မော်ဒကဲသည်ယုဒအမျိုးသားတစ်ဦး ဖြစ်ကြောင်းကိုလည်းသိရှိရသဖြင့် ဟာမန် သည်မော်ဒကဲတစ်ဦးတည်းကိုသာမဟုတ်၊ ပေရသိအင်ပါယာနိုင်ငံတော်အတွင်း ရှိ ရှိသမျှသောယုဒအမျိုးသားတို့ကိုပါ ကွပ်မျက်ရန်ကြံစည်လေသည်။
ဒံယေလ 3:8 - Common Language Bible ဗာဗုလုန်ပြည်သားအချို့တို့သည်ယုဒ အမျိုးသားတို့အား ပြစ်တင်ပြောဆိုရန် အခွင့်ကောင်းကိုယူ၍၊- Garrad Bible ထို နောက် ခါ လ ဒဲ ဆ ရာ အ ချို့ တို့ သည် ယု ဒ လူ မျိုး တို့ အ ပေါ် တွင် အ ပြစ် စွဲ ဆို ရန် နေ ဗု ခဒ် နေ ဇာ မင်း ထံ တိုး ဝင် လျက်၊ Judson Bible ထိုအခါ၊ ခါလဒဲလူအချို့တို့သည် နေဗုခဒ်နေဇာမင်းကြီးထံတော်သို့ ချဉ်းကပ်လျက်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ခါလဒဲပညာရှိတို့သည် လာ၍ ဂျူးလူမျိုးတို့ကို စွပ်စွဲကြ၏။ |
မော်ဒကဲသည်ယုဒအမျိုးသားတစ်ဦး ဖြစ်ကြောင်းကိုလည်းသိရှိရသဖြင့် ဟာမန် သည်မော်ဒကဲတစ်ဦးတည်းကိုသာမဟုတ်၊ ပေရသိအင်ပါယာနိုင်ငံတော်အတွင်း ရှိ ရှိသမျှသောယုဒအမျိုးသားတို့ကိုပါ ကွပ်မျက်ရန်ကြံစည်လေသည်။
ဘုရင့်အတိုင်ပင်ခံတို့က``အရှင်မင်းကြီး သိလိုသောအရာကို ပြောပြနိုင်သူတစ်ဦး တစ်ယောက်မျှကမ္ဘာပေါ်တွင်မရှိပါ။ အဘယ် တန်ခိုးကြီးသည့်ဘုရင်မျှ မိမိ၏နက္ခဟော ဆရာများ၊ ပယောဂဆရာများနှင့်မှော် ဆရာများအားဤသို့ဆင့်ဆိုစေခိုင်းဖူး သည်မရှိပါ။-
သို့ဖြစ်၍မိမိမည်သည့်အိပ်မက် မက်သည်ကို ဖော်ပြရန်နက္ခဟောဆရာများ၊ ပယောဂ ဆရာများ၊ စုံးအတတ်ကိုတတ်သူများနှင့် မှော်ဆရာများကိုဆင့်ခေါ်တော်မူစေ၏။ သူ တို့သည်ရှေ့တော်သို့ရောက်ကြသောအခါ၊-
သို့ဖြစ်၍ဘာသာစကားအမျိုးမျိုးပြော ဆိုသောလူမျိုးအသီးသီးနှင့် နိုင်ငံအသီး သီးကလူတို့သည်တူရိယာတီးမှုတ်သံ ကိုကြားသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာတည်ထားသည့်ရွှေရုပ်ကြီးကိုဦး ညွှတ်ရှိခိုးကြကုန်၏။
ထိုအခါရှိရှိသမျှသောဗေဒင်ဆရာ၊ မျက် လှည့်ဆရာ၊ မှော်ဆရာနှင့်နက္ခတ်ဆရာများ သည်ရှေ့တော်သို့ရောက်ရှိလာကြ၏။ ငါသည် သူတို့အားငါ၏အိပ်မက်ကိုပြောပြသော် လည်း သူတို့သည်ထိုအိပ်မက်၏အနက်ကို မဖော်ပြနိုင်ကြပါ။-
ထိုအခါအခြားကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်ဘုရင်ခံတို့သည် ဒံယေလ၏စီမံ အုပ်ချုပ်မှု၌အမှားကိုရှာကြလေသည်။ သို့ရာတွင်မည်သည့်အမှားကိုမျှမတွေ့ မရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဒံယေလ သည်သစ္စာရှိသူဖြစ်သဖြင့်မည်သည့်အမှား၊ မည်သည့်မရိုးမဖြောင့်မှုကိုမျှမပြု သောကြောင့်ဖြစ်၏။-
သို့ရာတွင်ဤဂိုဏ်းအကြောင်းကိုမူဆန့်ကျင် ၍ နေရာတကာတွင်ပြောဆိုနေကြသည်ကို ငါတို့သိရှိပါ၏။ သို့ဖြစ်၍သင်၏အယူ ဝါဒကိုသင့်ထံမှငါတို့ကြားနာလိုပါ ၏'' ဟုဆိုကြ၏။