``အရှင်မင်းကြီး၊ ကိုယ်တော်သည်အိပ်မက် တွင်အလွန်ကြီးမားတောက်ပပြောင်လက် ၍ကြောက်မက်ဖွယ်ကောင်းသောလူရုပ်တု ကြီးကိုမြင်တော်မူပါ၏။-
ဘု ရင် မင်း မြတ် မြင် မက် ရာ တွင် အ ရုပ် ကြီး ကို မြင် တော် မူ သည် မှာ အ ရောင် ဆန်း ကြယ် လျက် ကြောက် မက် ဖွယ် အ ဆင်း ရှိ သော ထို အ ရုပ် ကြီး သည် ရှေ့ တော် တွင် တည် ရှိ၏။
အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါနှင့် ပြည်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက်ဖွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။
အို အရှင်မင်းကြီး၊ မင်းကြီးသည် ရုပ်တုကြီးတစ်ခုကို မြင်မက်ပါ၏။ အလွန်ကြီးမားတောက်ပပြောင်လက်သော ထိုရုပ်တုသည် မင်းကြီးရှေ့တွင်ရပ်လျက် တည်ရှိပါ၏။ ထိုရုပ်တု၏ပုံသဏ္ဌာန်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပါ၏။
ထာဝရဘုရားက``ငါသည်ဘေးအန္တရာယ် ဆိုးကိုကမ္ဘာမြေပေါ်သို့သက်ရောက်စေ၍ သူ ယုတ်မာတို့အားမိမိတို့၏အပြစ်များ အတွက်အပြစ်ဒဏ်ခတ်မည်။ ငါသည်မာန် မာနကြီးသူမှန်သမျှကိုရှုတ်ချ၍ စိတ် ကြီးဝင်ကာရက်စက်ကြမ်းကြုတ်သူ အပေါင်းအားအပြစ်ဒဏ်ခတ်မည်။-
ငါသည်သနားညှာတာမှုကင်းခဲ့သည့် တိုင်းတစ်ပါးသားတို့အား သင့်ကိုတိုက်ခိုက် ရန်ခေါ်ဆောင်ခဲ့မည်။ အသိပညာနှင့်အလှ အပအားဖြင့် သင်စုဆောင်းထားသမျှသော ပစ္စည်းဥစ္စာတို့ကိုသူတို့သည်ဖျက်ဆီးပစ် ကြလိမ့်မည်။-
``ဤကားအရှင်မင်းကြီး၏အိပ်မက်ဖြစ် ပါ၏။ ယခုဤအိပ်မက်၏အနက်ကို အကျွန်ုပ်လျှောက်ထားပါမည်။-
အရှင်မင်းကြီး၊ အရှင်သည်ဘုရင်တကာ တို့တွင် အကြီးမြတ်ဆုံးဖြစ်တော်မူပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အရှင့် အား ထီးနန်းကိုအပ်နှင်းတော်မူ၍တန်ခိုး စွမ်းရည်၊ ဘုန်းအသရေတို့ဖြင့်ပြည့်စုံ စေတော်မူပါပြီ။-
နေဗုခဒ်နေဇာမင်းသည်အမြင့်ပေကိုး ဆယ်၊ အနံကိုးပေရှိသောရွှေရုပ်ကြီးကို သွန်းလုပ်စေပြီးလျှင်ဗာဗုလုန်ဒုရလွင် ပြင်တွင်တည်ထားစေတော်မူ၏။-
``ငါသည်လူ့စိတ်ကိုပြန်၍ရရှိလာသော အခါ ငါ့နိုင်ငံ၏ဘုန်းအသရေကိုလည်း ကောင်း၊ ငါ့ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ကိုလည်းကောင်း ပြန်၍ရရှိလာ လေသည်။ ငါ၏အတိုင်ပင်ခံအရာရှိများ နှင့်မှူးမတ်တို့သည်လည်း ငါ့အားပြန်၍ လက်ခံကြပါ၏။ ယခင်အခါကထက် ပင်ကြီးမြတ်သည့်ဂုဏ်အသရေနှင့်တကွ ငါ့အားရာဇအာဏာကိုပြန်လည်ပေး အပ်ကြပေသည်။
လူတို့အားကြောက်လန့်တုန်လှုပ်စေလျက် မာန်မာနထောင်လွှားကာတရားလက်လွတ်ပြုကျင့်ကြလိမ့်မည်။
ထိုမှတစ်ဖန်မာရ်နတ်သည်ကိုယ်တော်အားမြင့် သောတောင်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် လောက နိုင်ငံရှိသမျှနှင့်ထိုနိုင်ငံတို့၏ဘုန်းစည်းစိမ် ကိုညွှန်ပြ၏။-
ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုတောင်ထိပ် ပေါ်သို့ခေါ်ဆောင်သွားပြီးနောက်လောကနိုင်ငံ ရှိသမျှကိုတစ်ခဏချင်းတွင်ညွှန်ပြလျက်၊-