ဒေသနာကျမ်း။ 6:7 - Common Language Bible လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သော စိတ်မပြေ နိုင်။ Garrad Bible လူ လုပ် ကိုင် သ မျှ သည်၊ ခံ တွင်း အ ဖို့ ဖြစ် သော် လည်း၊ ချင် ရဲ မ ပြေ။ Judson Bible လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဖို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သောစိတ် မပြေနိုင်။ မြန်မာ့စံမီသမ္မာကျမ်း လူ၏ကြိုးပမ်းအားထုတ်မှုအားလုံးသည် မိမိပါးစပ်အတွက်ဖြစ်၏။ သို့သော် သူ၏အာသာသည် မည်သည့်အခါမျှမပြေနိုင်။ |
ခပ်သိမ်းသော အရာတို့သည် လူမပြောနိုင် အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ၏။ မျက်စိသည် မြင်၍ မကုန်တတ်။ နားသည်လည်း ကြား၍မဝတတ်။
ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
မြေကြီးကဖြစ်သော စီးပွါးသည်အလုံးစုံတို့အဘို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ ကျေးဇူးကိုခံရ၏။
လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ၍ မြတ်၏။
ပညာရှိသော သူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူများရှေ့ မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏ အကျိုးကျေးဇူး ကား အဘယ်သို့နည်း။
``ထိုကြောင့်သင်တို့အားငါဆိုသည်ကားသင်တို့ သည်အဘယ်အရာကိုစားသောက်ရပါမည်နည်း ဟု အသက်ရှင်ရေးအတွက်မစိုးရိမ်ကြနှင့်။ အဘယ် အရာကိုဝတ်ရပါမည်နည်းဟုကိုယ်ခန္ဓာအတွက် မစိုးရိမ်ကြနှင့်။ အသက်သည်အစားအသောက် ထက်လည်းကောင်း၊ ကိုယ်ခန္ဓာသည်အဝတ်ထက်လည်း ကောင်းပို၍အရေးကြီးသည်မဟုတ်လော။-
ထိုနောက်`သင်သည်နှစ်ပေါင်းများစွာသုံးဆောင် ရန်ဥစ္စာပစ္စည်းများကိုသိုမှီးထားပြီးဖြစ်၍ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပျော်ပါး စွာနေလော့' ဟုငါ့ကိုယ်ကိုငါပြောမည်ဟု ဆို၏။-
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။