ဗျာဒိတ် 17:12 - Common Language Bible12 ``သင်မြင်ရသည့်ဦးချိုဆယ်ချောင်းတို့သည် မင်း အာဏာစက်ကိုမရသေးသောရှင်ဘုရင်ဆယ် ပါးဖြစ်၏။ သူတို့သည်သားရဲနှင့်အတူတစ် နာရီစီအုပ်စိုးခွင့်ရမည့်သူများဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible12 သင် မြင် သော ဦး ချို ဆယ် ချောင်း ကား နိုင် ငံ မ ရ သေး သော် လည်း၊ သား ရဲ နှင့် အ တူ မင်း အာ ဏာ ကို တစ် နာ ရီ မျှ ရ မည့် ဘု ရင် မင်း ဆယ် ပါး တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible12 ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင်ဘုရင်၏ အာဏာစက်ကို သားရဲနှင့်အတူ တစ်ချက်တည်း ရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သင်မြင်ရသောဦးချိုဆယ်ချောင်းကား တိုင်းနိုင်ငံကိုမရသေးသော ဘုရင်ဆယ်ပါးဖြစ်ကြ၏။ သို့သော် သူတို့သည် သားရဲနှင့်အတူ မင်းအာဏာစက်ကို တိုတောင်းသောအချိန်တစ်ခုအတွင်း ရရှိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 သင်မြင်ရသည့် သားရဲ၏ ဦးချိုဆယ်ချောင်းသည် မင်းအာဏာစက်ကို မရသေးသောဘုရင်ဆယ်ပါးကို ကိုယ်စားပြု၏။ ထိုဘုရင်တို့သည် သားရဲနှင့်အတူ ခဏမျှသာ နန်းစံခွင့် ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချိုဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက်မှပေါ်ပေါက်လာကာအခြားဦးချိုသုံးချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြားဦးချိုများထက်ကြောက်မက်ဖွယ်ကောင်းသောဦးချိုငယ်အကြောင်းကိုလည်းကောင်းသိလို၏။
မိမိ၌ရှိသမျှကိုတစ်နာရီအတွင်း၌ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေး မြည်တမ်းကြလိမ့်မည်။ ခပ်သိမ်းသောရေယာဉ်မှူးများနှင့်ခရီးသည် အပေါင်းတို့သည်လည်းကောင်း၊ သင်္ဘောသားများ နှင့်ရေကြောင်းကုန်သွယ်မှုကိုပြုကြသူအပေါင်း တို့သည်လည်းကောင်းအဝေးကရပ်လျက်နေ ကြ၏။-