသွေးမရှိတော့။
မြို့ကိုအဝိုင်းခံနိုင်ရန်ရေများကိုခပ်ထားလော့။ ခံတပ်များကိုအားဖြည့်ထားကြလော့။ အုတ်ဖုတ် ရန်ရွှံ့စေးကိုနင်းနယ်၍အုတ်သွန်းပုံများကို အသင့်ပြုလုပ်လော့။-
အို ငါ၏လူမျိုးတော်၊ ထိုအခါသင်တို့ သည်ငါ့ကိုပုန်ကန်ခဲ့သည့်အတွက်ရှက် ကြောက်နေရန်လိုတော့မည်မဟုတ်။ ငါ သည်မာနကြီးသူမောက်မာထောင်လွှား သူမှန်သမျှကိုပယ်ရှင်းမည်ဖြစ်၍ သင် တို့သည်နောက်တစ်ဖန်အဘယ်အခါ၌ မျှယေရုရှလင်မြို့ရှိ ငါ၏သန့်ရှင်းမြင့် မြတ်သည့်တောင်တော်ပေါ်တွင်ငါ့ကိုပုန် ကန်ကြတော့မည်မဟုတ်။-