Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 3:6 - Common Language Bible

6 မော်​ဒ​ကဲ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ရ​သ​ဖြင့် ဟာ​မန် သည်​မော်​ဒ​ကဲ​တစ်​ဦး​တည်း​ကို​သာ​မ​ဟုတ်၊ ပေ​ရ​သိ​အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း ရှိ ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို​ပါ ကွပ်​မျက်​ရန်​ကြံ​စည်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 မော် ဒ ကဲ တစ် ယောက် တည်း ကို လက် ရောက် ပြု ရန် သေး နုပ် သည် ထင် သော ကြောင့်၊ ကြား သိ သည့် အ တိုင်း၊ မော် ဒ ကဲ၏ ဆွေ မျိုး သား ချင်း ဖြစ် သူ၊ အာ ရွှေ ရု မင်း နိုင် ငံ လုံး ရှိ ယု ဒ လူ မျိုး အ ပေါင်း တို့ ပါ၊ ကွပ် မျက် အံ့ သော ငှာ ရှာ ကြံ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သူ​တို့​သည် မော်​ဒ​ကဲ​အ​မျိုး​ကို ဖော်​ပြ​သော​ကြောင့်၊ မော်​ဒ​ကဲ​တစ်​ယောက်​တည်း​ကို ကွပ်​မျက်​လျှင်၊ စိတ်​မ​ပြေ​လောက်​ဟု ဟာ​မန်​သည် အောက်​မေ့​လျက်၊ မော်​ဒ​ကဲ​အ​မျိုး​သား​ချင်း တည်း​ဟူ​သော အာ​ရွှေ​ရု​နိုင်​ငံ အ​ရပ်​ရပ်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ရှာ​ကြံ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 မော်ဒကဲ​၏​လူမျိုး​အကြောင်း​ကို ဟာမန်​အား ပြောပြ​ထား​ကြ​ပြီး​ဖြစ်​၏​။ ဟာမန်​သည် မော်ဒကဲ​တစ်ဦးတည်း​ကို​သာ​သုတ်သင်​ပစ်​လျှင် မတန်​ဟု မြင်​သဖြင့် အာရွှေရု​မင်းကြီး​၏​နိုင်ငံ​တစ်ဝန်းလုံး​ရှိ မော်ဒကဲ​၏​လူမျိုး​ဖြစ်​သည့် ဂျူး​လူမျိုး​အားလုံး​ကို​ပါ ဖျက်ဆီး​ပစ်​ရန် ကြံစည်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 3:6
6 ပူးပေါင်းရင်းမြစ်များ  

ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​ဇေ​ရဇ်​နန်း​တက်​စ​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​ရန်​သူ​များ​သည် သူ​တို့​အ​ပေါ်​၌​စွပ်​စွဲ​ချက်​တင်​သွင်း​ကြ​၏။


သို့​ရာ​တွင်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရောက်​လျှောက်​ထား​ရာ​မင်း​ကြီး​သည် ကြေ​ညာ​ချက်​ထုတ်​ပြန်​တော်​မူ​သ​ဖြင့် ဟာ​မန် သည်​ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ကြံ​စည် ခဲ့​သည့်​ဘေး​ဆိုး​ကို​မိ​မိ​ပင်​ကြုံ​တွေ့​ရ​လေ ၏။ သူ​နှင့်​သူ​၏​သား​တစ်​ကျိပ်​သည်​လည်​ဆွဲ တိုင်​၌​ကွပ်​မျက်​ခြင်း​ခံ​ရ​ကြ​၏။-


သူ​တို့​က``လာ​ကြ၊ဣသ​ရေ​လ​မျိုး​ရိုး​သည် ထာ​ဝ​စဉ်​တိမ်​ကော​၍​သွား​စေ​ရန်​သူ​တို့ လူ​မျိုး​ကို သုတ်​သင်​ချေ​မှုန်း​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။


သူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြံ​စည်​ကြ​ပြီး​နောက် ကိုယ်​တော်​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​၍ မ​ဟာ​မိတ်​အ​ဖွဲ့​ကို​ဖွဲ့​စည်း​လိုက်​ကြ​ပါ​၏။


သို့​ဖြစ်​၍​အ​ချင်း​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် သား​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကုန်း​မြေ နှင့်​ပင်​လယ်​တို့​အ​တွက်​အ​မင်္ဂလာ​ဖြစ်​ပါ​သည် တ​ကား။ အ​ဘယ်​ကြောင့်​ဆို​သော်​နတ်​မိစ္ဆာ​ဘု​ရင် သည် မိ​မိ​၏​နေ့​ရက်​ကာ​လ​အ​နည်း​ငယ်​သာ ကျန်​ရှိ​သည်​ကို​သိ​သ​ဖြင့်​ပြင်း​စွာ​အ​မျက် ထွက်​လျက် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​ပြီ ဖြစ်​သော​ကြောင့်​တည်း'' ဟု​ပြော​သည်​ကို ငါ​ကြား​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ