မင်းကြီး၏ပြန်ကြားလွှာမှာ၊ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။''
ဒံယေလ 6:25 - Common Language Bible ထိုနောက်ဒါရိမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးပြောဆိုသူလူမျိုးအသီး သီးနှင့် နိုင်ငံအသီးသီးရှိလူအပေါင်းတို့ ထံသို့သဝဏ်လွှာတစ်စောင်ရေးသားပေး ပို့တော်မူ၏။ ထိုသဝဏ်လွှာတွင်``သင်တို့သည်ချမ်းမြေ့ သာယာကြပါစေသော။- Garrad Bible ထို့ နောက် ဒါ ရိ မင်း က၊ မြေ တစ် ပြင် လုံး၌ နေ ကြ ကုန် သော ဘာ သာ စ ကား အ မျိုး မျိုး ပြော ဆို သူ လူ မျိုး ဟူ သ မျှ တို့ ထံ အ မိန့် စာ ထုတ် လိုက် သည် မှာ သင် တို့၌ ငြိမ် သက် ခြင်း များ ပြား ပါ စေ သော။ Judson Bible ထိုအခါ မြေကြီးတစ်ပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်း များပြားစေသော။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါရိမင်းကြီးသည် မြေတစ်ပြင်လုံးရှိနိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအပေါင်းတို့ထံသို့ စာရေးလိုက်၏။ ထိုစာတွင် “သင်တို့၌ ငြိမ်ဝပ်ချမ်းသာ တိုးပွားပါစေသော။ |
မင်းကြီး၏ပြန်ကြားလွှာမှာ၊ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။''
ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-
သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍ မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။
ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
သံတော်ဆင့်တစ်ဦးက``ဘာသာစကား အမျိုးမျိုးကိုပြောဆိုကြသောလူမျိုး အသီးသီးနှင့်နိုင်ငံအသီးသီးကလူ အပေါင်းတို့၊-
နေဗုခဒ်နေဇာမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးကို ပြောဆိုသောလူမျိုး အပေါင်းတို့ထံသို့ သဝဏ်လွှာတစ်စောင်ကို အောက်ပါအတိုင်းပေးပို့တော်မူ၏။ ``သင်တို့သည်ချမ်းမြေ့သာယာကြပါစေ သော။-
အစွပ်စွဲခံရသူခံရမည့်အပြစ်ဒဏ်ကိုသူ့ အားခံစေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ထိုသို့သောဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။-
ဘုရားသခင်နှင့်ငါတို့အရှင်ဖြစ်တော်မူသော သခင်ယေရှုခရစ်ကိုသိကျွမ်းရခြင်းအားဖြင့် သင်တို့သည်ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ကိုအပြည့်အဝခံစားရကြပါစေသတည်း။
သင်တို့သည်ကရုဏာတော်၊ ငြိမ်သက်ခြင်း နှင့်မေတ္တာတော်ကိုအပြည့်အဝခံစားရ ကြပါစေသတည်း။