ထိုနောက်သံကဲ့သို့တောင့်တင်းခိုင်မာသော စတုတ္ထအင်ပါယာနိုင်ငံပေါ်ထွန်းလာပါ လိမ့်မည်။ သံသည်အရာခပ်သိမ်းကိုကျိုးပဲ့ ကြေမွစေတတ်သကဲ့သို့ ထိုနိုင်ငံသည် အခြားနိုင်ငံတို့ကိုချေမှုန်းပါလိမ့်မည်။-
ဒံယေလ 2:41 - Common Language Bible ရုပ်တုကြီး၏ခြေဖမိုးနှင့်ခြေချောင်းများ သည်ရွှံ့စေးသရွတ်တစ်ပိုင်း၊ သံတစ်ပိုင်းဖြစ် ကြောင်းကိုအရှင်မင်းကြီးတွေ့မြင်တော်မူ ရသည်နှင့်အညီ အင်ပါယာနိုင်ငံသည်စိတ် ဝမ်းကွဲပြားသောနိုင်ငံဖြစ်ပါလိမ့်မည်။ သံ နှင့်ရွှံ့စေးသရွတ်ရော၍နေသည်ကိုထောက် ၍ ထိုနိုင်ငံတွင်သံကဲ့သို့ခိုင်မာတောင့်တင်း မှုအချို့အဝက်ရှိပါလိမ့်မည်။- Garrad Bible ခြေ နှင့် ခြေ ချောင်း များ လည်း အိုး မြေ တစ် ပိုင်း သံ တစ် ပိုင်း ရှိ သည် ကို ဘု ရင် မင်း မြတ် မြင် တော် မူ သည် နှင့် အ ညီ ကွဲ ပြား သော နိုင် ငံ ဖြစ် မည့် မှန် သော် လည်း မြေ နှင့် တ ကွ သံ ပါ သည် ကို မြင် တော် မူ သည် ဖြစ်၍ သံ ၏ ခိုင် မာ ခြင်း နှင့် ဆက် ဆံ လိမ့် မည်။ Judson Bible ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ်တစ်ပိုင်း သံတစ်ပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍၊ သံသည် ခိုင်မာခြင်းသတ္တိ ရှိလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ရုပ်တု၏ခြေနှင့် ခြေချောင်းတို့မှာ အိုးဖုတ်ရွှံ့စေးတစ်ပိုင်းနှင့် သံတစ်ပိုင်းဖြစ်သည်ကို အရှင်မင်းကြီးမြင်ခဲ့၏။ ဤနိုင်ငံသည် အချင်းချင်းကွဲပြားသောနိုင်ငံ ဖြစ်လိမ့်မည်။ အရှင်မင်းကြီးမြင်ရသည့်အတိုင်း ရွှံ့စေးနှင့် သံရောထားသည်ဖြစ်၍ ဤနိုင်ငံသည် သံကဲ့သို့ မာကျောလိမ့်မည်။ |
ထိုနောက်သံကဲ့သို့တောင့်တင်းခိုင်မာသော စတုတ္ထအင်ပါယာနိုင်ငံပေါ်ထွန်းလာပါ လိမ့်မည်။ သံသည်အရာခပ်သိမ်းကိုကျိုးပဲ့ ကြေမွစေတတ်သကဲ့သို့ ထိုနိုင်ငံသည် အခြားနိုင်ငံတို့ကိုချေမှုန်းပါလိမ့်မည်။-
ခြေချောင်းများသည်သံတစ်ပိုင်းရွှံ့စေး သရွတ်တစ်ပိုင်းဖြစ်သည်နှင့်အညီ ထိုနိုင်ငံ သည်ခွန်အားကြီးသော်လည်းအလွယ်တကူ ချေမှုန်းခြင်းကိုခံရပါလိမ့်မည်။-
ဦးချိုဆယ်ချောင်းမှာထိုနိုင်ငံတွင်ပေါ်ပေါက်လာမည့်ဘုရင်ဆယ်ပါးဖြစ်၏။ ထိုနောက်အခြားဘုရင်တစ်ပါးပေါ်လာလိမ့်မည်။ သူသည်ယခင်ဘုရင်များနှင့်ကွာခြားသူဖြစ်လိမ့်မည်။ ဘုရင်သုံးပါးကိုလည်းနှိမ်နင်းလိမ့်မည်။-
ငါသည်ကြည့်ရှုနေစဉ်စတုတ္ထသားရဲကိုမြင်ရ၏။ ထိုသားရဲသည်ခွန်အားကြီး၍ထိတ်လန့်ကြောက်မက်ဖွယ်ကောင်း၏။ သူ၏သွားကြီးများဖြင့်ရန်သူတို့ကိုကိုက်ဝါးကာခြေဖြင့်နင်းချေ၏။ ဤသားရဲသည်အခြားသားရဲများနှင့်မတူချေ။ သူ့မှာဦးချိုဆယ်ချောင်းရှိ၏။-
မိုးကောင်းကင်တွင်အခြားအတိတ်နိမိတ် တစ်ရပ်ပေါ်လာပြန်၏။ ဦးခေါင်းခုနစ်လုံး၊ ဦး ချိုဆယ်ချောင်းရှိသောနဂါးနီကြီးတစ်ကောင် သည်မိမိ၏ဦးခေါင်းများပေါ်တွင်သရဖူ ခုနစ်လုံးကိုဆောင်း၍ထား၏။-
ထိုနောက်ပင်လယ်ထဲမှဦးချိုဆယ်ချောင်း နှင့်ဦးခေါင်းခုနစ်လုံးရှိသော သားရဲတစ် ကောင်တက်လာသည်ကိုငါမြင်ရ၏။ သူ၏ ဦးချိုတစ်ချောင်းစီတွင်သရဖူဆောင်းထား ၏။ သူ၏ဦးခေါင်းတစ်လုံးစီပေါ်၌လည်း ဘုရားသခင်၏အသရေတော်ကိုရှုတ်ချ သည့်အမည်နာမကိုရေးသားထား၏။-
``သင်မြင်ရသည့်ဦးချိုဆယ်ချောင်းတို့သည် မင်း အာဏာစက်ကိုမရသေးသောရှင်ဘုရင်ဆယ် ပါးဖြစ်၏။ သူတို့သည်သားရဲနှင့်အတူတစ် နာရီစီအုပ်စိုးခွင့်ရမည့်သူများဖြစ်သည်။-