သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
ဒံယေလ 2:5 - Common Language Bible မင်းကြီးက``ငါသည်ငါမြင်မက်သည့်အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်အနက်ကို လည်းကောင်းသင်တို့ဖော်ပြကြစေရန်သန္နိ ဋ္ဌာန်ချမှတ်ထားပြီ။ အကယ်၍သင်တို့မ ဖော်ပြနိုင်ပါက သင်တို့ကိုအပိုင်းပိုင်း ဖြတ်ကာသင်တို့၏အိမ်များကိုပြာပုံ ဖြစ်စေမည်။- Garrad Bible ဘု ရင် မင်း က လည်း ငါ အ မိန့် ထုတ် ထား သည် မှာ ထို အိပ် မက် ကို အ နက် ပါ မ ဖော် မ ပြ လျှင် သင် တို့ ကို အ ပိုင်း ပိုင်း ဖြတ်၍ နေ အိမ် များ ကို လည်း ပြာ ပုံ ဖြစ် စေ မည်။ Judson Bible ရှင်ဘုရင်ကလည်း၊ ငါအမိန့်တော်ရှိပြီ။ ထိုအိပ်မက်နှင့် အနက်ကို သင်တို့မဖော်မပြလျှင်၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည်။ သင်တို့အိမ်များကိုလည်း နောက်ချေးပုံဖြစ်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်ကလည်း ခါလဒဲပညာရှိတို့အား “ငါ့အမိန့်တော်သည် အတည်ဖြစ်၏။ ငါ့အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ်ကို သင်တို့မဖော်ပြနိုင်လျှင် သင်တို့ကို အပိုင်းပိုင်းခုတ်ဖြတ်မည်။ သင်တို့အိမ်များကိုလည်း မစင်ပုံဖြစ်စေမည်။ |
သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
ထပ်မံ၍ငါမိန့်ဆိုသည်မှာ ဤအမိန့်ကိုမနာခံသောသူအား သူ၏အိမ်မှယက်မတစ်ချောင်းကိုယူ၍ထိပ်ကိုချွန်အောင်ပြုလျက်၊ သပ်လျှို၍သတ်စေ၊ သူ၏အိမ်သည်လည်းအမှိုက်ပုံကဲ့သို့ဖြစ်ပါစေ။-
``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
သူတို့သည်စီးဆင်းပျောက်ကွယ်သွားတတ်သည့် ရေကဲ့သို့ဖြစ်ကြပါစေသော။ လူသွားလမ်းပေါ်မှပေါင်းပင်များကဲ့သို့ ကြေမွသွားကြပါစေသော။
ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူလျက် ဗာဗုလုန်မြို့၌ရှိသမျှ သောပညာရှိတို့ကိုကွပ်မျက်ရန်အမိန့် ပေးတော်မူ၏။-
``ထိုကြောင့်ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူမျိုးအသီးသီးနှင့်နိုင်ငံ အသီးသီးကမည်သူမဆိုရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၏ဘုရားအားမရို မသေပြောဆိုသည်ဆိုအံ့၊ ထိုသူအားအပိုင်း ပိုင်းဖြတ်၍နေအိမ်ကိုလည်း ပြာပုံဖြစ်စေ ဟုယခုငါအမိန့်ပေး၏။ ထိုသူသုံးဦးတို့ ၏ဘုရားကဲ့သို့အဘယ်ဘုရားမျှမကယ် တင်နိုင်'' ဟုမိန့်တော်မူ၏။
ငါကသူ့အား``ဗေဒင်ဆရာတို့၏အကြီး အမှူးဖြစ်သောဗေလတရှာဇာ၊ သင့်အတွင်း ၌သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့၏ဝိညာဉ် ကိန်းအောင်းကြောင်းကိုလည်းကောင်း၊ လျှို့ဝှက် ခက်ခဲသည့်အရာခပ်သိမ်းကိုသင်နားလည် ကြောင်းကိုလည်းကောင်းငါသိ၏။ အိပ်မက် တွင်ငါတွေ့မြင်ရသည့်ရူပါရုံအကြောင်း ကိုနားထောင်၍အနက်ကိုငါ့အားပြော ကြားပါလော့။
ထိုမြို့သားတို့ပိုင်သောပစ္စည်းဥစ္စာရှိသမျှတို့ ကို မြို့စျေးကွက်တွင်စုပုံရမည်။ ထို့နောက်မြို့ နှင့်တကွပစ္စည်းရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားအားပူဇော်သကာ အဖြစ်မီးရှို့ရမည်။ ထိုမြို့ကိုအသစ်တစ်ဖန် မတည်မဆောက်ရ။ မြို့ပျက်အဖြစ်အစဉ် တည်ရှိစေရမည်။-
ထိုအခါယောရှုက``ယေရိခေါမြို့ကိုပြန် လည်တည်ဆောက်သောသူသည် ထာဝရ ဘုရား၏ကျိန်စာသင့်ပါစေသား။ မြို့၏အုတ်မြစ်ကိုတည်သောသူသည် သားဦးဆုံးရပါစေသား။ မြို့တံခါးကိုဆောက်သောသူသည်သားထွေး ဆုံးရပါစေသား'' ဟူ၍ကျိန်ဆိုလေ၏။
ထိုအခါရှမွေလက``သင်၏ဋ္ဌားဖြင့်မိခင် အများပင် မိမိတို့၏သားများကိုဆုံးရှုံးခဲ့ရ ကြ၏။ သို့ဖြစ်၍ယခုသင့်မိခင်သည်လည်းသူ ၏သားဆုံးရှုံးရပေတော့အံ့'' ဟုဆိုကာအာ ဂတ်အားဂိလဂါလမြို့ယဇ်ပလ္လင်ရှေ့တွင်အ ပိုင်းပိုင်းခုတ်ဖြတ်လိုက်လေသည်။