Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 2:38 - Common Language Bible

38 ကိုယ်​တော်​သည်​အ​ရှင့်​အား​လူ​တို့​နေ​ထိုင် ရာ​ကမ္ဘာ​မြေ​ပြင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အ​စိုး​ရ​စေ​တော်​မူ​ပါ​၏။ အ​ရှင်​မင်း​ကြီး သည်​ရုပ်​တု​ကြီး​၏​ရွှေ​ဦး​ခေါင်း​ဖြစ်​တော် မူ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 လူ နေ ရာ ရှိ သ မျှ တွင် မြေ သ တ္တ ဝါ၊ လေ သ တ္တ ဝါ တို့ ကို လည်း လက် တော် သို့ အပ် ပေး၍ ခပ် သိမ်း တို့ အ ပေါ် တွင် အုပ် စိုး ခွင့် ပြု တော် မူ ပြီ။ ရွှေ ဖြစ် သော ထို ဦး ခေါင်း ကား ဘု ရင် မင်း မြတ် ပေ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 လူ​နေ​ရာ​ရှိ​သ​မျှ​တို့​နှင့် မြေ​ကြီး​သား တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို ကိုယ်​တော်​လက်၌ အပ်​ပေး၍၊ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ရှိ​တော်​မူ၏။ ကိုယ်​တော်​သည် ရုပ်​တု၏ ရွှေ​ဦး​ခေါင်း​ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 အရပ်ရပ်​ရှိ​လူသား​များ​၊ တောတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​ကို အရှင်မင်းကြီး​လက်​သို့ အပ်​တော်မူ​သဖြင့် အရှင်မင်းကြီး​သည် အလုံးစုံ​ကို အုပ်စိုး​ရ​ပါ​၏​။ ရုပ်တု​၏​ရွှေ​ဦးခေါင်း​သည် အရှင်မင်းကြီး​ပင် ဖြစ်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 2:38
10 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့် တပ်​မ တော်​သည်​လက်​အောက်​ခံ​နိုင်​ငံ​ရှိ​သ​မျှ​နှင့် လူ​မျိုး​အ​ပေါင်း​တို့​၏​စစ်​တပ်​များ​အ​ကူ အ​ညီ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​နီး အ​နား​ရှိ​မြို့​ရွာ​များ​ကို​တိုက်​ခိုက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။


ထို​ရုပ်​တု​ကြီး​၏​ဦး​ခေါင်း​သည်​ရွှေ​စင်​ဖြင့် ပြီး​ပါ​၏။ ရင်​ဘတ်​နှင့်​လက်​နှစ်​ဖက်​ကို​ငွေ ဖြင့်​လုပ်​ထား​ပြီး​လျှင် ဝမ်း​နှင့်​ပေါင်​တို့​ကို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-


အ​ရှင်​မ​ရှိ​သည့်​နောက်​၌​အ​ရှင်​၏​အင်​ပါ​ယာ နိုင်​ငံ​တော်​မျှ​လောက် မ​ကြီး​မြတ်​သည့်​အင်​ပါ ယာ​နိုင်​ငံ​တစ်​ခု​တည်​ရှိ​ပါ​လိမ့်​မည်။ ထို​နောက် ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော​တ​တိ​ယ​အင် ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ပါ​လိမ့်​မည်။ ထို​အင် ပါ​ယာ​နိုင်​ငံ​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​ပါ​လိမ့်​မည်။-


နေ​ဗု​ခဒ်​နေ​ဇာ​မင်း​က``ဤ​ကား​ငါ​မြင်​မက် သည့်​အိပ်​မက်ဖြစ်​၏။ အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ ယ​ခု​ငါ့​အား​ထို​အိပ်​မက်​၏​အ​နက်​ကို​ဖော် ပြ​ပါ​လော့။ ယင်း​ကို​ငါ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​တစ်​ယောက်​မျှ​မ​ဖော်​ပြ​နိုင်​ပါ။ သို့​ရာ​တွင်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘုရား​တို့ ၏​ဝိ​ညာဉ်​သည်​သင့်​၏​အ​ထဲ​၌​ကိန်း​အောင်း သည်​ဖြစ်​၍​သင်​သည်​ထို​အိပ်​မက်​၏​အ​နက် ကို​ဖော်​ပြ​နိုင်​ပါ​၏'' ဟု​မိန့်​တော်​မူ​၏။


``အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အ​ရှင့်​ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား အုပ်​စိုး​ခွင့်​အာ​ဏာ​နှင့်​ကြီး​မြတ်​သည့်​ဘု​ရင် တစ်​ပါး​ဖြစ်​စေ​တော်​မူ​လျက် ဂုဏ်​အ​သ​ရေ နှင့်​လည်း​ကောင်း၊ အာ​နု​ဘော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​စေ​တော်​မူ​ပါ​၏။-


ပ​ထ​မ​သား​ရဲ​သည်​ခြင်္သေ့​နှင့်​တူ​၍​လင်း​ယုန်​ကဲ့​သို့​အ​တောင်​များ​ရှိ​၏။ ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ထို​သား​ရဲ​သည်​အ​တောင်​များ​ပြုတ်​၍​သွား​ပြီး​လျှင် မြေ​ပေါ်​သို့​မြောက်​တက်​ကာ​လူ​ကဲ့​သို့​မတ်​တတ်​ရပ်​လျက်​နေ​၏။ ထို​နောက်​သူ​သည်​လူ့​စိတ်​ကို​ရ​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ