ထိုအရပ်တွင်ငှက်တို့သည်အသိုက်များ ပြုလုပ်ကြပါ၏။ တောငန်းတို့သည်ထင်းရှူးပင်များတွင် အသိုက်များပြုလုပ်ကြပါ၏။
ဒံယေလ 4:21 - Common Language Bible ထိုအပင်၏အကိုင်းအခက်များသည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် ကမ္ဘာတစ်ဝန်းလုံးစားသုံးနိုင်၏။ ထိုအပင် အောက်တွင်တောတိရစ္ဆာန်များနားနေကြ၏။ အကိုင်းအခက်များတွင်ငှက်တို့အသိုက်လုပ် ကြ၏။ Garrad Bible အ ရွက် လည်း လှ ပ စည် ပင် လျက် အ သီး လည်း ပေါ များ သ ဖြင့် သ တ္တ ဝါ အ ပေါင်း တို့ စား သုံး ရန် ဖြစ် ထ သော၊ အ ရိပ်၌ မြေ သ တ္တ ဝါ၊ အ ကိုင်း အ ခက်၌ လေ သ တ္တ ဝါ မှီ ခို ရာ ဖြစ် ထ သော၊ ဤ သို့ မြင် မက် တော် မူ သော သစ် ပင် ကား၊ Judson Bible အရွက်လှလျက်၊ သတ္တဝါ အပေါင်းတို့စား၍ ဝလောက်သော အသီးနှင့် ပြည့်စုံထသော၊ မြေတိရစ္ဆာန်တို့သည် အောက်၌နေကြသဖြင့်၊ အခက်အလက်တို့၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင်သည်၊ မြန်မာ့စံမီသမ္မာကျမ်း အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် မှီခိုသောသတ္တဝါအားလုံးအဖို့ စားစရာရရှိစေသော၊ တောတိရစ္ဆာန်တို့သည် အရိပ်၌ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်များတွင်အသိုက်လုပ်၍ရသော ထိုအပင်သည်ကား |
ထိုအရပ်တွင်ငှက်တို့သည်အသိုက်များ ပြုလုပ်ကြပါ၏။ တောငန်းတို့သည်ထင်းရှူးပင်များတွင် အသိုက်များပြုလုပ်ကြပါ၏။
အမြင့်ဆုံးသောဣသရေလတောင်ပေါ်မှာ စိုက်မည်။ ထိုအပင်သည်အကိုင်းအခက်များထွက်၍ အသီးသီးကာ လှပတင့်တယ်သောအာရစ်ပင်ဖြစ်လာလိမ့်မည်။ ထိုအပင်၌ငှက်အမျိုးမျိုးတို့အသိုက် လုပ်ကြလိမ့်မည်။ အပင်ရိပ်တွင်လည်းခိုလှုံကြလိမ့်မည်။
ထိုအကိုင်းအခက်များတွင်ငှက်အမျိုးမျိုး တို့ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်များကသစ်ပင်အောက်တွင် သားဖွားကြ၏။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့သည်လည်း ထိုအပင်၏အရိပ်တွင်နားနေကြ၏။
ကိုယ်တော်သည်အရှင့်အားလူတို့နေထိုင် ရာကမ္ဘာမြေပြင်ရှိသမျှကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကိုလည်းကောင်း အစိုးရစေတော်မူပါ၏။ အရှင်မင်းကြီး သည်ရုပ်တုကြီး၏ရွှေဦးခေါင်းဖြစ်တော် မူပါ၏။-
ထိုသစ်ပင်သည်ကမ္ဘာမြေပေါ်တွင်ရှိသမျှ သောလူအပေါင်းတို့မြင်ရကြသည်တိုင် အောင် မိုးကောင်းကင်အထိမြင့်မားလာ လေသည်။-
မြင့်မားထွားကြိုင်းသည့်သစ်ပင်သည်မိုး ကောင်းကင်အထိရောက်ရှိ၍ ကမ္ဘာပေါ်ရှိလူ အပေါင်းတို့သည်ထိုအပင်ကိုမြင်ကြ၏။-
``အရှင်မင်းကြီး၊ အရှင်ကားထိုသစ်ပင်ကြီး ပင်ဖြစ်ပါ၏။ အရှင်သည်မိုးကောင်းကင်တိုင် အောင်မြင့်မားကြီးမြတ်တော်မူလျက်တန် ခိုးတော်သည်ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းမိုး ပါ၏။-
နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ မုန် ညင်းစေ့ကိုလူတစ်ယောက်သည်ယူ၍မိမိ၏ ဥယျာဉ်တွင်စိုက်၏။ ထိုအစေ့မှအပင်ပေါက် ၍ကြီးမားလာသဖြင့် ထိုအပင်၏အကိုင်း အခက်များတွင်ငှက်များနားနေရကြ၏'' ဟုမိန့်တော်မူ၏။