ဒံယေလ 4:1 - Common Language Bible1 နေဗုခဒ်နေဇာမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးကို ပြောဆိုသောလူမျိုး အပေါင်းတို့ထံသို့ သဝဏ်လွှာတစ်စောင်ကို အောက်ပါအတိုင်းပေးပို့တော်မူ၏။ ``သင်တို့သည်ချမ်းမြေ့သာယာကြပါစေ သော။- အခန်းကိုကြည့်ပါ။Garrad Bible1 မြေ တစ် ပြင် လုံး၌ နေ ကြ ကုန် သော ဘာ သာ စ ကား အ မျိုး မျိုး ပြော ဆို သူ၊ လူ မျိုး ဟူ သ မျှ တို့ အား ငါ နေ ဗု ခဒ် နေ ဇာ မင်း အ မိန့် ကြော် ငြာ လိုက် သည် မှာ သင် တို့ ၌ ငြိမ် သက် ခြင်း များ ပြား ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible1 ငါ နေဗုခဒ်နေဇာမင်းကြီး ကြားမှာလိုက်သည်။ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်နေ၍ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသောလူမျိုးတကာတို့၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်း များပြားစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော ကမ္ဘာအရပ်ရပ်ရှိလူမျိုးအပေါင်းတို့ထံသို့ ငါနေဗုခဒ်နေဇာမင်းကြီး ပြောကြားလိုက်ပါ၏။ သင်တို့ ကြီးပွားတိုးတက်ကြပါစေသော။ အခန်းကိုကြည့်ပါ။ |
``ထိုကြောင့်ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူမျိုးအသီးသီးနှင့်နိုင်ငံ အသီးသီးကမည်သူမဆိုရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၏ဘုရားအားမရို မသေပြောဆိုသည်ဆိုအံ့၊ ထိုသူအားအပိုင်း ပိုင်းဖြတ်၍နေအိမ်ကိုလည်း ပြာပုံဖြစ်စေ ဟုယခုငါအမိန့်ပေး၏။ ထိုသူသုံးဦးတို့ ၏ဘုရားကဲ့သို့အဘယ်ဘုရားမျှမကယ် တင်နိုင်'' ဟုမိန့်တော်မူ၏။
ဘုရားသခင်ထံတော်မှဝိညာဉ်တော်သည် အာမသဲအပေါ်သို့သက်ရောက်ကာနောင် အခါ၌ ရဲဘော်သုံးကျိပ်တို့၏တပ်မှူး ဖြစ်လာသူအာမသဲက၊ ``ယေရှဲ၏သားဒါဝိဒ်မင်း၊ကျွန်တော်တို့သည် အရှင်၏ဘက်တော်သားများဖြစ်ကြပါ၏။ ဘုရားသခင်သည်အရှင်၏ဘက်၌ရှိပါ၏။ အရှင်နှင့်တကွအရှင့်အားကူညီကြသူတို့ သည် အောင်မြင်ကြပါစေသော'' ဟုဟစ်အော် လျှောက်ထား၏။ ဒါဝိဒ်သည်ထိုသူတို့ကိုလက်ခံလျက် မိမိ တပ်တွင်အရာရှိများအဖြစ်ခန့်အပ်လေ၏။
ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။
ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-