ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
ဒံယေလ 5:9 - Common Language Bible ထိုအခါဗေလရှာဇာမင်းသည်လွန်စွာပူပင် သောကရောက်တော်မူသဖြင့် ပို၍ပင်မျက်နှာ ညှိုးငယ်လာလေသည်။ မှူးမတ်တို့သည်လည်း မှိုင်တွေလျက်နေကြ၏။ Garrad Bible ဗေ လ ရှာ ဇာ မင်း သည် အ လွန် ပူ ပန် လျက် မျက် နှာ ပျက် သည့် ပြင် မှူး မတ် တို့ လည်း မှိုင် တွေ နေ ကြ ကုန်၏။ Judson Bible ဗေလရှာဇာမင်းကြီးသည် အလွန်စိတ်ပူပန်ခြင်း၊ မျက်နှာတော်ညှိုးငယ်ခြင်းရှိ၍၊ မှူးတော်မတ်တော်တို့သည် မှိုင်လျက်နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဗေလရှာဇာမင်းကြီးလည်း ပို၍စိုးရိမ်ထိတ်လန့်ကာ မျက်စိမျက်နှာပျက်လေ၏။ သူ၏မှူးမတ်တို့လည်း ကြံရာမရဖြစ်ကြလေ၏။ |
ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
သူတို့သည်သားဖွားချိန်နီးသည့် အမျိုးသမီးကဲ့သို့လည်းကောင်း၊ ပြင်းထန်သောလေမုန်တိုင်းမိသဖြင့်လူးနေရသော သင်္ဘောကြီးများကဲ့သို့လည်းကောင်း ထိတ်လန့်တုန်လှုပ်ကြကုန်၏။
မေးမြန်းလျက်စဉ်းစားကြည့်ကြလော့။ အမျိုးသားသည်သားဖွား၍ရနိုင်သလော။ သို့ဖြစ်ပါမူအမျိုးသားပင်လျှင်သားဖွား ဝေဒနာ ခံရသည့်အမျိုးသမီးကဲ့သို့၊ အဘယ်ကြောင့်မိမိတို့ဝမ်းကိုလက်ဖြင့်နှိပ် လျက် နေသည်ကိုငါတွေ့ရှိရသနည်း။ လူတိုင်းသည်အဘယ်ကြောင့်ဖြူဖတ်ဖြူရော် ဖြစ်နေကြသနည်း။
ယေရုရှလင်မြို့သားတို့က``ဤသတင်းကို ငါတို့ကြားသောအခါ ငါတို့၏လက်များ သည်ပျော့ခွေ၍သွားပါ၏။ ငါတို့သည်သား ဖွားသောအမျိုးသမီးကဲ့သို့ပြင်းစွာ ဝေဒနာခံရကြပါ၏။-
ငါတစ်ဦးတည်းသာလျှင်ထိုအံ့သြဖွယ် ကောင်းသည့်ဗျာဒိတ်ရူပါရုံကိုကြည့် လျက်ကျန်ရစ်၏။ ငါသည်အားပြတ်၍ အဘယ်သူမျှမမှတ်မိနိုင်လောက်အောင် ငါ၏မျက်နှာသည်အသွင်ပြောင်းသွား၏။ အကူအညီမဲ့လျက်ရှိ၏။-
နေဗုခဒ်နေဇာမင်းသည်နန်းစံဒုတိယ နှစ်တွင် အိပ်မက်ကိုမြင်မက်၍လွန်စွာစိတ် ပူပန်သဖြင့်စက်တော်ခေါ်၍မရ။-
မျက်နှာညှိုးငယ်၍သွားတော်မူ၏။ သူသည် အလွန်ကြောက်လန့်ကာမျက်နှာဖြူဖတ်ဖြူ ရော်ဖြစ်လျက်ဒူးများပင်ခိုက်ခိုက်တုန်၍ လာ၏။-
ထိုအကြောင်းကိုကြားလျှင်ဟေရုဒ်မင်းနှင့်တကွ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့သည် တုန်လှုပ်ချောက်ချား၍သွားကြကုန်၏။-
ထိုအခါလောကီဘုရင်၊ အာဏာပိုင်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ တန်ခိုးအာဏာရှိသူမှစ၍ ကျွန်နှင့်ကျွန်မဟုတ်သူအပေါင်းတို့သည်လိုဏ် ဂူများ၌လည်းကောင်း၊ တောင်ပေါ်ကျောက်ဆောင် များ၌လည်းကောင်းပုန်းအောင်း၍နေကြ ကုန်၏။-