ဒံယေလ 2:12 - Common Language Bible12 ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူလျက် ဗာဗုလုန်မြို့၌ရှိသမျှ သောပညာရှိတို့ကိုကွပ်မျက်ရန်အမိန့် ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ဘု ရင် မင်း သည် ဒေါ သ အ မျက် ပြင်း စွာ ထွက်၍ ဗာ ဗု လုန် ပ ညာ ရှိ အ ပေါင်း တို့ ကို ကွပ် မျက် စေ ဟု အ မိန့် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက်တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟု အမိန့်တော်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ရှင်ဘုရင်သည် ထိုစကားကြောင့် အမျက်ဒေါသပြင်းစွာထွက်၍ ဘေဘီလုံပညာရှိအားလုံးကို ကွပ်မျက်ရန် အမိန့်ပေးလိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-
သို့ဖြစ်၍ဒံယေလသည် ဗာဗုလုန်မြို့က ပညာရှိတို့အား ကွပ်မျက်ရန်မင်းကြီးတာဝန် ပေးအပ်ထားသူအာရုတ်၏ထံသို့သွား၍``ထို သူတို့အားမကွပ်မျက်ပါနှင့်။ အကျွန်ုပ်အား ဘုရင်၏ထံတော်သို့ခေါ်ဆောင်သွားပါ။ အ ကျွန်ုပ်သည်မင်းကြီး၏အိပ်မက်ကိုအနက် ဖွင့်ပြပါမည်'' ဟုဆို၏။
သူသည်လွန်စွာကြီးမြတ်တော်မူသဖြင့် ဘာ သာစကားအမျိုးမျိုးပြောဆိုသူလူမျိုး အသီးသီးနှင့် နိုင်ငံအသီးသီးတို့ရှိလူ အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ ပါ၏။ သူသည်မိမိကွပ်မျက်လိုသူကိုကွပ် မျက်၍အသက်ရှင်စေလိုသူကိုရှင်စေ တော်မူခဲ့ပါ၏။ ချီးမြှောက်လိုသူကိုချီး မြှောက်၍နှိမ့်ချလိုသူကိုနှိမ့်ချတော်မူ ခဲ့ပါ၏။-