Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 4:36 - Common Language Bible

36 ``ငါ​သည်​လူ့​စိတ်​ကို​ပြန်​၍​ရ​ရှိ​လာ​သော အ​ခါ ငါ့​နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း၊ ငါ့​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ကို​လည်း​ကောင်း ပြန်​၍​ရ​ရှိ​လာ လေ​သည်။ ငါ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​မှူး​မတ်​တို့​သည်​လည်း ငါ့​အား​ပြန်​၍ လက်​ခံ​ကြ​ပါ​၏။ ယ​ခင်​အ​ခါ​က​ထက် ပင်​ကြီး​မြတ်​သည့်​ဂုဏ်​အ​သ​ရေ​နှင့်​တ​ကွ ငါ့​အား​ရာ​ဇ​အာ​ဏာ​ကို​ပြန်​လည်​ပေး အပ်​ကြ​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ထို အ ခါ၌ ပင် လူ့ စိတ် ပြန် ရ သည့် ပြင် နိုင် ငံ ကြက် သ ရေ ထင် ရှား စေ ခြင်း ငှာ ဘုန်း အာ နု ဘော် တည် ပြန်၍ မင်း တိုင် ပင် မှူး တော် မတ် တော် တို့ သည်၊ ညီ လာ ခံ ဝင် ကြ လျှင် ငါ၏ အာ ဏာ တည် မြဲ တည် လျက် ထူး ခြား သော တန် ခိုး လည်း တိုး တက် ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ထို​အ​ခါ ငါ့​စိတ်​ပ​က​တိ​ဖြစ်​ပြန်၍၊ ငါ့​နိုင်​ငံ၏​အ​သ​ရေ​ဖို့ ယ​မန်​ကဲ့​သို့ တင့်​တယ်​ခြင်း အ​ရောင်​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ တိုင်​ပင်​သော မှူး​တော်​မတ်​တော်​တို့​သည် ညီ​လာ​ခံ​ဝင်​ကြ​လျှင်၊ ငါ၏​အာ​ဏာ​တည်​မြဲ​တည်၏။ ငါ့​ဘုန်း​အာ​နု​ဘော်​လည်း ယ​ခင်​ထက် တိုး​ပွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ငါ လူစိတ်​ပြန်ဝင်​သော​အချိန်​တွင် ငါ့​နိုင်ငံ​တော်​ကြီး ကျက်သရေ​ရှိ​စေရန် ခန့်ညားထည်ဝါ​သော​ငါ့​အရိုက်အရာ​ကို​လည်း ငါ​ပြန်လည်​ရရှိ​၏​။ မင်း​အတိုင်ပင်ခံ​များ​၊ မှူးမတ်​များ​လည်း ငါ့​အား​ရှာဖွေ​၍ ထီးနန်း​ကို​ပြန်လည်​အပ်နှင်း​ပေး​ကြ​၏​။ ငါ့​ဘုန်းတန်ခိုး​သည်​လည်း တိုးသည်ထက်တိုး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 4:36
11 ပူးပေါင်းရင်းမြစ်များ  

သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။


စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။


``အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အိပ်​မက် တွင်​အ​လွန်​ကြီး​မား​တောက်​ပ​ပြောင်​လက် ၍​ကြောက်​မက်​ဖွယ်​ကောင်း​သော​လူ​ရုပ်​တု ကြီး​ကို​မြင်​တော်​မူ​ပါ​၏။-


``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​ကား​ထို​သစ်​ပင်​ကြီး ပင်​ဖြစ်​ပါ​၏။ အ​ရှင်​သည်​မိုး​ကောင်း​ကင်​တိုင် အောင်​မြင့်​မား​ကြီး​မြတ်​တော်​မူ​လျက်​တန် ခိုး​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို​လွှမ်း​မိုး ပါ​၏။-


သင်​သည်​လူ​အ​သိုင်း​အ​ဝိုင်း​မှ​အ​နှင်​ခံ​ရ ၍​တော​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​နေ​ရ​လတ္တံ့။ ခု​နစ်​နှစ်​တိုင်​တိုင်​နွား​ကဲ့​သို့​မြက်​ကို​စား ရ​လတ္တံ့။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​လော ကီ​နိုင်​ငံ​များ​ကို​အ​စိုး​ရ​တော်​မူ​၍ ယင်း တို့​ကို​မိ​မိ​အ​လို​ရှိ​သူ​အား​ပေး​ပိုင် ကြောင်း​ကို​သင်​ဝန်​ခံ​လိမ့်​မည်'' ဟု​ကောင်း ကင်​မှ​အ​သံ​ထွက်​ပေါ်​လာ​လေ​သည်။


မင်း​ကြီး​က``ငါ​သည်​ခု​နစ်​နှစ်​ကာ​လ​ကုန် ဆုံး​သွား​သော​အ​ခါ မိုး​ကောင်း​ကင်​သို့​မြော် ကြည့်​လိုက်​ရာ​လူ့​စိတ်​ပြန်​ရ​သ​ဖြင့် အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​အား​ထော​မ​နာ ပြု​၍ ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​၏​ဂုဏ်​တော်၊ ဘုန်း အ​သ​ရေ​တော်​ကို​ချီး​မွမ်း​ပါ​၏။ ``ကိုယ်​တော်​သည်​လော​က​ကို​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။


ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-


ငါ​တို့​ခ​ဏ​ခံ​ရ​သော​ပေါ့​ပါး​သည့်​ဆင်း​ရဲ ဒုက္ခ​သည်​အ​တိုင်း​ထက်​အ​လွန်​ကြီး​မြတ်​သည့် ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို​ငါ​တို့​အား ခံ​စား​စေ​လိမ့်​မည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ