ဒံယေလ 2:40 - Common Language Bible40 ထိုနောက်သံကဲ့သို့တောင့်တင်းခိုင်မာသော စတုတ္ထအင်ပါယာနိုင်ငံပေါ်ထွန်းလာပါ လိမ့်မည်။ သံသည်အရာခပ်သိမ်းကိုကျိုးပဲ့ ကြေမွစေတတ်သကဲ့သို့ ထိုနိုင်ငံသည် အခြားနိုင်ငံတို့ကိုချေမှုန်းပါလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible40 သံ သည် အ ရာ ခပ် သိမ်း ကို ချိုး ဖဲ့ ခွဲ စိတ် နိုင် သည် ဖြစ်၍ စ တု တ္ထ နိုင် ငံ သည် သံ ကဲ့ သို့ ခိုင် မာ လိမ့် မည်။ အ ရာ ခပ် သိမ်း ကို ချေ မွ သော သံ ကဲ့ သို့ ထို နိုင် ငံ က လည်း ချိုး ဖဲ့ ချေ မွ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible40 စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း40 ထို့နောက် သံကဲ့သို့ခိုင်မာသော စတုတ္ထနိုင်ငံ ပေါ်ထွန်းလိမ့်မည်။ သံသည် အခြားအရာတို့ကို ခြေမွှနိုင်သကဲ့သို့ ဤနိုင်ငံသည်လည်း အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှပစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရုပ်တုကြီး၏ခြေဖမိုးနှင့်ခြေချောင်းများ သည်ရွှံ့စေးသရွတ်တစ်ပိုင်း၊ သံတစ်ပိုင်းဖြစ် ကြောင်းကိုအရှင်မင်းကြီးတွေ့မြင်တော်မူ ရသည်နှင့်အညီ အင်ပါယာနိုင်ငံသည်စိတ် ဝမ်းကွဲပြားသောနိုင်ငံဖြစ်ပါလိမ့်မည်။ သံ နှင့်ရွှံ့စေးသရွတ်ရော၍နေသည်ကိုထောက် ၍ ထိုနိုင်ငံတွင်သံကဲ့သို့ခိုင်မာတောင့်တင်း မှုအချို့အဝက်ရှိပါလိမ့်မည်။-
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-